စတိုင်အပြည့်နဲ့ရှိုးထုတ်တတ်နေပြီဖြစ်ပြီး တစ်နေ့တစ်ခြား ဖေဖေနဲ့ပိုတူ လာတဲ့ ဂျူနီယာမြင့်မြတ်လေး

စတိုင်အပြည့်နဲ့ရှိုးထုတ်တတ်နေပြီဖြစ်ပြီး တစ်နေ့တစ်ခြား ဖေဖေနဲ့ပိုတူ လာတဲ့ ဂျူနီယာမြင့်မြတ်လေး

ရုပ်ရှင်သရုပ်ဆောင် မင်းသားချောမြင့်မြတ်ကတော့ ဇာတ်ကောင်စရိုက်မရွေး ပီပြင်အ သက်ဝင်အောင် ဖန်တီးနိုင်စွမ်းရှိတာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက် တန် တန်ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အမိုက်စားတက်တူးတွေနဲ့ ယောက်ျားပီသနေတဲ့ မြင့်မြတ်က စိတ်သဘောထား နူးညံ့ဖြူစင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မြတ်က သူ့ကိုချစ်ခင်အား ပေးတဲ့ ပရိသတ်တွေအပေါ်မှာလည်း လေးလေးစားစားနဲ့ ဆက်ဆံတတ်တာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့ မြင့်မြတ်က ချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အတူ ချစ် စရာကောင်းတဲ့သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သားလေးဖြစ်တဲ့ မြတ်သူလေးကလည်း ဖေဖေမြင့်မြတ်နဲ့ရုပ်ချင်းဆင်တာကြောင့် ပရိသတ်တွေက ဂျူနီယာမြ င့်မြတ်လေးလို့ ချစ်စနိုးခေါ်ကြတာ ဖြစ်ပါတယ်။ အခုလည်း ဂျူနီယာမြင့်မြတ်လေးက ချောင်း သာကမ်းခြေမှာ စတိုင်အပြည့်နဲ့ ရှိုးထုတ်နေတဲ့ပုံလေးတွေကို ပရိသတ် တွေမြင်တွေ့ ရမှာ ဖြစ်ပါတယ်။

ချောင်းသာကမ်းခြေကို ဖေဖေ၊မေမေတို့နဲ့အတူရောက်ရှိနေတဲ့ ဂျူနီယာမြင့်မြတ်ရဲ့ပုံလေးတွေ ကို မြင့်မြတ်ရဲ့ချစ်တပည့်မြတ်ဝေထွန်းက တင်ပေးထားတာ ဖြစ်ပါတယ်။ အခုအရွယ်ကတ ည်း က ဖေဖေ့လိုစတိုင်ကျနေပြီဖြစ်တဲ့ မြတ်သူလေးကတော့ တစ်နေ့တစ်ခြားဆိုသလို မြင့်မြ တ်နဲ့ရုပ်ချင်းဆင်လာတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂျူနီယာမြင့်မြတ်လေးရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit – Myat Wai Tun’s FB Acc

[Zawgyi]





Comments are closed.