လွန်ခဲ့တဲ့ (၂၃) နှစ်ကျော်က ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တစ်ဦးရဲ့ အားပေးမှုကို အသိအမှတ်ပြုခဲ့ရတဲ့ ထက်ထက်မိုးဦး
လွန်ခဲ့တဲ့ (၂၃) နှစ်ကျော်က ဓာတ်ပုံတစ်ပုံကြောင့် ပရိသတ်တစ်ဦးရဲ့ အားပေးမှုကို အသိအမှတ်ပြုခဲ့ရတဲ့ ထက်ထက်မိုးဦး
Photos-ထက်ထက်မိုးဦး
[UNICODE FONT]
ထကျထကျမိုးဦး။ ကြော်ငြာဘုရင်မလို့ တချိန်က တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ မင်းသမီးလေး ထက်ထက်မိုးဦးဟာ မြန်မာပြည်သူ/သားတွေရဲ့ အသည်းနှလုံးတွေကို လှုပ်ကိုင်ခါရမ်းနိုင်ခဲ့သူလေးပါ။ သူမသရုပ်ဆောင်ထားတဲ့ ကြေငြာတွေဆိုတာ တီဗီရှေ့မှာစောင့်ပြီးကြည့်ခဲ့ရတဲ့ လူငယ်တွေအတွက်တော့ ထက်ထက်မိုးဦးဟာ အိုင်ဒေါတစ်ဦးဖြစ်နေပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း မရိုးနိုင်တဲ့ အိုက်တင်အမျိုးမျိုးတွေနဲ့ ထက်ထက်မိုးဦး ဆိုပြီး အနုပညာလောကမှာ နံပါတ် တစ် ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီးဖြစ်တဲ့ ထက်ထက်မိုးဦးဟာ တစ်ကိုယ်တည်း ဘဝကိုရပ်တည်လျှောက်လှမ်းနေတာဖြစ်ပါတယ်။ ရှိုးပွဲတွေနဲ့အတူ ကြေငြာအချို့ကိုရိုက်ကူးနေတာလည်း တွေ့ရပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သူမ ချစ်တဲ့ပရိသတ်တွေ မကြိုက်တဲ့ အလုပ်တွေကို မလုပ်တော့ဘူးလို့ ထက်ထက်မိုးဦးကတော့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပြလာပါသေးတယ်။ ထက်ထက်တစ်ယောက်ကတော့ အချို့သောအရာတွေမှာ ကံခေခဲ့ပေမယ့် သူမဆီမှာ ကံအကောင်းဆုံးအရာတစ်ခုကတော့ သူမကို သည်းသည်းလှုပ်ချစ်ပြီးအားပေးတဲ့ အမာခံပရိသတ်တွေရှိနေတာပါပဲ။
ထက်ထက်ကတော့ ၂၃ နှစ်ကြာအောင် ဓာတ်ပုံလေးတစ်ပုံကိုသိမ်းဆည်းထားနိုင်တဲ့ သူမရဲ့အမာခံပရိသတ်တစ်ဦးရဲ့ အားပေးမှုကို အသိအမှတ်ပြုခဲ့ရပါတယ်။ ထိုပုံလေးဟာ ၂၃ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ချိန်ထိတိုင် မပျက်မစီးဘဲ အကောင်းပကတိအနေအထားနဲ့ ရှိနေဆဲပါပဲ။
ထက်ထက်မိုးဦးက “{ ချစ်စရာကောင်လေးအရွယ်ကငယ်ငယ် }”တို့” ကိုယ် “တို့” တန်ဖိုးထားတာထက် “တို့” ကို “တို့” ထက် ပိုပြီးတန်ဖိုးထားတယ် “တို့” နဲ့ “တို့” အနုပညာပေါ် ကိုးကွယ်ခဲ့သတဲ့ သစ္စာတရား ကြီးမားလွန်းသူ အမာခံ ပရိတ်သတ် စစ်စစ်ကြီး တကယ့်ကို ရှာမှရှား ကိုးထဲကတစ် ကောင်လေး “ဇေယျာလင်း” လာမယ့် နိုဝင်ဘာ နှစ်ထောင့်ဆယ့်ကိုးဆို ဓာတ်ပုံသက်တမ်း နှစ်ဆယ့်သုံး ပြည့်ပြီတဲ့ ! ဪ သစ္စာရှိလှချည်လား ကောင်လေးရယ် မင်းရဲ့ တန်ဖိုးထားခြင်းတွေက “တို့” ကို တုန်လှုပ်ခြောက်ခြားစေတယ် ဘာပဲဖြစ်ဖြစ်ပါ မင်းကိုတော့ အသိမှတ်မပြုပဲ မနေနိုင်အောင်ပါပဲကွယ် “တို့” နဲ့ ပတ်သတ်သမျှ အရာအားလုံးတွက် ကျေးဇူးပါ ကောင်လေးရေ” လို့ ဂုဏ်ယူစွာနဲ့ ရေးသားထားတာဖြစ်ပါတယ်။
ထက်ထက်ရေ ခုလိုမျိုးအမာခံပရိသတ်တွေရထားတာ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်နော်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Photos-ထက်ထက်မိုးဦး
Comments are closed.