ဖုန္းဆက္ျပီး အတူအိပ္ဖို႔ေျပာလာတဲ့ သူေၾကာင့္ ေဒါသထြက္ခဲ့ရတဲ့ ေမမဒီ

ဖုန္းဆက္ျပီး အတူအိပ္ဖို႔ေျပာလာတဲ့ သူေၾကာင့္ ေဒါသထြက္ခဲ့ရတဲ့ ေမမဒီ

ဖုန္းဆက္ၿပီး စိတ္အေႏွာက္အယွက္ျဖစ္ေအာင္လုပ္တဲ့သူအေၾကာင္းေျပာလာပါတယ္။ ေမမဒီ ကေတာ့ သူမကို ဖုန္းနဲ႔ဆက္သြယ္ၿပီး အတူအိပ္ဖို႔ေျပာလာတဲ့ ဖုန္းပိုင္ရွင္ကို ေျခရာခံမိၿပီလို႔ ဆိုပါတယ္။ ႏွမခ်င္းမစာနာတဲ့ အေျပာအဆိုေတြေၾကာင့္ ေဒါသထြက္ခဲ့ရတယ္လို႔လည္း သူ ကေျပာပါတယ္။

ေမမဒီကေတာ့ သူမကို ဖုန္းဆက္ၿပီး စိတ္အေႏွာက္အယွက္ေပး တဲ့လူေၾကာင့္ ေဒါသထြက္ေန မိတယ္လို႔ ဆိုပါတယ္။ ဖုန္းနဲ႔ ဆက္သြယ္ၿပီး အတူအိပ္ဖို႔ ေျပာလာတယ္လို႔  ေျပာျပလာပါတယ္။

“အလုပ္အတြက္ အေကာင့္မွာတင္ထားတဲ့ ဖုန္းနံပတ္ကို ဆက္ၿပီးေတာ့ ေမမဒီလားေပါ့။ ဒီည အစ္ကိုနဲ႔လာအိပ္လို႔ရမလားတဲ့၊ အစ္ကို ေကာင္းေကာင္းျပဳစုေပးမွာေပါ့တဲ့။ သူ႔အသံက အရမ္း ႀကီး မပီသဘူး၊ တိုင္းရင္းသားအသံေပါက္တယ္။ ကိုယ္လည္း အရမ္းေဒါသထြက္ၿပီးေတာ့ ခပ္႐ိုင္း႐ိုင္းပဲ ျပန္ေျပာလိုက္တယ္။ ႏွမသားခ်င္းမစာနာတာေပါ့ေနာ္။ ကိုယ့္ကို ေသြးတိုးစမ္း ခ်င္တာလား၊ အေႏွာက္အယွက္ေပးခ်င္တာလားေတာ့ မသိဘူး။ ဒီလိုမ်ိဳး မလုပ္သင့္ပါဘူး” လို႔ သူကေျပာပါတယ္။

ေမမဒီက အခုလို ဖုန္းနဲ႔ဆက္သြယ္ၿပီး ႏွမခ်င္း မစာမနာေျပာတာမ်ိဳး တစ္ခါမွ မႀကဳံခဲ့ဖူးဘူးလို႔ ေျပာပါတယ္။ သူမကို ဆက္သြယ္လာတဲ့ MPT ဖုန္းနံပတ္ရွင္ကိုလည္း ေျခရာခံေတြ႕ၿပီလို႔ သိရ ပါတယ္။ တရားစြဲဆိုဖို႔အထိ လုပ္သြားမွာ မဟုတ္ေသးဘူးလို႔ သူကဆိုပါတယ္။

“ ဒီလိုမ်ိဳးလည္း တစ္ခါမွ မႀကဳံခဲ့ဖူးပါဘူး။ နင္က အႏုပညာအလုပ္လုပ္တာ၊ ေျပာခ်င္တိုင္းေျပာ မယ္၊ ဆိုခ်င္တိုင္း ဆိုမယ္ ဆိုတာမ်ိဳးက ေစတနာနဲ႔ေျပာတဲ့စကားရွိတယ္၊ တမင္လိုက္ၿပီးေတာ့ ထိုးႏွက္တဲ့ စကားလည္းရွိတယ္။ အဲဒီလို လုပ္လို႔ လက္မခံႏိုင္ပါဘူး။ ဥပေဒနဲ႔ ေနတဲ့ႏိုင္ငံျဖစ္လို႔ လုပ္ခ်င္တိုင္း လုပ္လို႔ မရပါဘူး။ အဲဒီဖုန္းပိုင္ရွင္ရဲ႕ နာမည္၊ မွတ္ပုံတင္နံပါတ္၊ သူ႔ရဲ႕ ဓာတ္ပုံက အစ ညီမတို႔ရထား တယ္။ ေနာက္တစ္ေခါက္ျပန္ဆက္လိုက္တဲ့ အခ်ိန္မွာ ဆက္ပိတ္သြားတယ္။ အရမ္းေဒါသထြက္သြားပါတယ္” လို႔ဆက္လက္ ေျပာျပခဲ့ပါတယ္။

ေမမဒီဟာ ဂီတကို ဝါသနာပါတဲ့အတြက္ ေအာင္ျမင္ဖို႔ ႀကိဳးစားေနသူ တစ္ေယာက္ျဖစ္ပါတယ္။ သူမရဲ႕ တစ္ကိုယ္ေတာ္အေခြကလည္း မၾကာခင္ ထြက္ရွိလာေတာ့မွာျဖစ္လို႔ စိတ္ကို ေအးေအး ခ် မ္းခ်မ္းေလးျဖစ္ေအာင္ ေနထိုင္တယ္လို႔ သူကေျပာပါတယ္။

“ အခုခ်ိန္မွာ ညီမလည္း တစ္ကိုယ္ေတာ္အေခြထြက္ဖို႔ နီးလာၿပီ။ အဲဒီအတြက္ သီခ်င္းေတြ လုပ္ေနရပါတယ္။ ဘာမဟုတ္တဲ့ အရာေတြအတြက္ အခ်ိန္ကုန္ မခံေတာ့ဘူး။ ကိုယ္ေတြက အရမ္းႀကိဳးစားေနရတဲ့အခ်ိန္မွာ ဒါေတြကို ေခါင္းထဲ ထည့္ထားလို႔ မရဘူးေပါ့ေနာ္” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က MMID Music Concert ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ေမမဒီကိုေတာ့ ပရိသတ္ေတြက Myanmar idol(Season-3) သီခ်င္းဆိုၿပိဳင္ပြဲဝင္တစ္ေ ယာက္ျဖစ္ကတည္းက စတင္အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ စတုတၳေျမာက္ Result Show မွာ ပရိသတ္ကို ႏႈတ္ဆက္ထြက္ခြာခဲ့ရသူပါ။ ၿပိဳင္ပြဲၿပီးသြားတဲ့ေနာက္မွာလည္း ဂီတအလုပ္ေတြကို တစိုက္မတ္မတ္ လုပ္ေဆာင္လာတာ ေတြ႕ရပါတယ္။ သူမဟာ ဆိုဖီယာနဲ႔ အတူတြဲၿပီး ယာယီ ဆိုတဲ့ သီခ်င္းေလး ထြက္ရွိထားပါတယ္။ အဲဒီေနာက္ ပိုးမီ၊ ေဂေဂး၊ မင္းရ တုပိုင္၊ ျဖဴေဖြး တို႔နဲ႔ အတူတြဲၿပီး “Friend” ဆိုတဲ့ ေတးသီခ်င္းအေခြ ထြက္ရွိခဲ့ပါေသး တယ္။

ဆယ္လီရပ္ကြက္

[Unicode]

ဖုန်းဆက်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့သူအကြောင်းပြောလာပါတယ်။ မေမဒီ ကတော့ သူမကို ဖုန်းနဲ့ဆက်သွယ်ပြီး အတူအိပ်ဖို့ပြောလာတဲ့ ဖုန်းပိုင်ရှင်ကို ခြေရာခံမိပြီလို့ ဆိုပါတယ်။ နှမချင်းမစာနာတဲ့ အပြောအဆိုတွေကြောင့် ဒေါသထွက်ခဲ့ရတယ်လို့လည်း သူ ကပြောပါတယ်။

မေမဒီကတော့ သူမကို ဖုန်းဆက်ပြီး စိတ်အနှောက်အယှက်ပေး တဲ့လူကြောင့် ဒေါသထွက် နေ မိတယ်လို့ ဆိုပါတယ်။ ဖုန်းနဲ့ ဆက်သွယ်ပြီး အတူအိပ်ဖို့ ပြောလာတယ်လို့ ပြောပြလာပါတယ်။

“အလုပ်အတွက် အကောင့်မှာတင်ထားတဲ့ ဖုန်းနံပတ်ကို ဆက်ပြီးတော့ မေမဒီလားပေါ့။ ဒီည အစ်ကိုနဲ့လာအိပ်လို့ရမလားတဲ့၊ အစ်ကို ကောင်းကောင်းပြုစုပေးမှာပေါ့တဲ့။ သူ့အသံက အရမ်း ကြီး မပီသဘူး၊ တိုင်းရင်းသားအသံပေါက်တယ်။ ကိုယ်လည်း အရမ်းဒေါသထွက်ပြီး တော့ ခပ်ရိုင်းရိုင်းပဲ ပြန်ပြောလိုက်တယ်။ နှမသားချင်းမစာနာတာပေါ့နော်။ ကိုယ့်ကို သွေး တိုး စမ်း ချင်တာလား၊ အနှောက်အယှက်ပေးချင်တာလားတော့ မသိဘူး။ ဒီလိုမျိုး မလုပ်သင့် ပါဘူး” လို့ သူကပြောပါတယ်။

မေမဒီက အခုလို ဖုန်းနဲ့ဆက်သွယ်ပြီး နှမချင်း မစာမနာပြောတာမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူး လို့ ပြောပါတယ်။ သူမကို ဆက်သွယ်လာတဲ့ MPT ဖုန်းနံပတ်ရှင်ကိုလည်း ခြေရာခံတွေ့ပြီလို့ သိရ ပါတယ်။ တရားစွဲဆိုဖို့အထိ လုပ်သွားမှာ မဟုတ်သေးဘူးလို့ သူကဆိုပါတယ်။

“ ဒီလိုမျိုးလည်း တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ နင်က အနုပညာအလုပ်လုပ်တာ၊ ပြောချင်တိုင်း ပြော မယ်၊ ဆိုချင်တိုင်း ဆိုမယ် ဆိုတာမျိုးက စေတနာနဲ့ပြောတဲ့စကားရှိတယ်၊ တမင်လိုက်ပြီး တော့ ထိုးနှက်တဲ့ စကားလည်းရှိတယ်။ အဲဒီလို လုပ်လို့ လက်မခံနိုင်ပါဘူး။ ဥပဒေနဲ့ နေတဲ့နိုင်ငံဖြစ်လို့ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ အဲဒီဖုန်းပိုင်ရှင်ရဲ့ နာမည်၊ မှတ်ပုံတင်နံပါတ်၊ သူ့ရဲ့ ဓာတ်ပုံက အစ ညီမတို့ရထား တယ်။ နောက်တစ်ခေါက်ပြ န်ဆက် လိုက်တဲ့ အချိန်မှာ ဆက်ပိတ်သွားတယ်။ အရမ်းဒေါသထွက်သွားပါတယ်” လို့ဆက်လက် ပြောပြခဲ့ပါတယ်။

မေမဒီဟာ ဂီတကို ဝါသနာပါတဲ့အတွက် အောင်မြင်ဖို့ ကြိုးစားနေသူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေကလည်း မကြာခင် ထွက်ရှိလာတော့မှာဖြစ်လို့ စိတ်ကို အေး အေး ချ မ်းချမ်းလေးဖြစ်အောင် နေထိုင်တယ်လို့ သူကပြောပါတယ်။

“ အခုချိန်မှာ ညီမလည်း တစ်ကိုယ်တော်အခွေထွက်ဖို့ နီးလာပြီ။ အဲဒီအတွက် သီချင်းတွေ လုပ်နေရပါတယ်။ ဘာမဟုတ်တဲ့ အရာတွေအတွက် အချိန်ကုန် မခံတော့ဘူး။ ကိုယ်တွေက အရမ်းကြိုးစားနေရတဲ့အချိန်မှာ ဒါတွေကို ခေါင်းထဲ ထည့်ထားလို့ မရဘူးပေါ့နော်” ဆိုပြီး တော့ ဖေဖော်ဝါရီလ ၆ ရက်နေ့က MMID Music Concert ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ တာပါ။

မေမဒီကိုတော့ ပရိသတ်တွေက Myanmar idol(Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ေ ယာက်ဖြစ်ကတည်းက စတင်အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ စတုတ္ထမြောက် Result Show မှာ ပရိသတ်ကို နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ ပြိုင်ပွဲပြီးသွားတဲ့နောက် မှာ လည်း ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သူမဟာ ဆိုဖီယာနဲ့ အတူတွဲပြီး ယာယီ ဆိုတဲ့ သီချင်းလေး ထွက်ရှိထားပါတယ်။ အဲဒီနောက် ပိုးမီ၊ ဂေဂေး၊ မင်းရ တုပိုင်၊ ဖြူဖွေး တို့နဲ့ အတူတွဲပြီး “Friend” ဆိုတဲ့ တေးသီချင်းအခွေ ထွက် ရှိခဲ့ ပါသေး တယ်။

ဆယ်လီရပ်ကွက်

Comments are closed.