က်ားက်ားၾကိဳက္ၾကိဳက္ ရုပ္ရွင္ကားကို ပရိသတ္ေတြ ၾကိဳက္ၾကမယ္ဆိုတဲ့ ျမင့္ျမတ္

က်ားက်ားၾကိဳက္ၾကိဳက္ ရုပ္ရွင္ကားကို ပရိသတ္ေတြ ၾကိဳက္ၾကမယ္ဆိုတဲ့ ျမင့္ျမတ္

က်ားက်ားၾကိဳက္ၾကိဳက္ ရုပ္ရွင္ကားၾကီးမွာေတာ့ အဓိက မင္းသားေတြအျဖစ္ မင္းေမာ္ကြန္းနဲ႕ ျမင့္ျမတ္တုိ႕က ပါဝင္ထားျပီး မင္းသမီးေတြကေတာ့ မိတ္ကပ္ပညာရွင္ ေတြ ျဖစ္ပါတယ္။ မၾကီးစန္း ၊ သုသု ၊ မထက္နဲ႕ လင္းလင္းတို႕နဲ႕အတူ ေပါင္းရိုက္ရမယ့္ ဒီရုပ္ရွင္ကားက ဘယ္လိုမ်ိဳး ထင္ျမင္ခ်က္ေတြ လာႏိုင္မယ္ ဆိုတာေတာ့ မေသခ်ာပါဘူး။ ရိုက္ကြင္းပံုရိပ္အခ်ိဳ႕ကို ျမင္ခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ ေဝဖန္သံအခ်ိဳ႕ကိုလည္း ၾကားသိရပါတယ္။

ဒီရုပ္ရွင္ကားနဲ႕ ပတ္သက္လို႕ေတာ့ ျမင့္ျမတ္က ခုလိုမ်ိဳး ေျပာျပသြားပါတယ္။

ဒီကားမွာေတာ့ ခ်စ္လြန္းသူဆိုတဲ့ ကာရိုက္တာနဲ႕ေပါ့။ ပံုစံၾကီးကေတာ့ ၾကမ္းၾကမ္းပဲ။ Rocker လိုမ်ိဳး စတိုင္နဲ႕။ ဒါေပမဲ့ ေကာင္မေလးေတြဆိုရင္ အရမ္းခ်စ္တတ္ျပီး အသည္းေတြ ဘာေတြ ကြဲတယ္ဆိုလည္း မ်က္ရည္နဲ႕ မ်က္ခြက္။ အဲ့လိုပံုစံမ်ိဳး။ ေနာက္ျပီး ပံုစံခ်ည္းကသာ က်ားက်ားလ်ားလ်ား ပါးခ်ည္းပဲ အရိုက္ခံရတာ အဲ့လိုပံုစံမ်ိဳးခ်ည္းေတြပဲ ရွိတယ္။ ျပီးလို႕ရွိရင္ ကိုယ့္ကိုယ္ကိုလည္း ဆြဲၾကိဳးေတြခ် သတ္ေသ အဲ့လိုပံုစံ။ ကိုေက်ာ္ကေတာ့ ေစာ္ၾကည္ဘဲ။” လို႕ ဆိုပါတယ္။

က်ားက်ားၾကိဳက္ၾကိဳက္ ရုပ္ရွင္ကားနဲ႕ပတ္သက္ျပီး ပရိသတ္ေတြ ၾကိဳက္ၾကမယ္ ဆိုတဲ့ အေၾကာင္းလည္း ျမင့္ျမတ္က ခုလို ေျပာသြားပါတယ္။“အဓိကကေတာ့ ဇာတ္ကိုက ဆန္းတာေပါ့ေနာ္။ ကၽြန္ေတာ့္ အျမင္အရ ေျပာရရင္ေတာ့ ဒီကားက ပရိသတ္ အရမ္း စိတ္ဝင္စားမယ္။ ရံုေပၚေရာက္လာရင္လည္း ပရိသတ္ေတြ ၾကိဳက္ၾကမယ္။ အရမ္းလည္း ရယ္ရမယ္။ အားလံုးက အႏုပညာသမားေတြပါပဲ။ အဲ့လိုဆိုေတာ့ အားလံုးက တကယ့္ဆရာၾကီးေတြပါပဲေနာ္။ ကင္မရာနဲ႕ စိမ္းတဲ့သူ တစ္ေယာက္မွ မပါပါဘူး။ ဒီကားကေတာ့ entertainment ပါပဲ။ မက္ေဆ့ခ်္ရယ္လို႕ေတာ့ ေထြေထြထူးထူး မရွိပါဘူး။ ဒါေပမဲ့ ေကာင္မေလးတစ္ေယာက္နဲ႕ ကိုယ့္ကိုယ္ကိုယ္ သတ္ေသရေလာက္ေအာင္ ေပ်ာ့ညံ့တဲ့ ေယာက်္ားတစ္ေယာက္ေတာ့ မျဖစ္သင့္ဘူးေပါ့ အဲ့လိုေတြ ပါတယ္။”လို႕ ဆိုပါတယ္။

၂၀၁၉ မွာ စိတ္ၾကိဳက္ဇာတ္ေတြ ဖန္တီးသြားဖို႕ရွိေၾကာင္းကိုလည္း ျမင့္ျမတ္က ခုလို ေျပာျပသြားပါတယ္။“၃ လပိုင္းက်ရင္ေတာ့ အကယ္ဒမီေပးပြဲရွိတယ္ၾကားတယ္။ ေထြေထြထူးထူးကေတာ့ ရင္မခုန္ပါဘူး။ အရင္ရိုက္တဲ့ ဇာတ္ေတြနဲ႕မတူဘဲ ပံုစံနည္းနည္းခ်င္းစီ ရိုက္ျပီးေတာ့ ကၽြန္ေတ္ာတို႕ စိတ္ၾကိဳက္ ခ်ိန္းသြားဖို႕ရွိတယ္။ ကၽြန္ေတာ္အရင္တုန္းကဆိုရင္ တစ္ခ်ိဳ႕ဇာတ္ေလးလည္း မရိုက္ခ်င္တာလည္း ရွိတယ္။ ပရိုဂ်ဴဆာအၾကိဳက္ေသာ္လည္းေကာင္း ရိုက္ရတာေလးေတြ ရွိတယ္။ ၂၀၁၉ ထဲမွာေတာ့ ကၽြန္ေတာ္တို႕ စိတ္ၾကိဳက္ဇာတ္ေတြကိုပဲ ဖန္တီးသြားဖို႕ ရွိပါတယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[Unicode]

ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ကားကြီးမှာတော့ အဓိက မင်းသားတွေအဖြစ် မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့က ပါဝင်ထားပြီး မင်းသမီးတွေကတော့ မိတ်ကပ်ပညာရှင် တွေ ဖြစ်ပါတယ်။ မကြီးစန်း ၊ သုသု ၊ မထက်နဲ့ လင်းလင်းတို့နဲ့အတူ ပေါင်းရိုက်ရမယ့် ဒီရုပ်ရှင်ကားက ဘယ်လိုမျိုး ထင်မြင်ချက်တွေ လာနိုင်မယ် ဆိုတာတော့ မသေချာပါဘူး။ ရိုက်ကွင်းပုံရိပ်အချို့ကို မြင်ချိန်မှာတော့ ပရိသတ်တွေရဲ့ ဝေဖန်သံအချို့ကိုလည်း ကြားသိရပါတယ်။

ဒီရုပ်ရှင်ကားနဲ့ ပတ်သက်လို့တော့ မြင့်မြတ်က ခုလိုမျိုး ပြောပြသွားပါတယ်။

ဒီကားမှာတော့ ချစ်လွန်းသူဆိုတဲ့ ကာရိုက်တာနဲ့ပေါ့။ ပုံစံကြီးကတော့ ကြမ်းကြမ်းပဲ။ Rocker လိုမျိုး စတိုင်နဲ့။ ဒါပေမဲ့ ကောင်မလေးတွေဆိုရင် အရမ်းချစ်တတ်ပြီး အသည်းတွေ ဘာတွေ ကွဲတယ်ဆိုလည်း မျက်ရည်နဲ့ မျက်ခွက်။ အဲ့လိုပုံစံမျိုး။ နောက်ပြီး ပုံစံချည်းကသာ ကျားကျားလျားလျား ပါးချည်းပဲ အရိုက်ခံရတာ အဲ့လိုပုံစံမျိုးချည်းတွေပဲ ရှိတယ်။ ပြီးလို့ရှိရင် ကိုယ့်ကိုယ်ကိုလည်း ဆွဲကြိုးတွေချ သတ်သေ အဲ့လိုပုံစံ။ ကိုကျော်ကတော့ စော်ကြည်ဘဲ။” လို့ ဆိုပါတယ်။

ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေ ကြိုက်ကြမယ် ဆိုတဲ့ အကြောင်းလည်း မြင့်မြတ်က ခုလို ပြောသွားပါတယ်။“အဓိကကတော့ ဇာတ်ကိုက ဆန်းတာပေါ့နော်။ ကျွန်တော့် အမြင်အရ ပြောရရင်တော့ ဒီကားက ပရိသတ် အရမ်း စိတ်ဝင်စားမယ်။ ရုံပေါ်ရောက်လာရင်လည်း ပရိသတ်တွေ ကြိုက်ကြမယ်။ အရမ်းလည်း ရယ်ရမယ်။ အားလုံးက အနုပညာသမားတွေပါပဲ။ အဲ့လိုဆိုတော့ အားလုံးက တကယ့်ဆရာကြီးတွေပါပဲနော်။ ကင်မရာနဲ့ စိမ်းတဲ့သူ တစ်ယောက်မှ မပါပါဘူး။ ဒီကားကတော့ entertainment ပါပဲ။ မက်ဆေ့ချ်ရယ်လို့တော့ ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမဲ့ ကောင်မလေးတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေရလောက်အောင် ပျော့ညံ့တဲ့ ယောကျ်ားတစ်ယောက်တော့ မဖြစ်သင့်ဘူးပေါ့ အဲ့လိုတွေ ပါတယ်။”လို့ ဆိုပါတယ်။

၂၀၁၉ မှာ စိတ်ကြိုက်ဇာတ်တွေ ဖန်တီးသွားဖို့ရှိကြောင်းကိုလည်း မြင့်မြတ်က ခုလို ပြောပြသွားပါတယ်။“၃ လပိုင်းကျရင်တော့ အကယ်ဒမီပေးပွဲရှိတယ်ကြားတယ်။ ထွေထွေထူးထူးကတော့ ရင်မခုန်ပါဘူး။ အရင်ရိုက်တဲ့ ဇာတ်တွေနဲ့မတူဘဲ ပုံစံနည်းနည်းချင်းစီ ရိုက်ပြီးတော့ ကျွန်တေ်ာတို့ စိတ်ကြိုက် ချိန်းသွားဖို့ရှိတယ်။ ကျွန်တော်အရင်တုန်းကဆိုရင် တစ်ချို့ဇာတ်လေးလည်း မရိုက်ချင်တာလည်း ရှိတယ်။ ပရိုဂျူဆာအကြိုက်သော်လည်းကောင်း ရိုက်ရတာလေးတွေ ရှိတယ်။ ၂၀၁၉ ထဲမှာတော့ ကျွန်တော်တို့ စိတ်ကြိုက်ဇာတ်တွေကိုပဲ ဖန်တီးသွားဖို့ ရှိပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.