ဘောက်ဆူးဆိုပြီး မြန်မာငွေ သိန်း ၇၀ ကျော်ဖိုး မုန့်ဖိုးအပေးခံခဲ့ရတဲ့စား ပွဲ ထိုး မလေး

ဘောက်ဆူးဆိုပြီး မြန်မာငွေ သိန်း ၇၀ ကျော်ဖိုး မုန့်ဖိုးအပေးခံခဲ့ရတဲ့စား ပွဲ ထိုး မလေး

စားသောက်ဆိုင်တွေက စားပွဲထိုးတွေဟာ တစ်ခါတစ်ရံကျရင် လာစားတဲ့သူတွေက စားပွဲထိုး တွေရဲ့ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ရင် ပိုက်ဆံရှင်းတဲ့အခါ စားပွဲထိုးတွေအတွက် မုန့် ဖိုးလေးတွေ ပေးတတ်ကြပါတယ်။ ဒီလို မုန်ဖိုးပေးရင်တော့ များသောအားဖြင့် အကြွေတွေသာ ပေးလေ့ရှိတယ်မဟုတ်လား။ ဒါပေမယ့် အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်ရှိ စားပွဲထိုးကောင်မလေးတစ်ယောက်ကတော့ စားသောက်ဆိုင်ကို လာစားတဲ့သူတစ်ဦးဆီက အမေရိကန်ဒေါ်လာ ၅၀၀၀(၇၅သိန်းကျော်) ကို မုန်ဖိုးအဖြစ်ရရှိခဲ့ကြောင်း New.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Jennifer Navaria လို့အမည်ရတဲ့ ကောင်မလေးဟာ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်ရှိ Seaglass စားသောက်ဆိုင်မှာ စားပွဲထိုးအဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။ ဒီလိုနဲ့ စနေနေ့ည (၁.၂.၂၀၂၀) မှာ စားပွဲနံပါတ်လေးက ဧည့်သည်တစ်ချို့ဟာ ဘီလ်ရှင်းဖို့ သူမကိုခေါ်ခဲ့ပါတယ်။ အဲဒီဝိုင်းရဲ့ ကျသင့်ငွေကတော့ စုစုပေါင်း ၁၅၇ ဒေါ်လာသာဖြစ်ပါတယ်။ Jennifer ရဲ့ စိတ်ထဲမှာတော့ သူမကို မုန့်ဖိုး ဒေါ်လာ၅၀ ခန့်ပေးမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီလိုနဲ့ ဧည့်သည်တွေပြန်သွားတဲ့အချိန် ဘီလ်စာရွက်အောက်ဆုံးကို ကြည့်လိုက်တော့ ပေး သွားတဲ့ ငွေပမာဏက ဂဏန်း ၄ လုံးဖြစ်နေတယ်။ သေချာထပ်ကြည့်လို က်တဲ့အချိန် မှာတော့ Jennifer ဟာ ဧည့်သည်တွေဟာ သူမကို ဒေါ်လာ ၅၀၀၀ တောင် မုန့်ဖိုးအဖြ စ်ပေး သွားမှန်းသိခဲ့ရပါတယ်။

“ကျွန်မတော်တော်ရှောခ့်ရသွားပါတယ်။ ကျွန်မဘဝမှာ ဒီလောက်ငွေအများကြီးကို မုန့်ဖိုး အဖြစ်တစ်ခါမှ မရဖူးသေးပါဘူး။ အခုလို မုန့်ဖိုးပေးသွားတဲ့ Mr.borch ကိုလဲ တကည် ကျေးှဇူးတင်ပါတယ်ရှင်” လို့ ပြောကြားခဲ့ပါတယ်။ Jennifer ဟာ သူမဒီလို မုန့်ဖိုးအများ ကြီးရတဲ့အကြောင်းကို Facebook ပေါ်တင်ပြီး Mr.Boach ကိုလဲ ကျေးဇူးအ ရမ်းတင်ကြော င်း ရေးသားခဲ့ပါတယ်။ ဒီပို့စ်ကို တွေ့တဲ့သူတော်တော်များများကတော့ Mr.Boach ကို ဒီ လောက်မုန့်ဖိုးအများကြီးပေးခဲ့လို့ ချီးကြူးစကားတွေ ဆိုခဲ့ကြပါတယ်။

Mr.Boach ကတော့ ဒါဟာ မိတ်ဆွေတွေနဲ့ မုန့်သွားစားရင်း စိန်ခေါ်မှုတစ်ခုလုပ်ကာ challenge အဖြစ် လက်ခံခဲ့တာကြောင့် မုန့်ဖိုးအဖြစ် ဒေါ်လာ ၅၀၀၀ ကို ပေးခဲ့တာပါတဲ့။ နောက်ပြီး လူတစ်ယောက်ရဲ့ဘဝအတွက် အကျိုးဖြစ်သွားစေမှာသေချာတာကြောင့် မပေးချင်စရာအကြောင်း မရှိပါဘူးတဲ့လေ။

CRD-SHWEMOM

[Zawgyi]

စားေသာက္ဆိုင္ေတြက စားပြဲထိုးေတြဟာ တစ္ခါတစ္ရံက်ရင္ လာစားတဲ့သူေတြက စားပြဲထိုး ေတြရဲ့ ဝန္ေဆာင္မွုကို ႀကိဳက္ႏွစ္သက္ရင္ ပိုက္ဆံရွင္းတဲ့အခါ စားပြဲထိုးေတြအတြက္ မုန႔္ ဖိုးေလးေတြ ေပးတတ္ၾကပါတယ္။ ဒီလို မုန္ဖိုးေပးရင္ေတာ့ မ်ားေသာအားျဖင့္ အေႂကြေတြသာ ေပးေလ့ရွိတယ္မဟုတ္လား။ ဒါေပမယ့္ အေမရိကန္နိုင္ငံ၊ Massachusetts ျပည္နယ္ရွိ စားပြဲထိုးေကာင္မေလးတစ္ေယာက္ကေတာ့ စားေသာက္ဆိုင္ကို လာစားတဲ့သူတစ္ဦးဆီက အေမရိကန္ေဒၚလာ ၅၀၀၀(၇၅သိန္းေက်ာ္) ကို မုန္ဖိုးအျဖစ္ရရွိခဲ့ေၾကာင္း New.com.au သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Jennifer Navaria လို႔အမည္ရတဲ့ ေကာင္မေလးဟာ အေမရိကန္နိုင္ငံ၊ Massachusetts ျပည္နယ္ရွိ Seaglass စားေသာက္ဆိုင္မွာ စားပြဲထိုးအျဖစ္လုပ္ကိုင္လ်က္ရွိပါတယ္။ ဒီလိုနဲ႔ စေနေန႔ည (၁.၂.၂၀၂၀) မွာ စားပြဲနံပါတ္ေလးက ဧည့္သည္တစ္ခ်ိဳ႕ဟာ ဘီလ္ရွင္းဖို႔ သူမကိုေခ ၚခဲ့ပါတယ္။ အဲဒီဝိုင္းရဲ့ က်သင့္ေငြကေတာ့ စုစုေပါင္း ၁၅၇ ေဒၚလာသာျဖစ္ပါတယ္။ Jennifer ရဲ့ စိတ္ထဲမွာေတာ့ သူမကို မုန႔္ဖိုး ေဒၚလာ၅၀ ခန႔္ေပးမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။ ဒီလိုနဲ႔ ဧည့္သ ည္ေတြျပန္သြားတဲ့အခ်ိန္ ဘီလ္စာရြက္ေအာက္ဆုံးကို ၾကည့္လိုက္ေတာ့ ေပး သြားတဲ့ ေငြပမာ ဏက ဂဏန္း ၄ လုံးျဖစ္ေနတယ္။ ေသခ်ာထပ္ၾကည့္လို က္တဲ့အခ်ိန္ မွာေတာ့ Jennifer ဟာ ဧည့္သည္ေတြဟာ သူမကို ေဒၚလာ ၅၀၀၀ ေတာင္ မုန႔္ဖိုးအၿဖ စ္ေပး သြားမွန္းသိခဲ့ရပါတယ္။

“ကၽြန္မေတာ္ေတာ္ေရွာခ့္ရသြားပါတယ္။ ကၽြန္မဘဝမွာ ဒီေလာက္ေငြအမ်ားႀကီးကို မုန႔္ဖိုး အျဖစ္ တစ္ခါမွ မရဖူးေသးပါဘူး။ အခုလို မုန႔္ဖိုးေပးသြားတဲ့ Mr.borch ကိုလဲ တကည္ ေက်းွ ဇူး တင္ပါတယ္ရွင္” လို႔ ေျပာၾကားခဲ့ပါတယ္။ Jennifer ဟာ သူမဒီလို မုန႔္ဖိုးအမ်ား ႀကီးရတဲ့ အေၾကာင္းကို Facebook ေပၚတင္ၿပီး Mr.Boach ကိုလဲ ေက်းဇူးအ ရမ္းတင္ေၾကာ င္း ေရး သား ခဲ့ပါတယ္။ ဒီပို႔စ္ကို ေတြ႕တဲ့သူေတာ္ေတာ္မ်ားမ်ားကေတာ့ Mr.Boach ကို ဒီ ေလာက္မု န႔္ဖိုးအမ်ားႀကီးေပးခဲ့လို႔ ခ်ီးၾကဴးစကားေတြ ဆိုခဲ့ၾကပါတယ္။

Mr.Boach ကေတာ့ ဒါဟာ မိတ္ေဆြေတြနဲ႔ မုန႔္သြားစားရင္း စိန္ေခၚမွုတစ္ခုလုပ္ကာ challenge အျဖစ္ လက္ခံခဲ့တာေၾကာင့္ မုန႔္ဖိုးအျဖစ္ ေဒၚလာ ၅၀၀၀ ကို ေပးခဲ့တာပါတဲ့။ ေနာက္ၿပီး လူတစ္ေယာက္ရဲ့ဘဝအတြက္ အက်ိဳးျဖစ္သြားေစမွာေသခ်ာတာေၾကာင့္ မေပးခ်င္စ ရာအေၾကာင္း မရွိပါဘူးတဲ့ေလ။

CRD-SHWEMOM

Comments are closed.