





( ယခုဖော်ပြပါ သတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )


Unicode

အေအေအဖွဲ့၏ ယာယီစခန်းကို တပ်မတော် တိုက်ခိုက်၊ အလောင်း ၅ လောင်းနှင့် လက်နက်အချို့ရရှိ

ဘူးသီးတောင်မြို့နယ်ရှိ အေအေ အဖွဲ့၏ ယာယီစခန်းကို တပ်မတော်စစ်ကြောင်းက ယမန်နေ့ နံနက်က ဝင်ရောက်တိုက်ခိုက်ရာ အလောင်း ငါးလောင်းနှင့် လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကသတင်း ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ၏အရှေ့တောင်ဘက်မီတာ ၅၀၀၀ ခန့်အကွာရှိ အေအေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ယာယီစခန်းတစ်ခုအား ဇန်နဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယင်းနေ့နံနက်ပိုင်းက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းက AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၅၀ ဦးခန့် ယာယီအခြေပြုနေသည့် စခန်းတစ်ခုအား တွေ့ရှိရသဖြင့် ထိတွေ့တိုက်ခိုက်ရာ အေအေ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အလောင်းငါးလောင်း၊ အမ် ၂၂ သေနတ်တစ်လက်၊ အမ် ၁၄ သေနတ် တစ်လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

( ယခုသတင်းကို The Voice Daily ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည် )

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.