မန္တလေးမြို့မှာ မီးလောင်တာ live လွှင့်နေရင်း ဖုန်းလုခံလိုက်ရတဲ့ သီရတီ”
မန္တလေးမြို့မှာ မီးလောင်တာ live လွှင့်နေရင်း ဖုန်းလုခံလိုက်ရတဲ့ သီရတီ”
သီရတီကတော့ အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကားကြီးနဲ့ ပရိသတ်အသိမှတ်ပြုခြင်းကို ရရှိခဲ့သူဖြစ်ပြီး မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ ချည်ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်လည်း သက်မွန်မြင့်ရဲ့သူငယ်ချင်းနေရာကနေ သဘာဝကျကျသရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေး မှုအခိုင်အမာရရှိခဲ့တာဖြစ်ပါတယ်။
သူကတော့ မန္တလေးမှာနေသူဖြစ်ပြီး မနေ့ညကကျွဲဆည်ကန်မီးလောင်မှုမှာတော့ သူနေ တဲ့အိမ်နဲ့ သုံး၊လေးလမ်းလောက်ပဲခြားတာမို့ သွားရောက်ကြည့်ရှုကာ စိုးရိမ်နေသူအတွက် Live လွှင့်ကာ မျှဝေပေးခဲ့တာပါ။မန္တလေးမြို့ ကျွဲဆည်ကန် ကားကြီးကွင်းအနီးမှာရှိတဲ့ ဂိုထောင်တစ်လုံးကနေစတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးအားပြင်းတဲ့အပြင် အနားမှာလည်း ဆီဆိုင်တွေရှိတာကြောင့် အနားပတ်ဝန်းကျင်က ရပ်ကွက်နေပြည်သူ တွေကတော့ များစွာစိုးရိမ်ပူပန်ခဲ့ကြတာပါ။သီရတီကိုယ်တိုင်လည်း စိုးရိမ်ခဲ့ပြီး အပြင်သွား ရောက်ကြည့်ရှုကာ Live လွှင့်ခဲ့ချိန်မှာတော့ ဆိုင်ကယ်နဲ့အနားကနေဖြတ်သွားရင်း ဖုန်း လုခံလိုက်ရတာဖြစ်ပါတယ်။
သီရတီကတော့ မနေ့က ဖုန်းလုခံလိုက်ရချင်းမှာ ဖေ့ဘွတ်ခ်အကောင့် Password လည်း မမှတ်မိတာကြောင့် များစွာစိုးရိမ်ခဲ့ရပြီး အကောင့်ပြန်ရရချင်းမှာ ချစ်ရတဲ့ပရိသတ်တွေကို ဖုန်းလုခံလိုက်ရကြောင်း အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သီရတီကတော့ မန္တလေးမှာ Live လွှင့်ရင်း ဖုန်းလုခံလိုက်ရတာမို့ ပရိသတ်ကြီးလည်း လူစုဝေးတဲ့နေရာတွေသွားရင် သတိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။
Source – Thi Ra Tee
Rainbow- Cele Gabar,Reference&Credit;Celegabar.com
[Zawgyi]
Source – Thi Ra Tee
Comments are closed.