ဝတ်စုံက အရမ်းဖော်လွန်းတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Han Choim

ဝတ်စုံက အရမ်းဖော်လွန်းတယ်ဆိုပြီး ဝေဖန်ခံနေရတဲ့ Han Choim

(၂၈)ကြိမ်မြောက်ကျင်းပပြုလုပ်တဲ့  ‘ Seoul Music Awards.’ ဆုပေးပွဲကိုတော့ Gocheok Sky Dome မှာ ဇန် န၀ါရီလ (၁၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့ Camila ရဲ့ အဖွဲ့ဝင်နဲ့ CEO ဖြစ်တဲ့ Han Choim ကတော့ MC  အဖြစ် မင်းသားKwon Hyuk Soo နဲ့ အတူတွဲပြီး ပါဝင်တင်ဆက်ပေးခဲ့ပါတယ်။ကျော့ရှင်းလှပတဲ့ ၀တ် စုံကို ရွေးချယ်ပြီး ၀တ်ဆင်ခဲ့ပေမယ့်လည်း သူမရဲ့ ၀တ်စုံနဲ့ပတ်သက်ပြီး ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအတိုင်း ဂါဝန်အရှည်ဆိုရင်တော့ အဆင်ပြေမယ့် အဖြူရောင်မှာမှ အရမ်းပါးနေတဲ့ ၀တ်စုံကြောင့် ၀တ်ဆင်ခဲ့တာပါ။

ပခုံးမှာတော့ သားမွေးလည်စည်းကို ဆင်ထားပါတယ်။သူမရဲ့ အဖြူရောင်ဂါဝန်မှာတော့ ပန်းပုံစံတွေ ထိုးထားပြီး အလှ ဆင်ထားပါတယ်။ဒါပေမယ့် ဇာက အရမ်းကို ပါးလွှာနေတာကြောင့် အတွင်းပိုင်းကို အားလုံး ထွင်းဖောက် မြင် နေရပါတယ်။ပုံမှန်အတိုင်းဆိုရင်တော့ ဒီဝတ်စုံမျိုးက ပြဿနာမရှိပေမယ့်   ‘ Seoul Music Awards.’ လို ပွဲမျိုးမှာ MC တစ်ယောက်အနေနဲ့ ကတော့ လုံးဝမ၀တ်သင့်တဲ့ ၀တ်စုံမျိုးဆိုပြီး ဝေဖန် ထောက်ပြခဲ့တာပါ။

ပွဲနဲ့ လုံးဝ မသင့်တော် ဘူး၊အရမ်းတွေ ဖော်လွန်းနေတယ်ဆိုပြီး ပရိသတ်တွေက သူမရဲ့ ၀တ်စုံနဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုခဲ့ပါတယ်။Han Choim ကသူမရဲ့ ၀တ်စုံအပေါ် အားလုံးက အခုလို အာရုံစိုက် ပြောကြတဲ့ အပေါ် အရမ်းပျော်နေပါတယ်။ အင်တာဗျူး တစ်ခုမှာတော့ “၀တ်စုံကို သူမကိုယ်တိုင်ပဲ ပြန်လည်ပြင်ဆင်ထားတာဖြစ်ကြောင်းနဲ့ ဒီလို ၀တ်လိုက်မိတဲ့ အတွက် လုံးဝ နောင်တမရပါဘူး လို့ ပြောခဲ့ပါတယ်။

“ဒီဝတ်စုံက ကျမကိုယ်တိုင် သေချာပြင်ဆင်ထားတာပါ။ဝတ်စုံကို ကျမက ပြန်ပြင်ဆင်ထားတာပါ။သိုးမွေးလည်စည်း က သပ်သပ် ၀ယ်ထားတာပါ။ပြီးမှ ၀တ်စုံနဲ့ တွဲဖက်ဝတ်ဆင်လိုက်တာပါ။အဲ့ဒီနေ့က လှတဲ့ ၀တ်စုံတွေမှ အများကြီးပဲဆိုတော့ ကျမ ၀တ်စုံကအဲ့ဒီလောက် Attention အများကြီးရမယ်ဆိုတာ မသိလိုက်ဘူး။အခုလို Attention ရတော့ ပျော်ပါ တယ်။ဒါက လူပြောစရာတစ်ခု ဖြစ်လာတယ်။ကျမတို့က Promote လုပ်ပေးတဲ့ အေဂျင်စီမရှိတဲ့ team တစ်ခု ဆိုေ တာ့ ကျေနပ်ပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။”Camila အဖွဲ့Idol တွေကသူတို့ကိုယ်တိုင် ကြိုးစားပြီးရှင်သန် နေ ကြ ရတဲ့ သူတွေပါ။

가수 한초임이 15일 서울 구로구 고척스카이돔에서 열린 ‘제28회 하이원 서울가요대상’ 레드카펫 행사에 참석해 진행을 보고 있다. 2019.1.15/뉴스1

ကျမတို့မှာ မန်နေဂျာတွေ၊Stylist တွေတောင်မရှိဘူး။ဝတ်စုံဆိုလည်း ကျမပဲ ပြင်ဆင်ရတာ။ Body ကောက်ကြောင်းကို ဖော်ပြတဲ့ ၀တ်စုံမျိုးကို ၀တ်ရတာ ကြိုက်တယ်။ဒါပေမယ့် ကျမကိုယ်တိုင်ပြင်ဆင်ရတော့ ၀တ်စုံက မပြည့်စုံသလို ခံစားရတယ်။ဝေဖန်တဲ့ အပေါ်တော့ အရမ်းကြီး စိတ်မပူပါဘူး..” လို့ ပြောခဲ့ပါတယ်။Han Choim  ကတော့ Love Catcher ဆိုတဲ့ variety show  မှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့တာပါ။အဲ့ဒီနောက်မှာတော့ Camila ဆိုတဲ့ အဖွဲ့ကို ထောင်ခဲ့တာပါ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Source Koreaboo

Comments are closed.