အားေပးၾကမ္းတဲ့ စိတ္ေရာဂါသည္ ပရိသတ္ကုိ ကုိယ္တုိင္သြားေတြ႔မယ့္ ေဇရဲထက္

အားေပးၾကမ္းတဲ့ စိတ္ေရာဂါသည္ ပရိသတ္ကုိ ကုိယ္တုိင္သြားေတြ႔မယ့္ ေဇရဲထက္

လက္႐ွိအခ်ိန္မွာ ေအာင္ျမင္ေနတဲ့ မင္းသားတစ္လတ္ျဖစ္ၿပီး ထိပ္တန္းမင္းသားတစ္ေယာက္ျဖစ္တဲ့အျပင္ အလြမ္းအေဆြးဟာသ အက္႐ွင္စတဲ့ ကာ႐ုိက္တာေတြကုိလည္း အေကာင္းဆုံးသ႐ုပ္ေဆာင္ႏုိင္တဲ့ မင္းသားေဇရဲထက္ကေတာ့ ေမာ္လျမဳိင္ဘက္က အရမ္းအားေပးၾကမ္းတဲ့ စိတ္ေရာဂါသည္ ပရိသတ္ကုိ လူကုိယ္တုိင္သြားေတြ႔မယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

တစ္ခဲနက္အားေပးတဲ့ စိတ္ေရာဂါ ေဝဒနာ႐ွင္ေလးနဲ႔ ပတ္သက္ၿပီး ေဇရဲထက္က “ခံစားခ်က္ကေတာ့ အရမ္းလည္း သနားသြားတယ္။ ၾကည့္ရင္းနဲ႔ေတာင္ ငုိခ်င္သြားတယ္ေပါ့ေနာ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကုိကြၽန္ေတာ္ ပုိၿပီးအား႐ွိသြားတာေပါ့ေနာ္။ ကြၽန္ေတာ့္ကုိ အရမ္းခ်စ္တယ္။ သူေျပာတဲ့ စကားေလးလည္း ႀကိဳက္ပါတယ္ တစ္ေယာက္ဆုိ ပိေတာက္တုိပိေတာက္ အဲ့လုိပုံစံေဘးေတြေပါ့ေနာ္။ အရမ္းကုိ ျဖဴျဖဴစင္စင္ ရင္းရင္းနီးႏွီးနဲ႔ သူစိတ္ထဲက ပါပါနဲ႔ ကုိယ့္ကုိ ခ်စ္ျမတ္ႏုိးၿပီး အားေပးတယ္ဆုိတာကုိ သိလုိက္ရတာေပါ့။ ကုိယ့္စိတ္ထဲမွာလည္း ဝမ္းနည္းမိပါတယ္ သူကအရမ္းေတြ႔ခ်င္တယ္ဆုိေတာ့ ကုိယ္လည္း သြားေတြ႔ဖုိ႔ေတာ့ အခုစီစဥ္ေနတယ္ေပါ့။ သြားေတြ႔ျဖစ္ေအာင္လည္း သြားေတြ႔မွာပါဗ်။

ကြၽန္ေတာ္က အမွန္မွန္ဆုိ မသိဘူး Facebook မွာတက္လာတဲ့အခါက်ေတာ့မွ ၾကည့္လုိက္တဲ့ အခုမွာ အရမ္းသနား သြားတယ္။ အရမ္းသနားတာထက္ သူကုိယ့္ကုိ အားေပးတာႀကီးကေလ ေၾကာက္စရာႀကီးေပါ့ေနာ္။ ဘယ္လုိေျပာရမလဲ မေျပာတတ္ဘူးေပါ့ေနာ္။ ကုိယ့္ကုိအားေပးတဲ့ ပုံစံႀကီးက တကယ္ကုိ လႈိက္လႈိက္လွဲလွဲနဲ႔ ရင္ထဲက ပါတဲ့ပုံစံမ်ိဳးႀကီးနဲ႔ ၿပီးေတာ့ ေနာက္တစ္ခုက အခုေျပာသလုိေပါ့ ေဝဒနာ႐ွင္တစ္ေယာက္ျဖစ္ေနတဲ့ အခါက်ေတာ့ သူ႔လုိလူတစ္ေယာက္ေတာင္မွ ကုိယ့္နာမည္လည္းသိတယ္ ကုိယ့္ကုိလည္း အားေပးတယ္ဆုိေတာ့။ ကုိယ့္ကုိယ္ကုိယ္ထပ္ၿပီး ၾကဳိးစားလာရမယ္ဆုိတာကုိေတာ့ သိလာရပါတယ္။

သူက ေမာ္လျမဳိင္ဘက္ကနဲ႔တူတယ္ ကြၽန္ေတာ္ထင္တာေပါ့ ဟုိေန႔က စာထဲမွာဖတ္လုိက္ရတာေတာ့။ သူ႔ကုိ ေတြ႔ကုိေတြ႔မွာပါ ေတြ႔ျဖစ္မွာပါ။ ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္က ကုိယ့္ရဲ႕ အိမ္တြင္းေရးအခက္အခဲေတြလည္း ႐ွိေနတယ္။ ကုိယ္ကုိတုိင္လည္း က်န္းမာေရးသိပ္မေကာင္းေနတဲ့အခါက်ေတာ့ နားေနရတယ့္ အေျခအေနတစ္ခုျဖစ္ေနတာေပါ့။ အဲ့အတြက္ ကြၽန္ေတာ္ နည္းနည္းေလးေတာ့ ခ်င့္ခ်ိန္ေနရတာေပါ့ေနာ္။ သြားေတြ႔မယ့္အခ်ိန္က်ရင္ သူတုိ႔ကုိ အသိေပးၿပီးေတာ့ သြားေတြ႔မွာပါဗ်။ အဲ့မွာသူတုိ႔ရဲ႕ ရြာခံေတြဘာေတြနဲ႔. နည္းနည္းေလးစုံစမ္းၿပီးေတာ့ သြားေတြ႔မွာပါ။

သူက ကုိယ့္ကုိ အရမ္းေတြ႔ခ်င္တာကုိ အရမ္းေတြ႔ခ်င္တဲ့ အခါက်ေတာ့ ကုိယ္ကုိတုိင္လည္း သူ႔ေနရာမွာ ခံစားမိၿပီး ကြၽန္ေတာ္သြားေတြ႔ျဖစ္မယ္။ အားတက္မိတာေပါ့ ကုိယ့္ကုိတုိက္ခုိက္တဲ့ အေယာက္တစ္ရာနဲ႔ ကုိယ့္ကုိအားေပးတဲ့တစ္ေယာက္ တကယ္စိတ္ရင္းမွန္မွန္နဲ႔ အားေပးတဲ့ တစ္ေယာက္နဲ႔ ယွဥ္ရင္ေတာင္ အဲ့စိတ္ရင္းမွန္မွန္နဲ႔ အားေပးတဲ့တစ္ေယာက္ အတြက္ အစြမ္းကုန္ၾကဳိးစားသြားမွာပါ။ ကြၽန္ေတာ္သူ႔ကုိ အရမ္းလည္း ခ်စ္ပါတယ္ ကြၽန္ေတာ္ကုိယ္တုိင္လည္း သူတုိ႔ကုိ ေလးစားအားက်တယ္ သူတုိ႔ရဲ႕ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ကြၽန္ေတာ့္ဘက္ကလည္း ျပဳမူေနထုိင္သြားမယ္ဆုိတာကုိ ဒီကေနၿပီးေတာ့ ေျပာခ်င္ပါတယ္။ ညီမေလးကို အရမ္းခ်စ္ပါတယ္။ တစ္ေန႔ညီမေလးကုိ လာေတြ႔ပါမယ္လုိ႔။”လုိ႔ ေျပာသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[Unicode]

လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ မင်းသားတစ်လတ်ဖြစ်ပြီး ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့အပြင် အလွမ်းအဆွေးဟာသ အက်ရှင်စတဲ့ ကာရိုက်တာတွေကိုလည်း အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားဇေရဲထက်ကတော့ မော်လမြိုင်ဘက်က အရမ်းအားပေးကြမ်းတဲ့ စိတ်ရောဂါသည် ပရိသတ်ကို လူကိုယ်တိုင်သွားတွေ့မယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

တစ်ခဲနက်အားပေးတဲ့ စိတ်ရောဂါ ဝေဒနာရှင်လေးနဲ့ ပတ်သက်ပြီး ဇေရဲထက်က “ခံစားချက်ကတော့ အရမ်းလည်း သနားသွားတယ်။ ကြည့်ရင်းနဲ့တောင် ငိုချင်သွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော့်ကိုကျွန်တော် ပိုပြီးအားရှိသွားတာပေါ့နော်။ ကျွန်တော့်ကို အရမ်းချစ်တယ်။ သူပြောတဲ့ စကားလေးလည်း ကြိုက်ပါတယ် တစ်ယောက်ဆို ပိတောက်တိုပိတောက် အဲ့လိုပုံစံဘေးတွေပေါ့နော်။ အရမ်းကို ဖြူဖြူစင်စင် ရင်းရင်းနီးနှီးနဲ့ သူစိတ်ထဲက ပါပါနဲ့ ကိုယ့်ကို ချစ်မြတ်နိုးပြီး အားပေးတယ်ဆိုတာကို သိလိုက်ရတာပေါ့။ ကိုယ့်စိတ်ထဲမှာလည်း ဝမ်းနည်းမိပါတယ် သူကအရမ်းတွေ့ချင်တယ်ဆိုတော့ ကိုယ်လည်း သွားတွေ့ဖို့တော့ အခုစီစဉ်နေတယ်ပေါ့။ သွားတွေ့ဖြစ်အောင်လည်း သွားတွေ့မှာပါဗျ။

ကျွန်တော်က အမှန်မှန်ဆို မသိဘူး Facebook မှာတက်လာတဲ့အခါကျတော့မှ ကြည့်လိုက်တဲ့ အခုမှာ အရမ်းသနား သွားတယ်။ အရမ်းသနားတာထက် သူကိုယ့်ကို အားပေးတာကြီးကလေ ကြောက်စရာကြီးပေါ့နော်။ ဘယ်လိုပြောရမလဲ မပြောတတ်ဘူးပေါ့နော်။ ကိုယ့်ကိုအားပေးတဲ့ ပုံစံကြီးက တကယ်ကို လှိုက်လှိုက်လှဲလှဲနဲ့ ရင်ထဲက ပါတဲ့ပုံစံမျိုးကြီးနဲ့ ပြီးတော့ နောက်တစ်ခုက အခုပြောသလိုပေါ့ ဝေဒနာရှင်တစ်ယောက်ဖြစ်နေတဲ့ အခါကျတော့ သူ့လိုလူတစ်ယောက်တောင်မှ ကိုယ့်နာမည်လည်းသိတယ် ကိုယ့်ကိုလည်း အားပေးတယ်ဆိုတော့။ ကိုယ့်ကိုယ်ကိုယ်ထပ်ပြီး ကြိုးစားလာရမယ်ဆိုတာကိုတော့ သိလာရပါတယ်။

သူက မော်လမြိုင်ဘက်ကနဲ့တူတယ် ကျွန်တော်ထင်တာပေါ့ ဟိုနေ့က စာထဲမှာဖတ်လိုက်ရတာတော့။ သူ့ကို တွေ့ကိုတွေ့မှာပါ တွေ့ဖြစ်မှာပါ။ လောလောဆယ်တော့ ကျွန်တော်က ကိုယ့်ရဲ့ အိမ်တွင်းရေးအခက်အခဲတွေလည်း ရှိနေတယ်။ ကိုယ်ကိုတိုင်လည်း ကျန်းမာရေးသိပ်မကောင်းနေတဲ့အခါကျတော့ နားနေရတယ့် အခြေအနေတစ်ခုဖြစ်နေတာပေါ့။ အဲ့အတွက် ကျွန်တော် နည်းနည်းလေးတော့ ချင့်ချိန်နေရတာပေါ့နော်။ သွားတွေ့မယ့်အချိန်ကျရင် သူတို့ကို အသိပေးပြီးတော့ သွားတွေ့မှာပါဗျ။ အဲ့မှာသူတို့ရဲ့ ရွာခံတွေဘာတွေနဲ့. နည်းနည်းလေးစုံစမ်းပြီးတော့ သွားတွေ့မှာပါ။

သူက ကိုယ့်ကို အရမ်းတွေ့ချင်တာကို အရမ်းတွေ့ချင်တဲ့ အခါကျတော့ ကိုယ်ကိုတိုင်လည်း သူ့နေရာမှာ ခံစားမိပြီး ကျွန်တော်သွားတွေ့ဖြစ်မယ်။ အားတက်မိတာပေါ့ ကိုယ့်ကိုတိုက်ခိုက်တဲ့ အယောက်တစ်ရာနဲ့ ကိုယ့်ကိုအားပေးတဲ့တစ်ယောက် တကယ်စိတ်ရင်းမှန်မှန်နဲ့ အားပေးတဲ့ တစ်ယောက်နဲ့ ယှဉ်ရင်တောင် အဲ့စိတ်ရင်းမှန်မှန်နဲ့ အားပေးတဲ့တစ်ယောက် အတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်သူ့ကို အရမ်းလည်း ချစ်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်း သူတို့ကို လေးစားအားကျတယ် သူတို့ရဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကျွန်တော့်ဘက်ကလည်း ပြုမူနေထိုင်သွားမယ်ဆိုတာကို ဒီကနေပြီးတော့ ပြောချင်ပါတယ်။ ညီမလေးကို အရမ်းချစ်ပါတယ်။ တစ်နေ့ညီမလေးကို လာတွေ့ပါမယ်လို့။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.