ပုံမှန်မွေးနေ့မှာရနေကျလက်ဆောင်မျိုးနဲ့ မတူဘဲ တမူထူးခြားလှတဲ့ မွေးနေ့လက်ဆောင်ကို အမာခံပရိ သတ်တွေဆီကနေ လက်ခံရရှိခဲ့တဲ့ အောင်မင်းခန့်
ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၅)ရက်နေ့လေးကတော့ ပရိသတ်တွေရဲကအချစ်တော် သရုပ်ဆောင်မင်းသားချော အောင်မင်းခန့်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော အောင်မင်းခန့်ကတော့ ဒီနေ့မှာ အသက် (၃၁)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
အောင်မင်းခန့်ကရဲ့ ပရိသတ်တွေကတော့ ဒီနေ့မှာကျရောက်တဲ့ အောင်မင်းခန့်ရဲ့ မွေးနေ့အတွက်ကို အသုံးဆောင်ပစ္စည်းတွေ လက် ဆောင်ပေးတာမျိုးမဟုတ်ဘဲ ကုသိုလ်တွေအများကြီးရရှိတဲ့ မွေးနေ့အလှူလေးကိုပြုလုပ်ပြီး လက်ဆောင်အနေနဲ့ ပေးခဲ့ကြပါတယ်။ အောင်မင်းခန့်ရဲ့ အမာခံပရိသတ်တွေက Better Future လူမှုကူညီကယ်ဆယ်ရေး ပရဟိတအသင်းမှာ လိုအပ်တဲ့ လူမှုကူညီရေး တွေလုပ်ဆောင်ရာမှာအသုံးပြုနိုင်ဖို့အတွက် အောင်မင်းခန့်ရဲ့ မွေးနေ့အလှူအနေနဲ့ လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။
အောင်မင်းခန့်တော့ သူ့ပရိသတ်တွေပေးတဲ့ မွန်မြတ်လှတဲ့ မွေးနေ့လက်ဆောင် အလှူလေးကြောင့် ပီတိဖြစ်နေခဲ့ပြီး သူ့ရဲ့My Story လေးကနေ ပရိသတ်တွေရဲ့အလှူလေးကို မျှဝေထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ အောင်မင်းခန့်ရဲ့မွေးနေ့အတွက် သူ့ရဲ့ ပရိသတ်တွေပေးတဲ့မွေးနေ့လက်ဆောင်လေးကတော့ တကယ်ကို အကျိုးရှိပြီး ကုသိုလ်တွေရတဲ့ မွေးနေ့လက်ဆောင်လေးပါပဲနော်။
Source – Aung Min Khant
Advertisement
[zawgyi]
Advertisement
Source – Aung Min Khant
Be the first to comment
Leave a Reply
Your email address will not be published.
*