ဘာမှနဲ့မလဲနိုင်တဲ့အရာတွေအတွက် နောင်တမရချင်လို့ အချိန်တိုင်းကို တန်ဖိုး ထားနေတယ်ဆိုတဲ့သဉ္ဇာ နွယ်ဝင်း

ဘာမှနဲ့မလဲနိုင်တဲ့အရာတွေအတွက် နောင်တမရချင်လို့ အချိန်တိုင်းကို တန်ဖိုး ထားနေတယ်ဆိုတဲ့သဉ္ဇာ နွယ်ဝင်း

မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ လက်ရှိမှာ ကလေးနှစ်ယောက်မိခင်အဖြစ် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ရရှိထားတာ ဖြစ်ပါတယ်။ သူမအပေါ်မှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ချစ်တတ်တဲ့ ခင်ပွန်းကိုပိုင်ဆိုင်ထားတဲ့ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို အနည်းငယ်သာလုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း သဉ္ဇာနွယ်ဝင်းက သားနဲ့သမီးကို ပြုစုစောင့်ရှောက်ရင်း သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

သဉ္ဇာနွယ်ဝင်းက ကလေးနှစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း ယနေ့အချိန်အထိ အရွယ်တ င်နုပျိုလှပနေဆဲ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သွေးလှလို့တောင်ဆိုရမယ့် သဉ္ဇာနွယ်ဝ င်းကို ပရိသတ်တွေက ဆက်လက်ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ မိသားစုအ ပေါ်မှာ တန်ဖိုးထားတတ်တဲ့ သဉ္ဇာနွယ်ဝင်းက အခုလည်း ဘာနဲ့မှမလဲနိုင်တဲ့အရာ တွေ အတွက် နောင်တမရချင်လို့ အချိန်တိုင်းကိုတန်ဖိုးထားပြီးနေနေတဲ့အကြောင်း ပရိသတ်တွေ ကိုရေးသားပြောပြလာခဲ့ပါတယ်။

သဉ္ဇာနွယ်ဝင်းက သားနဲ့သမီးရဲ့ချစ်စရာပုံလေးနဲ့အတူ ”အချိန်ဆိုတာကုန်သွားရင်ပြန်မရလို့ ကိုယ့်နားမှာ တန်ဖိုးထားရတဲ့သူတွေနဲ့နေရတဲ့ စက္ကန့်တိုင်း မိနစ်တိုင်းကို တန်ဖိုးထားပြီး နေတယ် ဘာနဲ့မှမလဲနိုင်တဲ့အရာတွေ အတွက် နောင်မှနောင်တမရချင်ဘူး” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော လေး သဉ္ဇာနွယ်ဝင်းတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေ ပေးလိုက် ပါတယ်နော်။

Source & Photo Credit- Thinzar Nwe Win’s FB Acc,Reference&Credit:Myanmarload.com

[Zawgyi]





Comments are closed.