မိုရီဆာကီဝင်းနဲ့ ဂျပန်အဆိုတော်မ လေး Hirahara Ayakaတို့ရဲ့အပီအ ပြင် ကနေကြတဲ့ Tik Tok ဗီဒီယိုအ သစ်လေး”

မိုရီဆာကီဝင်းနဲ့ ဂျပန်အဆိုတော်မ လေး Hirahara Ayakaတို့ရဲ့အပီအ ပြင် ကနေကြတဲ့ Tik Tok ဗီဒီယိုအ သစ်လေး”

ပရိသတ်ကြီးရေ…MNTV ရုပ်သံလိုင်း နဲ့ Myanmar Media 7 တို့မှ ပူးပေါင်းရိုက်ကူး ထားတဲ့ “အိမ်မက်တွေမိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲကို ဖေဖော်ဝါရီလ ထဲမှာ ထုတ်လွှ င့်ပြသနေပြီဖြစ်ပါတယ်နော်.။ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းလေးကိုတော့ ဂျပန်အဆို တော် Hirahara Ayaka နဲ့ Morisaki Winတို့က ပူးပေါင်းတွဲဖက်သီဆိုထားပြီး “ တကယ်လို့(MOSHIMO)” လို့ အမည်ပေးထားတာပါ..။ “တကယ်လို့(MOSHIMO)”ကို ဂျပန်အဆိုတော် Hirahara Ayaka မှ ခံစားရေးစပ်ထားတာပါ..။ သီချင်းလေးရဲ့ သံစဉ် လေးတွေက အရမ်းကို နားထဲမှာ စွဲသွားစေပြီး ချိုမြမြလေးနဲ့ ခံစားရတဲ့ သီချင်း လေးလို့ပြော ရင်မှားမယ်မထင်ပါဘူး..။

သီချင်းစာသားလေးတွေဟာ ချိုမြိန်ပြီး ကောင်းလွန်းလို့ လက်ရှိ ပရိသတ်တွေကြားထဲမှာ ရေပန်းစားလူကြိုက်များတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်လို့နေပါတယ်..။ လိုက်ဖက်ညီညီသီ ဆို ထားတဲ့ မိုရီဆာကီဝင်းနဲ့ ဂျပန်အဆိုတော်မလေးတို့ကို “တကယ်လို့ (MOSHIMO) သီချ င်းနဲ့ ပရိသတ်တွေအသည်းကို သိမ်းပိုက်သွားခဲ့တယ်လို့ပြောရမှာပါနော်..။ ဒီနေ့ ဖေဖော်ဝါ ရီလ (၉)ရက်နေ့မှာတော့ မိုရီဆာကီဝင်းက ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေးနဲ့ ဆော့ထားတဲ့ Tik Tok ဗီဒီယိုအသစ်လေးကို “တကယ်လို့ TikTok လိုက်ကဲကြည့် .. အဲ အဲ .. လိုက်လုပ် ကြည့်ကြပါ လို့စ်” ဆိုပြီး Official Page မှာ တင်လာခဲ့ပါတယ်..။

ဂျပန်မလေး Hirahara Ayaka နဲ့ အဝင်းတို့နှစ်ယောက်သား အပီအပြင်ကကာ ဆော့ထား တဲ့ Tik Tok ဗီဒီယိုလေးထဲမှာ အဝင်းတစ်ယောက်ကတော့ ကနေတာ ကွေးနေတာပဲနော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးအတွက် အပီအပြင်ဒွန့်နေကြတဲ့ မိုရီဆာကီဝင်းနဲ့ ဂျပန်အဆို တော်မလေး Hirahara Ayaka တို့ရဲ့ Tik Tok ဗီင်္ဒီယိုအသစ်လေးကိုပြ န်လည်မျှဝေ ယ်..။

Source: PrizmaX Myanmar Holics,CRD-Cele Connections

[Unicode]




Comments are closed.