ကမ်းခြေသွားပြီး အတွဲတွေကိုလိုက် ငေး နေရ တာပါဆိုတဲ့ ခေးဆက်သွင်
ကမ်းခြေသွားပြီး အတွဲတွေကိုလိုက် ငေး နေရ တာပါဆိုတဲ့ ခေးဆက်သွင်
မင်းသမီးချောလေး ခေးဆက်သွင်ကတော့ လတ်တလောမှာ ကမ်းခြေမှာစိတ်အပန်းဖြေ နေတာဖြစ်ပြီး ကမ်းခြေသွားပြီး အတွဲတွေကိုလိုက်ငေးနေရတဲ့အကြောင်းကိုတော့ “ကမ်း ခြေမှာ အုန်းမှုတ်ခွက်ကေနဲ့ တစ်ယောက်တည်း ထိုင်ရင်း အတွဲတွေကို လိုက်ကြည့်နေတာ မြင်ရင် လှမ်းခေါ်လိုက်ပါ… အဲ့ဒါ ကျွန်တော်ပါ” လို့ သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ တစ်ယောက်တည်းအထီးကျန်ဆန်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ တင်ထားပါတယ်။
အမာညိုနဲ့ မမနှင်းဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်လာတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေး ခေးဆက်သွင်ကတော့ မကြာသေးမီကမှ အမြတ် တနိုးတန်ဖိုးထားတဲ့ ဆံပင်ရှည်ကြီးကိုညှပ်ထားပါသေးတယ်။ခေးဆက်သွင်ကတော့ ချစ်စ ရာမျက်နှာလေးနဲ့ ပွင့်လင်းဖော်ရွေစွာ ဆက်ဆံတတ်မှုတို့ကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရပါတယ်။ “
ဥယျာဉ်မှူး ဖြစ်ဖူးချင်သည်”၊”ဆုံစည်းခြင်း မိုးတိမ်များ”၊”သာမိုမီတာ”စ သည့်ရုပ်သံဇာတ် လ မ်းတွဲကြီးများလည်း အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပြီး “အရိပ်” ရုပ်သံဇာတ် လမ်းတွဲကြီးမှာ “အမာညို” ဆိုတဲ့ ကာရိုက်တာ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း မမနှင်းဆိုတဲ့ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုထပ်မံသိမ်းပိုက်ထားပြီး Star Award ဆုကြီးပါ ပိုင်ဆိုင်နိုင်မယ်လို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးချင်းကိုလည်း ခံနေရတာဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် မင်းသမီးချော ခေးဆက်သွင်ကတော့ ကမ်းခြေမှာအပန်းဖြေဖို့ သွားနေတာဖြစ်ပေမယ့် တစ်ယောက်တည်း ထိုင်ရင်း အတွဲတွေကို လိုက်ငေးနေရပါတယ်တဲ့နော်။ တစ်ယောက်တည်း အထီးကျန်နေရှာတာ …..
Source: Khay Sett Thwin
DarDar-CeleGabar,Reference&Credit;Celegabar.com
[Zawgyi]
Source: Khay Sett Thwin
Comments are closed.