သားအမိနှစ်ယောက်ဆော့နေရင်း စတိုင်လ်အပြည့်နဲ့ ချစ်သမီးလေးကို ချစ်မဝဖြစ်နေတဲ့ စန္ဒီမြင့်လွင်

သားအမိနှစ်ယောက်ဆော့နေရင်း စတိုင်လ်အပြည့်နဲ့ ချစ်သမီးလေးကို ချစ်မဝဖြစ်နေတဲ့ စန္ဒီမြင့်လွင်

အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေအခိုင်အမာရရှိထားပြီး ကြည်နူး အား ကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးကတော့ အဆိုတော် သရုပ် ဆောင် စန္ဒီမြင့်လွင်ကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင် ဆယ်လီတွေရဲ့ ရင်သွေးလေးတွေထဲမှာ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင်ကလည်း အသည်းယားအောင် ချစ်ဖို့ကောင်းသူလေးပါနော်..။

Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး ပါးပြည့်ပြည့်ဖောင်းဖောင်း ဝဝကစ်ကစ် လေးနဲ့ ချစ်စရာကောင်းလွန်းကာ နှုတ်ခမ်းထော်ထော်လေးတွေကလည်း တကယ့်ကို အမေ တူသမီးလေးပါပဲနော်..။

မေမေဒီးဒီက သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲ မျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း သားအမိနှစ်ယောက် ကစားရင်း စတိုလ်အပြည့်နဲ့ အ သည်းယားစရာကောင်းနေတဲ့ ချစ်သမီးလေးရဲ့ ပုံလေးကို မျှဝေထားပါသေးတယ်..။

“Happy Sunday ပါနော် သမီးနဲ့မေမေနဲ့ ဆော့နေပါတယ်နော်..” ဆိုပြီး မေမေဒီးဒီက သမီး လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

သားအမိနှစ်ယောက်အတူဆော့ကစားရင်း စတိုင်လ်တွေအပြည့်နဲ့ ချစ်စရာကောင်း လွန်း နေတဲ့ Treasure လေးကိုတော့ ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကာ သဘောကျအ ချစ်ပိုနေကြမှာပါနော်..။

Source & Photo Credit – Sandy Myint Lwin’s Facebook Account,Reference&Credit:myanmarload.com

[Zawgyi]








Comments are closed.