အႏုပညာကို ေပၚပင္လုပ္ရင္ လစ္မွာပဲလို႔ သတိေပးလိုက္တဲ႔ လႈိင္ဦးေမာ္

အႏုပညာကို ေပၚပင္လုပ္ရင္ လစ္မွာပဲလို႔ သတိေပးလိုက္တဲ႔ လႈိင္ဦးေမာ္

အႏုပညာေျမာက္လွတဲ့ သီခ်င္းေတြကို ပရိသတ္ေတြကို ခ်ျပေနၾကျဖစ္တဲ့ အဆိုေတာ္ လႈိင္ဦးေမာ္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ လိႈင္ဦးေမာ္ကေတာ့ တကယ့္ကို အႏုပညာအတြက္ ခံယူခ်က္ျပင္းထန္တဲ့ အဆုိေတာ္ တေယာက္လည္း ျဖစ္ပါတယ္။

လိႈင္ဦးေမာ္ကေတာ့ အင္တာဗ်ဴးတြင္ လတ္တေလာအႏုပညာ လႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး “အခုသီခ်င္းလုပ္ေနတာကေတာ့မျပီးေသးပါဘူး။ သူမ်ားေတြလို အမ်ားၾကီးလုပ္တာေတာ့ မဟုတ္ပါဘူး။ တပုဒ္ခ်င္းဆီကို လုပ္ေနတာပါ”

ခုခ်ိန္ထိ ပရိသတ္ေတြ အားေပးေနတာ ဘာေၾကာင့္လို႔ ထင္လဲဆိုတဲ့ အေပၚမွာေတာ့ “ကြ်န္ေတာ္က သီခ်င္းအေပၚမွာ ခံစားခဲ့တာက ရိုးသားခဲ့တာကို ဒီလိုရိုးသားမႈေၾကာင့္ပဲ ထင္ပါတယ္။ သီခ်င္းေရးတာကေတာ့ အိမ္ျပန္လာျပီး ခ်ေရးလိုက္တဲ့အခ်ိန္မွာ သီခ်င္းျဖစ္သြားတာလည္း ရွိတာေပါ့။ တခါတေလ ၃ လ ၄ လ ေလာက္ထိ မျပီးတာေတြလည္း ရွိပါတယ္။ ခံစားမႈကေတာ့ အမ်ိဳးမ်ိဳးေပါ့။ တခ်ိဳ႔ႏိုင္ငံျခားကားေလးေတြ ၾကည့္တယ္။ ထိတဲ့ရုပ္ရွင္ေလးေတြကို သီခ်င္းေရးလိုက္တာေလးေတြ ရွိတယ္။ တခါတေလ စာဖတ္တာေတြ ကုိယ္တိုင္ အေတြ႔အၾကံဳေလးေတြလည္း ရွိပါတယ္”

သီခ်င္းေတြကို Online ေပၚတင္ဖို႔ ရွိလားဆိုတဲ့ အေပၚမွာေတာ့ “ေလာေလာဆယ္ေတာ့ မတင္ေသးပါဘူး။ ေကာင္းပါတယ္။ ေခတ္က မီဒီယာေခတ္ဆိုေတာ့ ပရိသတ္ေတြနဲ႔ ေတာ္ေတာ္ထိေတြ႔လို႔ ရပါတယ္။ ပရိသတ္နဲ႔ ထိေတြ႔ေပမယ့္လည္း ပိုက္ဆံမရဘူး ျဖစ္ေနတယ္” တခ်ိဳ႔အဆိုေတာ္သစ္ေတြ နာမည္ကို အၾကာၾကီး မထိန္းထားႏိုင္တဲ့ အေပၚမွာေတာ့ “တကယ့္တကယ္တမ္း ရွိရမယ့္ ဝမ္းစာ အႏုပညာ ဝမ္းစာေပါ့။ ကိုယ့္ဖက္မွာ ဒါက ဘယ္ေလာက္ရွိလဲဆိုတာေပါ့။ အဲ့လိုေပၚမွာ မူတည္ျပီးေတာ့ အခ်ိန္က ဆံုးျဖတ္သြားတာေပါ့”

စံုတြဲသီခ်င္းေတြ လုပ္ဖို႔ ရွိလားဆိုတဲ့ အေပၚမွာေတာ့ “စံုတြဲဆိုဖို႔ အစီအစဥ္မရွိေတာ့ပါဘူး။ အမ်ားၾကီးတြဲခဲ့လာတာ ဆိုေတာ့လည္း ဝ သြားျပီ။ ပရိသတ္ေတာင္းဆိုလာမယ္ ဆိုရင္ေတာ့ စဥ္းစားရမယ္ ထင္တာေပါ့”

မ်ိဳးဆက္သစ္ လူငယ္ေတြကို ဘယ္လို အၾကံေပးခ်င္လဲ ဆိုတဲ့ အေပၚမွာေတာ့ “ကြ်န္ေတာ့္အေနနဲ႔ ေျပာရမယ္ ဆိုရင္ေတာ့ ကြ်န္ေတာ့္တုန္းကဆို ဘာမွ မရွိဘူးေလ။ သုညကေန စခဲ့တာ။ လုပ္ခ်င္တာလုပ္တယ္။ သီခ်င္းေတြ ေရးတယ္။ ကိုယ့္ဘာကိုယ္ ရပ္တည္တယ္။ ေနာက္ဆံုး စားစရာ မရွိရင္ေတာင္ ေရေသာက္ ဗိုက္ေမာက္ျပီး ေနခဲ့တာေပါ့။ ကြ်န္ေတာ္တို႔ကလို႔ အဲ့လိုေနခဲ့တဲ့ ေကာင္ေတြေပါ့။ ႏွစ္ ၂၀ ေက်ာ္ေလာက္ေပါ့။ အခုေခတ္အေနနဲ႔ ကေတာ့ သိပ္မခက္ခဲေတာ့ပါဘူး။ တေယာက္နဲ႔ တေယာက္ ခ်ိတ္လိုက္ရင္ ရသြားတာပဲ။ ကိုယ့္ဖက္က အႏုပညာဝမ္းစာျပည့္ဖို႔ရယ္ ဆက္ျပီးေတာ့ လုပ္ေနဖုိ႔ပဲ လိုအပ္တာပါ။ အႏုပညာဝမ္းစာမရွိပဲ ေပၚပင္လုိက္လုပ္ရင္ေတာ့ ခဏေလးနဲ႔ လစ္သြားမွာပဲ။ တကယ့္အရည္ခ်င္း ရွိျပီး ဆက္လုပ္ေနမယ္ဆိုရင္ေတာ့ ပံုမွန္အတိုင္းပဲ သြားမွာေပါ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[Unicode]

အနုပညာမြောက်လှတဲ့ သီချင်းတွေကို ပရိသတ်တွေကို ချပြနေကြဖြစ်တဲ့ အဆိုတော် လှိုင်ဦးမော်ကိုတော့ တော်တော်များများသိကြမှာပါ။ လှိုင်ဦးမော်ကတော့ တကယ့်ကို အနုပညာအတွက် ခံယူချက်ပြင်းထန်တဲ့ အဆိုတော် တယောက်လည်း ဖြစ်ပါတယ်။

လှိုင်ဦးမော်ကတော့ အင်တာဗျူးတွင် လတ်တလောအနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး “အခုသီချင်းလုပ်နေတာကတော့မပြီးသေးပါဘူး။ သူများတွေလို အများကြီးလုပ်တာတော့ မဟုတ်ပါဘူး။ တပုဒ်ချင်းဆီကို လုပ်နေတာပါ”

ခုချိန်ထိ ပရိသတ်တွေ အားပေးနေတာ ဘာကြောင့်လို့ ထင်လဲဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော်က သီချင်းအပေါ်မှာ ခံစားခဲ့တာက ရိုးသားခဲ့တာကို ဒီလိုရိုးသားမှုကြောင့်ပဲ ထင်ပါတယ်။ သီချင်းရေးတာကတော့ အိမ်ပြန်လာပြီး ချရေးလိုက်တဲ့အချိန်မှာ သီချင်းဖြစ်သွားတာလည်း ရှိတာပေါ့။ တခါတလေ ၃ လ ၄ လ လောက်ထိ မပြီးတာတွေလည်း ရှိပါတယ်။ ခံစားမှုကတော့ အမျိုးမျိုးပေါ့။ တချို့နိုင်ငံခြားကားလေးတွေ ကြည့်တယ်။ ထိတဲ့ရုပ်ရှင်လေးတွေကို သီချင်းရေးလိုက်တာလေးတွေ ရှိတယ်။ တခါတလေ စာဖတ်တာတွေ ကိုယ်တိုင် အတွေ့အကြုံလေးတွေလည်း ရှိပါတယ်”

သီချင်းတွေကို Online ပေါ်တင်ဖို့ ရှိလားဆိုတဲ့ အပေါ်မှာတော့ “လောလောဆယ်တော့ မတင်သေးပါဘူး။ ကောင်းပါတယ်။ ခေတ်က မီဒီယာခေတ်ဆိုတော့ ပရိသတ်တွေနဲ့ တော်တော်ထိတွေ့လို့ ရပါတယ်။ ပရိသတ်နဲ့ ထိတွေ့ပေမယ့်လည်း ပိုက်ဆံမရဘူး ဖြစ်နေတယ်” တချို့အဆိုတော်သစ်တွေ နာမည်ကို အကြာကြီး မထိန်းထားနိုင်တဲ့ အပေါ်မှာတော့ “တကယ့်တကယ်တမ်း ရှိရမယ့် ဝမ်းစာ အနုပညာ ဝမ်းစာပေါ့။ ကိုယ့်ဖက်မှာ ဒါက ဘယ်လောက်ရှိလဲဆိုတာပေါ့။ အဲ့လိုပေါ်မှာ မူတည်ပြီးတော့ အချိန်က ဆုံးဖြတ်သွားတာပေါ့”

စုံတွဲသီချင်းတွေ လုပ်ဖို့ ရှိလားဆိုတဲ့ အပေါ်မှာတော့ “စုံတွဲဆိုဖို့ အစီအစဉ်မရှိတော့ပါဘူး။ အများကြီးတွဲခဲ့လာတာ ဆိုတော့လည်း ဝ သွားပြီ။ ပရိသတ်တောင်းဆိုလာမယ် ဆိုရင်တော့ စဉ်းစားရမယ် ထင်တာပေါ့”

မျိုးဆက်သစ် လူငယ်တွေကို ဘယ်လို အကြံပေးချင်လဲ ဆိုတဲ့ အပေါ်မှာတော့ “ကျွန်တော့်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ကျွန်တော့်တုန်းကဆို ဘာမှ မရှိဘူးလေ။ သုညကနေ စခဲ့တာ။ လုပ်ချင်တာလုပ်တယ်။ သီချင်းတွေ ရေးတယ်။ ကိုယ့်ဘာကိုယ် ရပ်တည်တယ်။ နောက်ဆုံး စားစရာ မရှိရင်တောင် ရေသောက် ဗိုက်မောက်ပြီး နေခဲ့တာပေါ့။ ကျွန်တော်တို့ကလို့ အဲ့လိုနေခဲ့တဲ့ ကောင်တွေပေါ့။ နှစ် ၂၀ ကျော်လောက်ပေါ့။ အခုခေတ်အနေနဲ့ ကတော့ သိပ်မခက်ခဲတော့ပါဘူး။ တယောက်နဲ့ တယောက် ချိတ်လိုက်ရင် ရသွားတာပဲ။ ကိုယ့်ဖက်က အနုပညာဝမ်းစာပြည့်ဖို့ရယ် ဆက်ပြီးတော့ လုပ်နေဖို့ပဲ လိုအပ်တာပါ။ အနုပညာဝမ်းစာမရှိပဲ ပေါ်ပင်လိုက်လုပ်ရင်တော့ ခဏလေးနဲ့ လစ်သွားမှာပဲ။ တကယ့်အရည်ချင်း ရှိပြီး ဆက်လုပ်နေမယ်ဆိုရင်တော့ ပုံမှန်အတိုင်းပဲ သွားမှာပေါ့” ဟု ပြောကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.