အနုပညာကို ဝါသနာပါတဲ့ သားလေး အကြောင်း ပြောပြလာတဲ့ ဆုပန်ထွာ

အနုပညာကို ဝါသနာပါတဲ့ သားလေး အကြောင်း ပြောပြလာတဲ့ ဆုပန်ထွာ

ဆုပန်ထွာရဲ့ သားလေး Roar  လေးကတော့ မိခင်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် ကလေး လေးလို့ ပြောရမှာပါ။ အခုလည်း မေမေနဲ့အတူ စင်ပေါ်မှာ သီချင်းဆိုဖို့အတွက် ပူဆာတ တ်နေပါပြီ။

ဆုပန်ထွာကတော့ အနုပညာကို ဝါသနာပါတဲ့ သားလေးအကြောင်း ပြောပြလာတာပါ။ (၄)နှစ် အရွယ် သာရှိသေးတဲ့ Roar လေးဟာ သီချင်းဆိုရတာကို ဝါသနာပါတဲ့ ကလေးလေးတစ် ယောက်ဖြစ်ပါ တယ်။ သီချင်းတွေ တော်တော်များများကိုဆိုတတ်သလို စင်ပေါ်မှာ မိခင်နဲ့ အတူ တွဲပြီး သီချင်းဆိုဖို့ကို တောင် ခွင့်တောင်းနေပြီလို့ သိရပါတယ်။

အဲဒီအကြောင်းကိုလည်း ဆုပန်ထွာက အခုလို ပြောပြခဲ့ပါသေးတယ်။ “ညဘက် ဖျော်ဖြေပွဲ မှာ သူ့ကိုပါခေါ်သွားတော့ သူက မားမားနဲ့အတူ စင်ပေါ်မှာ သီချင်းတက်ဆိုချင်တာဆိုပြီး ပြောတယ်။သားက ဘာသီချင်းဆိုမှာလည်း ဆိုပြီး မေးလိုက်တော့ ဇွတ်ချစ်မယ်ဆိုတဲ့ သီ ချင်း ဆို မယ်လေတဲ့။ သားက ရရဲ့လားလို့မေးတော့ ရတယ်တဲ့ပိုးကအဲ့လိုဖြစ်နေပြီ။ မမက လည်း သူ့ကို ကြည့်ပြီး ရယ်ချင်တာ။ နောက်မှာ သားသားနဲ့မားမားနဲ့အတူ ဆိုလို့ရမယ့် သီချင်းတစ်ပုဒ်လုပ်ပေး မယ်လို့ပြောထားရတယ်” လို့ သူမက ဆိုပါတယ်။

ဆုပန်ထွာကတော့ သားဖြစ်သူကိုယ်တိုင် အနုပညာကို ဝါသနာပါတယ်ဆိုရင် ဘေးကနေ ပံ့ပိုးကူညီပေးသွားဖို့ အသင့်ပါပဲတဲ့။ကိုယ်ကိုယ်တိုင်က အနုပညာကို ချစ်တဲ့သူတ စ်ယော က်ဖြစ်တာ ကြောင့် သားဖြစ်သူကိုလည်း လက်ဆင့်ကမ်း အမွေပေးသွားချင်တယ်ဆိုပြီး ဆက် လက်ပြောပြခဲ့ပါသေးတယ်။

“သားအနုပညာအမွေပါတယ်ဆိုရင် ပံ့ပိုးပေးမှာပေါ့။ မမကိုယ်တိုင်က အနုပညာသမား ဖြစ်တယ်အနုပညာကို ချစ်တယ် တလေးတစားနဲ့ တန်ဖိုးထားပြီး လုပ်ခဲ့တယ် အနုပညာ လမ်းကြောင်းပေါ်မှာလည်း ဒီနေ့ဒီအချိန်ထိ ရိုးရိုးသားသားနဲ့အကောင်းဆုံးဖြစ်အောင် ဇွဲမလျော့ဘဲ ကြိုးစားတယ်။ သားလေးက ဒီအနုပညာကို ဝါသနာပါတယ်ဆိုရင်မဖြစ်မနေကို လက်ဆင့်ကမ်းမှာ။ သူဝါသနာ ပါတယ်ဆိုရင် အစ်မကတော့ ပေးလုပ်မှာ။ ပင်ပန်းတယ်ဆိုပေမယ့်လည်း ပေးလုပ်မယ်” လို့ သူမက  Duwun  ကိုပြောပြခဲ့ပါတယ်။

ဆုပန်ထွာရဲ့ သားလေးက Roar လေးကတော့ အသက်(၄)နှစ်အရွယ်ရောက်နေပါပြီ။ သူ့ကို ၂၀၁၆ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုပန်ထွာ(Su Pan Htwar) ကို တော့ တီဗီကြော်ငြာ၊ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား နဲ့ မဂ္ဂဇင်း၊ ဂျာနယ် မျက်နှာဖုံး ပိုင်ရှင်တစ်ဦးအဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ သရုပ် ဆောင်ဘက်မှာသာမက ဂီတဘက်မှာလည်း ‘’သေလောက်အောင် ချစ်တယ်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ဒီသီချင်းရဲ့ MTV ကိုတော့ ၂၀၁၉ မေလ မှာ ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေရသူတစ်ဦး ဖြစ်ပါတယ်။ 

[Zawgyi]

ဆုပန္ထြာရဲ့ သားေလး Roar ေလးကေတာ့ မိခင္ရဲ့ အႏုပညာအေမြကို ဆက္ခံမယ့္ ကေလး ေလးလို႔ ေျပာရမွာပါ။ အခုလည္း ေမေမနဲ႔အတူ စင္ေပၚမွာ သီခ်င္းဆိုဖို႔အတြက္ ပူဆာတ တ္ေနပါၿပီ။

ဆုပန္ထြာကေတာ့ အႏုပညာကို ဝါသနာပါတဲ့ သားေလးအေၾကာင္း ေျပာျပလာတာပါ။ (၄)ႏွစ္ အရြယ္ သာရွိေသးတဲ့ Roar ေလးဟာ သီခ်င္းဆိုရတာကို ဝါသနာပါတဲ့ ကေလးေလးတစ္ ေယာက္ျဖစ္ပါ တယ္။ သီခ်င္းေတြ ေတာ္ေတာ္မ်ားမ်ားကိုဆိုတတ္သလို စင္ေပၚမွာ မိခင္နဲ႔ အတူ တြဲၿပီး သီခ်င္းဆိုဖို႔ကို ေတာင္ ခြင့္ေတာင္းေနၿပီလို႔ သိရပါတယ္။

အဲဒီအေၾကာင္းကိုလည္း ဆုပန္ထြာက အခုလို ေျပာျပခဲ့ပါေသးတယ္။ “ညဘက္ ေဖ်ာ္ေျဖပြဲ မွာ သူ႔ကိုပါေခၚသြားေတာ့ သူက မားမားနဲ႔အတူ စင္ေပၚမွာ သီခ်င္းတက္ဆိုခ်င္တာဆိုၿပီး ေျပာတယ္ ။သားက ဘာသီခ်င္းဆိုမွာလည္း ဆိုၿပီး ေမးလိုက္ေတာ့ ဇြတ္ခ်စ္မယ္ဆိုတဲ့ သီ ခ်င္း ဆို မယ္ေလတဲ့။ သားက ရရဲ့လားလို႔ေမးေတာ့ ရတယ္တဲ့ပိုးကအဲ့လိုျဖစ္ေနၿပီ။ မမက လည္း သူ႔ကို ၾကည့္ၿပီး ရယ္ခ်င္တာ။ ေနာက္မွာ သားသားနဲ႔မားမားနဲ႔အတူ ဆိုလို႔ရမယ့္ သီခ်င္းတစ္ ပုဒ္လုပ္ေပး မယ္လို႔ေျပာထားရတယ္” လို႔ သူမက ဆိုပါတယ္။

ဆုပန္ထြာကေတာ့ သားျဖစ္သူကိုယ္တိုင္ အႏုပညာကို ဝါသနာပါတယ္ဆိုရင္ ေဘးကေန ပံ့ပိုး ကူညီေပးသြားဖို႔ အသင့္ပါပဲတဲ့။ကိုယ္ကိုယ္တိုင္က အႏုပညာကို ခ်စ္တဲ့သူတ စ္ေယာ က္ျဖ စ္တာ ေၾကာင့္ သားျဖစ္သူကိုလည္း လက္ဆင့္ကမ္း အေမြေပးသြားခ်င္တယ္ဆိုၿပီး ဆက္ လက္ေျပာျပခဲ့ပါေသးတယ္။

“သားအႏုပညာအေမြပါတယ္ဆိုရင္ ပံ့ပိုးေပးမွာေပါ့။ မမကိုယ္တိုင္က အႏုပညာသမား ျဖစ္တ ယ္အႏုပညာကို ခ်စ္တယ္ တေလးတစားနဲ႔ တန္ဖိုးထားၿပီး လုပ္ခဲ့တယ္ အႏုပညာ လမ္းေၾကာ င္းေပၚမွာလည္း ဒီေန႔ဒီအခ်ိန္ထိ ရိုးရိုးသားသားနဲ႔အေကာင္းဆုံးျဖစ္ေအာင္ ဇြဲမေလ်ာ့ဘဲ ႀကိဳးစား တယ္။ သားေလးက ဒီအႏုပညာကို ဝါသနာပါတယ္ဆိုရင္မျဖစ္မေနကို လက္ဆင့္ကမ္း မွာ။ သူဝါသနာ ပါတယ္ဆိုရင္ အစ္မကေတာ့ ေပးလုပ္မွာ။ ပင္ပန္းတယ္ဆိုေပမယ့္လည္း ေပး လုပ္မယ္” လို႔ သူမက Duwun ကိုေျပာျပခဲ့ပါတယ္။

ဆုပန္ထြာရဲ့ သားေလးက Roar ေလးကေတာ့ အသက္(၄)ႏွစ္အရြယ္ေရာက္ေနပါၿပီ။ သူ႔ကို ၂၀၁၆ခုႏွစ္က ေမြးဖြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ဆုပန္ထြာ(Su Pan Htwar) ကို ေတာ့ တီဗီေၾကာ္ျငာ၊ ႐ုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကား နဲ႔ မဂၢဇင္း၊ ဂ်ာနယ္ မ်က္ႏွာဖုံး ပိုင္ရွင္တစ္ဦး အျဖစ္ ပရိသတ္ေတြ စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ ေဆာင္ဘက္မွာ သာမက ဂီတဘက္မွာလည္း ‘’ေသေလာက္ေအာင္ ခ်စ္တယ္’’ ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြကို ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့ပါတယ္။ဒီသီခ်င္းရဲ့ MTV ကိုေတာ့ ၂၀၁၉ ေမလ မွာ ထြက္ရွိခဲ့ၿပီးျဖစ္ ပါတယ္။ အခုဆိုရင္ေတာ့ ဂီတေဖ်ာ္ေျဖပြဲေတြမွာ ပါဝင္သီဆိုေနရသူတစ္ဦး ျဖစ္ပါတယ္။

Comments are closed.