အျခားမိန္းမကို လွတယ္ေျပာမိလို႔ ခ်စ္သူရဲ႕ အဂၤါကို ဓားနဲ႔ လွီးျဖတ္လိုက္တဲ့ အမ်ိဳးသမီး

အျခားမိန္းမကို လွတယ္ေျပာမိလို႔ ခ်စ္သူရဲ႕ အဂၤါကို ဓားနဲ႔ လွီးျဖတ္လိုက္တဲ့ အမ်ိဳးသမီး

Zawgyi ျဖင့္ဖတ္ရန္

သမီးရည္စားဘဝမွာ အခ်ိန္ၾကာလာတာနဲ႔အမွ် ျပသာနာဆိုတာ ပိုလာတတ္ပါတယ္။ ဘယ္ Relationship ကို ၾကည့္ၾကည့္ ျပသာနာတစ္ခုျဖစ္ရင္ သဝန္တိုျခင္းေၾကာင့္ျဖစ္တဲ့ ျပသာနာက ပိုမ်ားပါတယ္။ တခ်ိဳ႕စုံတြဲေတြက ခဏေလးနဲ႔ ျပန္အဆင္ေျပၾကေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ အရမ္းကို သဝန္ေၾကာင္ၿပီး စိတ္လိုက္မာန္ပါ လုပ္တတ္တာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါကို ႏိုင္ငံတကာမွေတာ့ “ Relationship Killer ” လို႔ ေခၚၾကပါတယ္။

အခုလည္း Kazakhstan ႏိုင္ငံက အသက္(၃၆)ႏွစ္အ႐ြယ္ Zhanna Nurzhanova ဆိုတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ခ်စ္သူျဖစ္တဲ့ အမ်ိဳးသားကို သဝန္တိုၿပီး စိတ္လိုက္မာန္ပါျဖင့္ ၎အမ်ိဳးသားရဲ႕ အဂၤါကို ဓားနဲ႔ လွီးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။

Zhanna ဟာ အလွျပင္ဆိုင္မွာ အလုပ္လုပ္တာျဖစ္တယ္လို႔ သိရပါတယ္။ Zhanna ဟာ အဂၤါကို ဓားနဲ႔မလွီးခင္ ခ်စ္သူျဖစ္သူကို အိပ္ေဆးေတြ အမ်ားႀကီးတိုက္ခဲ့ၿပီး ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားတဲ့အထိ စိတ္ရွည္ရွည္နဲ႔ ေစာင့္ေနခဲ့ပါတယ္။ သူမဟာ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ အိပ္ေနတာတဲ့ ခ်စ္သူကို ေနာက္ထပ္ ေမ့ေဆးထပ္ထိုးၿပီးမွ ခ်စ္သူရဲ႕ အဂၤါကို စိတ္ေျပနေျပ ထိုင္လွီးျဖတ္ခဲ့တာပဲ ျဖစ္ပါတယ္။

အဲ့ေနာက္မွာ Zhanna ဟာ ခ်စ္သူျဖစ္တဲ့ အမ်ိဳးသားကို ေဆးကုသႏိုင္ရန္အတြက္ ေဆး႐ုံကိုေတာင္ ေခၚလာေပးခဲ့ပါေသးတယ္။ ဆရာဝန္ႀကီးေတြကလည္း လူနာရဲ႕ ဒဏ္ရာကိုၾကည့္တဲ့အခါ မေတာ္တဆျဖစ္တာမ်ိဳးမဟုတ္ဘဲ ေသေသခ်ာခ်ာ လွီးျဖတ္ထားတာကို ေတြ႕တဲ့အတြက္ ရဲေတြကို ဖုန္းဆက္အေၾကာင္းၾကားလိုက္ပါတယ္။ ဆရာဝန္ႀကီးေတြလည္း လူနာကို အရမ္းကို ႀကိဳးစားအားထုတ္ၿပီး ခြဲစိတ္ကုသေပးခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ လွီးျဖတ္ခံလိုက္ရတဲ့ အမ်ိဳးသားရဲ႕ နာမည္ကိုေတာ့ ေဖာ္ျပထားျခင္းမရွိပါဘူး။

တာဝန္ရွိ ရဲေတြရဲ႕ စစ္ေဆးေမးျမန္းခ်က္အရ Zhanna ရဲ႕ ခ်စ္သူအမ်ိဳးသားဟာ မိန္းမလွေခ်ာေခ်ာေလးပုံကို သူ႔ရဲ႕ ညီမဆီကို ပို႔ၿပီး “ ဒီေကာင္မေလး လွတယ္ေနာ္ ” လို႔ေျပာထားတာကို ေတြ႕သြားခဲ့ၿပီး သူမစိတ္ထဲ ေဒါသမီးေတြ ေလာင္ကြၽမ္းကာ အခုလို လုပ္ခဲ့ျခင္း ျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။ အခုေတာ့ Zhanna ဟာ တရားရင္ဆိုင္ေနရၿပီး သူမအေနနဲ႔ ေထာင္ဒဏ္ (၃)ႏွစ္မွ (၆)ႏွစ္အထိ ခ်မွတ္ႏိုင္တယ္လို႔လည္း သိရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Source; breitbart.com
Unicode ဖြင့်ဖတ်ရန်

သမီးရည်စားဘဝမှာ အချိန်ကြာလာတာနဲ့အမျှ ပြသာနာဆိုတာ ပိုလာတတ်ပါတယ်။ ဘယ် Relationship ကို ကြည့်ကြည့် ပြသာနာတစ်ခုဖြစ်ရင် သဝန်တိုခြင်းကြောင့်ဖြစ်တဲ့ ပြသာနာက ပိုများပါတယ်။ တချို့စုံတွဲတွေက ခဏလေးနဲ့ ပြန်အဆင်ပြေကြပေမယ့် တချို့တွေကျတော့ အရမ်းကို သဝန်ကြောင်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒါကို နိုင်ငံတကာမှတော့ “ Relationship Killer ” လို့ ခေါ်ကြပါတယ်။

အခုလည်း Kazakhstan နိုင်ငံက အသက်(၃၆)နှစ်အရွယ် Zhanna Nurzhanova ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ချစ်သူဖြစ်တဲ့ အမျိုးသားကို သဝန်တိုပြီး စိတ်လိုက်မာန်ပါဖြင့် ၎င်းအမျိုးသားရဲ့ အင်္ဂါကို ဓားနဲ့ လှီးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Zhanna ဟာ အလှပြင်ဆိုင်မှာ အလုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ Zhanna ဟာ အင်္ဂါကို ဓားနဲ့မလှီးခင် ချစ်သူဖြစ်သူကို အိပ်ဆေးတွေ အများကြီးတိုက်ခဲ့ပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ပါတယ်။ သူမဟာ ကြိုတင်ပြင်ဆင်မှုအနေနဲ့ အိပ်နေတာတဲ့ ချစ်သူကို နောက်ထပ် မေ့ဆေးထပ်ထိုးပြီးမှ ချစ်သူရဲ့ အင်္ဂါကို စိတ်ပြေနပြေ ထိုင်လှီးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့နောက်မှာ Zhanna ဟာ ချစ်သူဖြစ်တဲ့ အမျိုးသားကို ဆေးကုသနိုင်ရန်အတွက် ဆေးရုံကိုတောင် ခေါ်လာပေးခဲ့ပါသေးတယ်။ ဆရာဝန်ကြီးတွေကလည်း လူနာရဲ့ ဒဏ်ရာကိုကြည့်တဲ့အခါ မတော်တဆဖြစ်တာမျိုးမဟုတ်ဘဲ သေသေချာချာ လှီးဖြတ်ထားတာကို တွေ့တဲ့အတွက် ရဲတွေကို ဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်။ ဆရာဝန်ကြီးတွေလည်း လူနာကို အရမ်းကို ကြိုးစားအားထုတ်ပြီး ခွဲစိတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လှီးဖြတ်ခံလိုက်ရတဲ့ အမျိုးသားရဲ့ နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

တာဝန်ရှိ ရဲတွေရဲ့ စစ်ဆေးမေးမြန်းချက်အရ Zhanna ရဲ့ ချစ်သူအမျိုးသားဟာ မိန်းမလှချောချောလေးပုံကို သူ့ရဲ့ ညီမဆီကို ပို့ပြီး “ ဒီကောင်မလေး လှတယ်နော် ” လို့ပြောထားတာကို တွေ့သွားခဲ့ပြီး သူမစိတ်ထဲ ဒေါသမီးတွေ လောင်ကျွမ်းကာ အခုလို လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ အခုတော့ Zhanna ဟာ တရားရင်ဆိုင်နေရပြီး သူမအနေနဲ့ ထောင်ဒဏ် (၃)နှစ်မှ (၆)နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။

Source; breitbart.com

Comments are closed.