ေငြက်ပ္ သိန္း ၂၀၀ မတည္ၿပီး ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္လိုက္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝ

ေငြက်ပ္ သိန္း ၂၀၀ မတည္ၿပီး ေခတ္သစ္ေဖာင္ေဒးရွင္းကို တည္ေထာင္လိုက္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝ

ခ်စ္စရာေကာင္းတဲ့ အမႊာသမီးေလးေတြ ႏွစ္ေယာက္ေၾကာင့္ ပရိသတ္ေတြၾကားမွာ အရမ္းကို ေရပန္းစားၿပီး လူႀကိဳက္မ်ားေနရတဲ့ အဆိုေတာ္ လင္းလင္းနဲ႔ သရုပ္ေဆာင္ အဆိုေတာ္ ခ်စ္သုေဝတို႔ မိသားစုေလးဟာဆိုရင္ လူတိုင္းက ေလးစားအားက် ခ်စ္ခင္ေနၾကရတဲ့ အႏုပညာရွင္ မိသားစုေလး တစ္စုပဲျဖစ္ပါတယ္။ အမ်ားရဲ႕ ေလးစားအားက် ခ်စ္ခင္မႈကို ရရွိထားခဲ့ရတဲ့ သူတို႔ မိသားစုေလးကေတာ့ ယခုအခ်ိန္မွာလည္း အမ်ားေလးစား အတုယူစရာေကာင္းတဲ့ ဝမ္းသာပီတိျဖစ္စရာေလးတစ္ခုကို ပရိသတ္ေတြထံ အေကာင္အထည္ေဖာ္ၿပီး ခ်ျပေပးလုိက္ၿပီပဲျဖစ္ပါတယ္။

အမ်ားအတုယူစရာေကာင္းတဲ့ ျဖစ္ရပ္ေလးကို ပရိသတ္ေတြထံ ခ်ျပေပးလိုက္တဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ေမာင္ႏွံႏွစ္ဦးကေတာ့ သမီးေလးေတြ နာမည္ပါတဲ့ ေခတ္သစ္ ေဖာင္ေဒးရွင္းေလးကို တည္ေထာင္လိုက္တာပဲ ျဖစ္ပါတယ္။ သမီးေလးေတြရဲ႕ နာမည္နဲ႔ ရည္ရြယ္ခ်က္ႀကီးမားတဲ့ ေဖာင္ေဒးရွင္းေလး တည္ေထာင္လိုက္တဲ့ သူတို႔ ေမာင္ႏွံႏွစ္ဦးကေတာ့ ေဖာင္းေဒးရွင္းအတြက္ အလွဴေငြ သိန္း ၂၀၀ က်ပ္ တိတိကို မတည္ေငြအျဖစ္ လွဴဒါန္းခဲ့တာပဲျဖစ္ပါတယ္။

ေခတ္သစ္ေဖာင္ေဒးရွင္းေလးဟာဆိုရင္ မိသားစု program တစ္ခုကို Channel 7 အတြက္ အခေၾကးေငြမယူဘဲ အခမဲ့ ရိုက္ကူး၍ ရန္ပံုေငြရွာသြားမွာျဖစ္ၿပီး ရိုက္ကူးထုတ္လုပ္ေပးေသာ Forever Group မွလည္း ထုတ္လုပ္ကုန္က်စရိတ္မ်ားကို ေငြေၾကးလံုးဝေကာက္ခံသြားမည္ မဟုတ္သည့္အျပင္ ရရွိေသာ ဝင္ေငြမ်ားကိုလည္း ေဖာင္ေဒးရွင္းထဲသို႔ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္းကို သိရွိထားခဲ့ရတာပဲ ျဖစ္ပါတယ္။

ေဖာင္းေဒးရွင္းကို ၁၄ ႏွစ္တာကာလ သတ္မွတ္၍ Phase 7 ခုခြဲကာ ေဆာင္ရြက္သြားမွာျဖစ္ၿပီး ပထမဦးဆံုး Phase (2019-2020) အတြက္ ေဖာင္ေဒးရွင္း အလွဴေငြမ်ားကို အသက္ ၅ ႏွစ္ေအာက္ ကေလးမ်ား၏ က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ရည္ရြယ္ကာ အသက္ ၅ႏွစ္ေအာက္ကေလး အမွန္တကယ္ ခြဲစိတ္စရိတ္လိုအပ္ေနေသာ ေမြးရာပါ ႏွလံုးေပါက္ပါေရာဂါရွင္မ်ားအတြက္ ရည္ရြယ္ကာ လွဴဒါန္းသြားမွာပဲျဖစ္ပါတယ္။

ဖာင္ေဒးရွင္း၏ လုပ္ငန္းစဥ္မ်ားမွာ Phase အလုိက္ အသိေပးေျပာင္းလဲသြားမည္ျဖစ္ၿပီး ေငြစာရင္းရွင္းတမ္းမ်ားကိုလည္း ႏွစ္အလုိက္ ပြင့္လင္းျမင္သာစြာ ေဆာင္ရြက္သြားမွာပဲ ျဖစ္တယ္လုိ႔လည္း သိရွိထားခဲ့ရတာပဲျဖစ္ပါတယ္။

သမီးေလးေတြရဲ႕ နာမည္နဲ႔ ကေလးေတြရဲ႕ က်န္းမာေရးအတြက္ ရည္ရြယ္ခ်က္ ႀကီးႀကီးမားမားထားရွိခဲ့ၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ ျမင့္ျမတ္လြန္းတဲ့ စိတ္ထားေလးကို ေလးစားသေဘာက်ၿပီး ႏွစ္သက္အားက်မိတယ္ဆိုရင္ ဒီပို႔စ္ေလးကို မွ်ေဝအားေပးသြားၾကပါဦးေနာ္ ပရိသတ္ႀကီးေရ။ ၾကည့္ရွဳအားေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကို ေက်းဇူးအထူးတင္ရွိပါတယ္။ 

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[Unicode]

ချစ်စရာကောင်းတဲ့ အမွှာသမီးလေးတွေ နှစ်ယောက်ကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး လူကြိုက်များနေရတဲ့ အဆိုတော် လင်းလင်းနဲ့ သရုပ်ဆောင် အဆိုတော် ချစ်သုဝေတို့ မိသားစုလေးဟာဆိုရင် လူတိုင်းက လေးစားအားကျ ချစ်ခင်နေကြရတဲ့ အနုပညာရှင် မိသားစုလေး တစ်စုပဲဖြစ်ပါတယ်။ အများရဲ့ လေးစားအားကျ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတို့ မိသားစုလေးကတော့ ယခုအချိန်မှာလည်း အများလေးစား အတုယူစရာကောင်းတဲ့ ဝမ်းသာပီတိဖြစ်စရာလေးတစ်ခုကို ပရိသတ်တွေထံ အကောင်အထည်ဖော်ပြီး ချပြပေးလိုက်ပြီပဲဖြစ်ပါတယ်။

အများအတုယူစရာကောင်းတဲ့ ဖြစ်ရပ်လေးကို ပရိသတ်တွေထံ ချပြပေးလိုက်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မောင်နှံနှစ်ဦးကတော့ သမီးလေးတွေ နာမည်ပါတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းလေးကို တည်ထောင်လိုက်တာပဲ ဖြစ်ပါတယ်။ သမီးလေးတွေရဲ့ နာမည်နဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ ဖောင်ဒေးရှင်းလေး တည်ထောင်လိုက်တဲ့ သူတို့ မောင်နှံနှစ်ဦးကတော့ ဖောင်းဒေးရှင်းအတွက် အလှူငွေ သိန်း ၂၀၀ ကျပ် တိတိကို မတည်ငွေအဖြစ် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းလေးဟာဆိုရင် မိသားစု program တစ်ခုကို Channel 7 အတွက် အခကြေးငွေမယူဘဲ အခမဲ့ ရိုက်ကူး၍ ရန်ပုံငွေရှာသွားမှာဖြစ်ပြီး ရိုက်ကူးထုတ်လုပ်ပေးသော Forever Group မှလည်း ထုတ်လုပ်ကုန်ကျစရိတ်များကို ငွေကြေးလုံးဝကောက်ခံသွားမည် မဟုတ်သည့်အပြင် ရရှိသော ဝင်ငွေများကိုလည်း ဖောင်ဒေးရှင်းထဲသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းကို သိရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။

ဖောင်းဒေးရှင်းကို ၁၄ နှစ်တာကာလ သတ်မှတ်၍ Phase 7 ခုခွဲကာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမဦးဆုံး Phase (2019-2020) အတွက် ဖောင်ဒေးရှင်း အလှူငွေများကို အသက် ၅ နှစ်အောက် ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက် ၅နှစ်အောက်ကလေး အမှန်တကယ် ခွဲစိတ်စရိတ်လိုအပ်နေသော မွေးရာပါ နှလုံးပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

ဖာင်ဒေးရှင်း၏ လုပ်ငန်းစဉ်များမှာ Phase အလိုက် အသိပေးပြောင်းလဲသွားမည်ဖြစ်ပြီး ငွေစာရင်းရှင်းတမ်းများကိုလည်း နှစ်အလိုက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာပဲ ဖြစ်တယ်လို့လည်း သိရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

သမီးလေးတွေရဲ့ နာမည်နဲ့ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ရည်ရွယ်ချက် ကြီးကြီးမားမားထားရှိခဲ့ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မြင့်မြတ်လွန်းတဲ့ စိတ်ထားလေးကို လေးစားသဘောကျပြီး နှစ်သက်အားကျမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေအားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ 

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.