ကြိုက်တဲ့ သူနဲ့ Troll ကြပါ ရယ်ရပါတယ်ဆိုတဲ့ ဖြူဖြူထွေး
ကြိုက်တဲ့ သူနဲ့ Troll ကြပါ ရယ်ရပါတယ်ဆိုတဲ့ ဖြူဖြူထွေး
[UNICODE FONT]
လက်ရှိ Facebook ပေါ်မှာ နာမည်ကြီးနေတဲ့ ဆယ်လီတယောက်ဖြစ်တဲ့ ဖြူဖြူထွေးဆိုတဲ့ ကောင်မလေးကိုတော့ အားလုံးလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဟာသဗီဒီယိုတွေနဲ့ ပေါက်ကရစိတ်ထက်ရာလုပ်ပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲပြီး Troll ပုံတွေတော်တော်များများတတ်လာခဲ့ကာ ပိုပြီးတော့တောင် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိမှာတော့ ဖြူဖြူထွေးကတော့ သူနဲ့ စိုင်းစိုင်း Troll ခံရတဲ့ပုံတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဖြူဖြူထွေးကတော့ MC7 နဲ့ အင်တာဗျူးမှာတော့ “facebook က လောလောဆယ်သိပ်ပြီးတော့ မသုံးဖြစ်ပါဘူး။ ဘာလို့လည်းဆိုတဲ့ ကိုယ်ကို Troll ပုံတွေက ၂၄ နာရီကိုတတ်နေတာလေ။ Troll ပါစေဆိုတဲ့ စိတ်နဲ့ဘဲ။ သားပုံလေးတွေ ဒီလိုမျိုးလုပ်ရလို့ သူတို့ပျော်တယ်ဆိုရင်လည်း လုပ်ပါစေ။ အဲ့လိုဆိုကောင်းပါတယ်”
“Media တွေကလည်း လက်ရှိစိုင်းစိုင်းနဲ့ Troll ခံနေရတာကိုဘဲမေးနေကြတယ်။ ဒီမေးခွန်းကို သားက မဖြေချင်တာတော့ မဟုတ်ပါဘူး။ အရမ်းကို ပြောပြချင်ပါတယ်။ ဒါပေမဲ့လည်း ဒါကြီးက အမြဲတမ်းကို အင်တာဗျူးတိုင်းမှာ ဒါကပါတယ်လေ။ ကိုစိုင်းစိုင်းကိုလည်း အားနာပါတယ်။ Troll ကျပါ။ ဒီလိုတွဲပြီးတော့ Troll ခံရတဲ့ အပေါ်မှာတော့ ပျော်တယ်ဆိုရင်လည်း သားကိုဆဲတော့မှာလေ။ ရီစရာဖြစ်လို့ Troll တာဘဲ ကြိုက်တဲ့ သူနဲ့ Troll ပါ။ သားဘာမှ မဖြစ်ပါဘူး”
“ပုံတွေတွေ့ပါတယ်။ Meme group တွေထဲမှာလည်း တွေ့ပါတယ်။ အဲ့ပုံတွေရဲ့အောက်က Comment တွေမှာလည်း သားကိုပြောထားတာ မှိုချိုးမြစ်ချိုးတွေကြီးပါပဲ။ ဒါကတော့ သူတို့အားပေးတဲ့လူကိုထိလို့ရှိရင်တော့ ဒီလိုဘဲ ဖြစ်တတ်ပါတယ်။ သဘာဝဘဲဆိုတော့ ပြောလို့လည်းမရဘူးလေ။ စိုင်းစိုင်းကိုကြိုက်လားဆိုတော့ ကြိုက်တယ်ပြောရင်လည်း Troll ကျဦးမယ်။ တော်ပြီလေနော့် စိုင်းစိုင်းနဲ့ Hot ခဲ့တာက ကျန်ခဲ့ပြီလေ”
“ဘယ်လိုမှတော့ မပြောချင်ပါဘူး။ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ Troll ကျတဲ့ပရိသတ်တွေလည်း ဆက်ပြီးတော့ Troll ပေးကြပါ။ ရီရတယ်လေ။ အားလုံးကိုလည်း ချစ်ပါတယ်” ဟု ဖြေကြားသွားခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.