အီတလီ မွာ ပိုက္ဆံ ၁ ေဒၚလာ ရွိ႐ုံနဲ႔ အိမ္ တလုံး ပိုင္ဆိုင္ႏိုင္မယ့္ အခြင့္အေရး

အီတလီ မွာ ပိုက္ဆံ ၁ ေဒၚလာ ရွိ႐ုံနဲ႔ အိမ္ တလုံး ပိုင္ဆိုင္ႏိုင္မယ့္ အခြင့္အေရး

ဒီအေၾကာင္းအရာကေတာ့ အီတလီနိုင္ငံ၊ စစၥလီကၽြန္းေပၚက ေနအိမ္တခ်ိဳ႕ကို အေမရိကန္ေဒၚလာ ၁ ေဒၚလာတည္းနဲ႔ ေရာင္းခ်ခ်င္တယ္ဆိုတဲ့ အေၾကာင္းပါ။ ဒီေဈးႏွုန္းကေတာ့ Espresso ေကာ္ဖီ တခြက္ဖိုးေတာင္ မရွိတဲ့ ေဈးႏွုန္းပါ။ အဲဒီလို ၁ ေဒၚလာတည္းနဲ႔ ေရာင္းခ်မယ္ဆိုတဲ့ အိမ္ေတြကေတာ့ အီတလီ ေတာင္ ပိုင္းက လွပတဲ့ ကမ္းေျခတခုျဖစ္တဲ့ စစၥလီကၽြန္းေပၚမွာ ရွိပါတယ္။

ေရာင္းခ်မယ္ဆိုတဲ့ ေနရာေတြကလည္း တကယ့္ ေနရာေကာင္းေတြပါပဲ။ Sambuca ၿမိဳ႕၊ ေတာင္ကုန္းေတြေပၚကဆိုရင္ ေျမထဲပင္လယ္နဲ႔ ကမ္းေျခတဝိုက္ ရွုခင္းေတြကို ေကာင္းေကာင္းျမင္ရတဲ့ ေနရာပါ။ အခုလို ကမ္းလွမ္းမွုေတြ လုပ္လာရတဲ့ အေၾကာင္းကေတာ့ လူေနထိုင္မွု မရွိသေလာက္ ရွားပါးေနတဲ့ အတြက္ေၾကာင့္ပါတဲ့။

ေဒသခံ႐ုံးေတြကလည္း စိတ္ဝင္စားသူ မည္သူမဆို ၁ ေဒၚလာေလာက္သာ ကုန္က်မယ့္ အိမ္ေတြကိုဝယ္သူၾကဖို႔ ႏွိုးေဆာ္ထားပါတယ္။ Sambuca ၿမိဳ႕ကိုေတာ့ “City of Splendor” လို႔လည္း ေခၚၾကပါေသးတယ္။ အဲဒီ ပတ္ဝန္းက်င္ကို လွပတဲ့ ကမ္းေျခနဲ႔ ေတာအုပ္ေတြက ဝန္းရံထားတဲ့အျပင္ အာရပ္ ယဥ္ေက်းမွု ပ်ံ႕ႏွံ့ေနတဲ့ ေနရာပါ။

အခုဆိုရင္ေတာ့ အဲဒီေနရာမွာ အိမ္ ၁၀ လုံး ေရာင္းခ် ၿပီးသြားပါၿပီ။ အဲဒီအိမ္ေတြကို ဝယ္ယူဖို႔ ဆြစ္ဇာလန္ ျပင္သစ္နဲ႔ စပိန္နိုင္ငံသားေတြက ကမ္းလွမ္းမွုေတြ လုပ္လာၾကတယ္လို႔ အဲဒီၿမိဳ႕ရဲ့ လက္ေထာက္ ၿမိဳ႕ေတာ္ဝန္ Mr.Cacioppo က ေျပာပါတယ္။ဝယ္ယူသူ ပိုင္ရွင္အသစ္ေတြအေနနဲ႔ကေတာ့ ၃ ႏွစ္အတြင္း ဝယ္ယူထားတဲ့ အိမ္ေတြကို ျပန္လည္ျပဳျပင္ေပးရမွာျဖစ္ၿပီး ကုန္က်စရိတ္ကေတာ့ ေဒၚလာ ၁၅၀၀၀ ေလာက္ ကုန္က်ပါလိမ့္မယ္။ ျပင္ဆင္ၿပီးသြားခဲ့ရင္လည္း လုံျခဳံေရးစရိတ္အတြက္ ေဒၚလာ ၅၀၀၀ ေလာက္ ေပးရပါမယ္။

“တကယ္ေတာ့ အဲဒီေနရာေတြဟာ ေျမၾသဇာ အလြန္ေကာင္းမြန္တဲ့ေနရာျဖစ္ၿပီး ကမၻာေျမႀကီးအတြက္ေတာ့ သုခဘုံပါပဲ” လို႔လည္း Mr.Cacioppo က ဆိုပါတယ္။ Sumbuca ၿမိဳ႕ကိုေတာ့ ေရွးေဟာင္း ဂရိလူမ်ိဳးေတြက တည္ေထာင္ခဲ့တာျဖစ္ၿပီး ေစာ္ဘြားတေယာက္ျဖစ္တဲ့ Al Zabut ေနာက္ပိုင္းမွာေတာ့ Sumbuca လို႔ နာမည္ေပးခဲ့ပါတယ္။

တကယ္ေတာ့ ဒီေနရာက အရင္တခ်ိန္တုန္းကေတာ့ အီတလီနိုင္ငံရဲ့ လူႀကိဳက္မ်ားတဲ့ေနရာျဖစ္ၿပီး ကုန္သြယ္မွု အတြက္လည္း ဗဟိုအခ်က္အခ်ာက်တဲ့ ေနရာတေနရာ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ေကာ္ဖီတခြက္ တန္ဖိုးေတာင္ မရွိတဲ့ အိမ္တလုံးကို ပိုင္ဆိုင္ဖို႔ အခြင့္အေရး ရွိလာၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Credit : irrawaddy

[UNICODE FONT]

ဒီအကြောင်းအရာကတော့ အီတလီနိုင်ငံ၊ စစ္စလီကျွန်းပေါ်က နေအိမ်တချို့ကို အမေရိကန်ဒေါ်လာ ၁ ဒေါ်လာတည်းနဲ့ ရောင်းချချင်တယ်ဆိုတဲ့ အကြောင်းပါ။ ဒီဈေးနှုန်းကတော့ Espresso ကော်ဖီ တခွက်ဖိုးတောင် မရှိတဲ့ ဈေးနှုန်းပါ။ အဲဒီလို ၁ ဒေါ်လာတည်းနဲ့ ရောင်းချမယ်ဆိုတဲ့ အိမ်တွေကတော့ အီတလီ တောင် ပိုင်းက လှပတဲ့ ကမ်းခြေတခုဖြစ်တဲ့ စစ္စလီကျွန်းပေါ်မှာ ရှိပါတယ်။

ရောင်းချမယ်ဆိုတဲ့ နေရာတွေကလည်း တကယ့် နေရာကောင်းတွေပါပဲ။ Sambuca မြို့၊ တောင်ကုန်းတွေပေါ်ကဆိုရင် မြေထဲပင်လယ်နဲ့ ကမ်းခြေတဝိုက် ရှုခင်းတွေကို ကောင်းကောင်းမြင်ရတဲ့ နေရာပါ။ အခုလို ကမ်းလှမ်းမှုတွေ လုပ်လာရတဲ့ အကြောင်းကတော့ လူနေထိုင်မှု မရှိသလောက် ရှားပါးနေတဲ့ အတွက်ကြောင့်ပါတဲ့။

ဒေသခံရုံးတွေကလည်း စိတ်ဝင်စားသူ မည်သူမဆို ၁ ဒေါ်လာလောက်သာ ကုန်ကျမယ့် အိမ်တွေကိုဝယ်သူကြဖို့ နှိုးဆော်ထားပါတယ်။ Sambuca မြို့ကိုတော့ “City of Splendor” လို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီ ပတ်ဝန်းကျင်ကို လှပတဲ့ ကမ်းခြေနဲ့ တောအုပ်တွေက ဝန်းရံထားတဲ့အပြင် အာရပ် ယဉ်ကျေးမှု ပျံ့နှံ့နေတဲ့ နေရာပါ။

အခုဆိုရင်တော့ အဲဒီနေရာမှာ အိမ် ၁၀ လုံး ရောင်းချ ပြီးသွားပါပြီ။ အဲဒီအိမ်တွေကို ဝယ်ယူဖို့ ဆွစ်ဇာလန် ပြင်သစ်နဲ့ စပိန်နိုင်ငံသားတွေက ကမ်းလှမ်းမှုတွေ လုပ်လာကြတယ်လို့ အဲဒီမြို့ရဲ့ လက်ထောက် မြို့တော်ဝန် Mr.Cacioppo က ပြောပါတယ်။ဝယ်ယူသူ ပိုင်ရှင်အသစ်တွေအနေနဲ့ကတော့ ၃ နှစ်အတွင်း ဝယ်ယူထားတဲ့ အိမ်တွေကို ပြန်လည်ပြုပြင်ပေးရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၅၀၀၀ လောက် ကုန်ကျပါလိမ့်မယ်။ ပြင်ဆင်ပြီးသွားခဲ့ရင်လည်း လုံခြုံရေးစရိတ်အတွက် ဒေါ်လာ ၅၀၀၀ လောက် ပေးရပါမယ်။

“တကယ်တော့ အဲဒီနေရာတွေဟာ မြေသြဇာ အလွန်ကောင်းမွန်တဲ့နေရာဖြစ်ပြီး ကမ္ဘာမြေကြီးအတွက်တော့ သုခဘုံပါပဲ” လို့လည်း Mr.Cacioppo က ဆိုပါတယ်။ Sumbuca မြို့ကိုတော့ ရှေးဟောင်း ဂရိလူမျိုးတွေက တည်ထောင်ခဲ့တာဖြစ်ပြီး စော်ဘွားတယောက်ဖြစ်တဲ့ Al Zabut နောက်ပိုင်းမှာတော့ Sumbuca လို့ နာမည်ပေးခဲ့ပါတယ်။

တကယ်တော့ ဒီနေရာက အရင်တချိန်တုန်းကတော့ အီတလီနိုင်ငံရဲ့ လူကြိုက်များတဲ့နေရာဖြစ်ပြီး ကုန်သွယ်မှု အတွက်လည်း ဗဟိုအချက်အချာကျတဲ့ နေရာတနေရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကော်ဖီတခွက် တန်ဖိုးတောင် မရှိတဲ့ အိမ်တလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရှိလာပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit : irrawaddy

Comments are closed.