သင့်ဘ၀အတွက် အရေးပါဆုံးအရာကို ခန့်မှန်းပြမယ့်တံခါးပေါက်များ

သင့်ဘ၀အတွက် အရေးပါဆုံးအရာကို ခန့်မှန်းပြမယ့်တံခါးပေါက်များ


  • နံပါတ်တစ်လား
  • နံပါတ်နှစ်လား
  • နံပါတ်သုံးလား
  • နံပါတ်လေးလား











[UNICODE FONT]

ဘယ်တံခါးပေါက်ရဲ့ အခြားတစ်ဘက်မှာ ပျော်ရွှင်စရာတွေရှိမယ်လို့ သင်ထင်ပါသလဲ။အောက်ကအဖြေတွေကို မကြည့်သေးနဲ့ဦးနော်။ ဘယ်တံခါးလဲဆိုတာ စိတ်ထဲမှာအရင်ရွေးလိုက်ပါ။

  • နံပါတ်တစ်လား
  • နံပါတ်နှစ်လား
  • နံပါတ်သုံးလား
  • နံပါတ်လေးလား

ရွေးပြီးမှဆက်ဖတ်လို့အကြံပေးချင်ပါတယ်။

နံပါတ်တစ် – အပြာရောင်တံခါးပေါက်ကို ရွေးချယ်ခဲ့သော်…

အပြာရောင်တံခါးပေါက်ကို ရွေးချယ်တယ်ဆိုရင်တော့ သင်က ဘဝမှာပေးဆပ်သူတစ်ယောက်ဖြစ်ပြီး ရယူဖို့အတွက် မွေးဖွားလာသူတစ်ယောက်မဟုတ်ပါဘူး။ သူငယ်ချင်း၊မိတ်ဆွေတွေ အကူအညီလိုတိုင်း အရင်ဆုံးသတိရခံရသူ၊ အားကိုးရသူတစ်ယောက်ပါ။ ဒီလိုကူညီနေသလောက်လည်း မသိတတ်သူတချို့(တကယ်တော့ တော်တော်များများပါ)ရဲ့ ကျေးဇူးမသိတတ်မှုတွေအောက်မှာ နေသားကျနေနိုင်ပါပြီ။ သူငယ်ချင်းမိတ်ဆွေဆိုရင်လည်း ခင်မင်သူနည်းနည်းလေးနဲ့ပဲ ပျော်အောင်နေတတ်သူတစ်ယောက်ပါ။ 

နံပါတ်နှစ်-ခရမ်းရောင်တံခါးပေါက်ကို ရွေးချယ်ခဲ့သော်….

ခရမ်းရောင်တံခါးပေါက်ကို ရွေးချယ်တယ်ဆိုရင်တော့ သင့်အတွက် ရာထူးနဲ့အောင်မြင်မှုက အရေးကြီးဆုံးအရာတွေပါ။ သင်ဟာ ကိုယ့်ကိုယ်ကို ကောင်းကောင်းထိန်းကျောင်းနိုင်သူတစ်ယောက်၊ စိတ်ဓာတ်ပြတ်သားသူတစ်ယောက်ဖြစ်ပြီး အပေါ်ယံနှမ်းဖြူးတဲ့အလုပ်မျိုးကို သင်ဘယ်တော့မှမလုပ်ပါဘူး။ အချစ်နဲ့ပတ်သက်လာရင်လည်း ခဏတာထက် တစ်ဘဝစာလောက်ကို မှန်းတက်လေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

နံပါတ်သုံး-အနီရောင်တံခါးပေါက်ကို ရွေးချယ်ခဲ့သော်….

ဒီအနီရောင်တံခါးပေါက်ကိုရွေးချယ်တယ်ဆိုရင်တော့ သင်ဟာ လူချစ်လူခင်ပေါသူတစ်ယောက်ပါပဲ။ သင့်ဘဝမှာတန်ဖိုးအထားဆုံးက ပျော်ရွှင်မှုပါ။ သင်ဟာ ပြိုင်ဆိုင်လိုစိတ်ကြီးသူတစ်ယောက်ဖြစ်ပြီး လူအထင်ကြီးလေးစားခံရမှုကိုလည်း ရယူလိုစိတ်ရှိပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ကြီးသူတစ်ယောက်အဖြစ်မြင်တွေ့ရတတ်ပေမယ့်…အချစ်ရေး၊ မိသားစုအရေးတွေမှာတော့ သင်က နွေးထွေးသိမ်မွေ့သူတစ်ယောက်ဖြစ်ပါတယ်။

နံပါတ်လေး-ဇီးကွက်ပုံတံခါးပေါက်ကို ရွေးချယ်ခဲ့သော်….

ဇီးကွက်ရုပ်ပုံပါတဲ့ သစ်သားတံခါးပေါက်ကို ရွေးချယ်တယ်ဆိုရင်တော့ သင့်အတွက် ဘဝမှာ အသစ်အစ်တွေကို လေ့လာစူးစမ်းနိုင်ဖို့က အရေးကြီးဆုံးပါ။ သင့်မှာ အကောင်းမြင်စိတ်ပိုများသူတစ်ယောက်ဖြစ်ပြီး ဘယ်သူ့ကိုမှ မှီခိုတတ်လေ့မရှိပါဘူး။ စိတ်သဘောထားကြီးသူတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်စိတ်နည်းပါးသူတစ်ယောက်ဖြစ်ပါတယ်။ 

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.