ပလတ်စတစ်တွေကို သင်္ကန်းဝတ်ရုံေ တွ အဖြစ် ဖန်တီးနေတဲ့ ထိုင်းဘုန်း ကြီးကျောင်း

ပလတ်စတစ်တွေကို သင်္ကန်းဝတ်ရုံေ တွ အဖြစ် ဖန်တီးနေတဲ့ ထိုင်းဘုန်း ကြီးကျောင်း

ဘန်ကောက်နိုင်ငံ တောင်ပိုင်းက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ဦးဇင်းတစ်ပါး ဟာ ပလတ်စတစ်ရေဘူးတွေကို ထောင်နဲ့ချီပြီး ကြိတ်ချေနေတဲ့ စက်ကြီးကို ကြည့်ရှုနေပါတ ယ်။ မကြာခင်မှာပဲ စက်ကြီးထဲကနေ ဖိကြိတ်လုံးချေထားတဲ့ ပလတ်စတစ်အထုပ်ကြီးဟာ ဘုတ် ကနဲမြည်သံနဲ့အတူ အပြင်ကို ထွက်လာပါတယ်။

တကယ်တော့ ဒီပလတ်စတစ်တွေကို ပိုလီအက်စတာမျှင်တွေ ပြုလုပ်မှာဖြစ်ပြီး သံဃာတွေရုံတဲ့ ရွှေဝါရောင်သင်္ကန်းဝတ်ရုံတွေအဖြစ် ပြန်လည်ဖန်တီးမှာ ဖြစ်ပါတယ်ပလတ်စတစ်တွေကို သင်္က န်းတွေအဖြစ် ဖန်တီးပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်းကတော့ Wat Chak Daeng ကျောင်းပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ recycling ပစ္စည်းထုတ်လုပ်မှုနဲ့ ပတ်သက်ရင် အထင်ကရ ဖြစ်တဲ့ နေရာတစ်ေ နရာလည်း ဖြစ်ပါတယ်။ ကျောင်းက သံဃာတွေဟာဆိုရင် ဒီပရိုဂရမ်ကို စတင်လာတာ (၂) နှစ် ကျော်နေပါပြီဒီအတောအတွင်းမှာ ပလတ်စတစ်တန်ချိန်ပေါင်း (၄၀) ကို recycle ပြန်လုပ်နိုင် ခဲ့ပြီ ဖြစ်ပါတယ်။

Wat Chak Daeng က အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့ ကျောင်းထိုင်ဦးဇင်းကတော့ “ကိုယ်တော် က မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း ကျင့်ကြံနေတာပါတစ်ကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ သဘာဝ ပတ် ၀န်းကျင်နဲ့ဆိုင်တဲ့ အခက်အခဲကိုလည်း ဖြေရှင်းရင်းနဲ့ပေါ့….” လို့ ဆိုပါတယ်Wat Chak Daeng ဘုန်းကြီးကျောင်းရဲ့ ထူးခြားချက်ကတော့ ကျောင်းကိုလာတဲ့ ဒကာတွေဟာ တခြား ဘုန်းကြီးကျောင်းတွေလို သံဃာတွေအတွက် ခဲဖွယ်ဘောဇဉ်တွေ၊ သင်္ကန်းတွေကို လာကပ်ေ လ့မရှိပါဘူး။ ဒီအစား ပလတ်စတစ်ဘူးခွံတွေ၊

ပလတ်စတစ်အိတ်တွေကို ဘုန်းကြီးကျောင်းမှာ လာပို့ပေးကြပြီး ကျောင်းထိုင်ဦးဇင်းရဲ့ မေတ္တာ ပို့သတာကို ခံယူကြပါတယ်ဘုန်းကြီးကျောင်းဟာ လက်ရှိအချိန်ထိမှာ အနည်းဆုံး သင်္ကန်းဝတ် ရုံ (၈၀၀) ကျော် ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်သင်္ကန်းတစ်ထည်ကို ဘတ်နှစ်ထောင် (၆၅.၇၉ ဒေါ် လာ) နဲ့ ဘတ်ငါးထောင် (၁၆၄.၄၇ ဒေါ်လာ) ကြား ရောင်းချကြောင်း သိရပြီး ရလာတဲ့ အကျိုး အမြတ်တွေကိုတော့ လုပ်အားပေးတွေမသန်စွမ်းသူတွေကို ပြန်လည်ထောက်ပံ့ပေးပြီး လူမှုေ ရးလုပ်ငန်းတွေမှာ ပြန်လည်လှူဒါန်းကြောင်း nypost သတင်းအရ သိရပါတယ်။

Comments are closed.