လမ်းပေါ်မှာ ဖရဲသီးရောင်းနေရ တဲ့အ ဘွား ကို ကာလဒါနလေးလုပ် လိုက် တဲ့ မေဦး

လမ်းပေါ်မှာ ဖရဲသီးရောင်းနေရ တဲ့အ ဘွား ကို ကာလဒါနလေးလုပ် လိုက် တဲ့ မေဦး

မြန်မာပြည်ရဲ့ LGBT စုံတွဲတွေထဲမှာ ပရိသတ်တွေအချစ်ခင်ခံရဆုံး စုံတွဲလေးက ဟန်လင်းနဲ့ မေဦးတို့ပါပဲ။ နှစ်ယောက်သားလက်တွဲ လာတဲ့သက်တမ်းဟာလည်း လေးနှစ်နီးပါးရှိ ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း အဆင်ပြေသာယာတဲ့ အချစ်ကမ္ဘာလေးကို တည်ဆော က် ထားနိုင်ဆဲပါပဲ။ မေဦးက မိတ်ကပ်ပြင် ဟန်လင်းက ပန်းအလှဆင်နဲ့ နှစ်ယော က် သားက လူတွေတင်မက လုပ်ငန်းတွေမှာပါ လိုက်ဖက် ညီလွန်းနေခဲ့ပါတယ်။

သာဘာတရားလည်းကိုင်းရှိုင်းပြီး နှစ်ယောက်အတူလည်း အလှူလေးတွေ မကြာခဏ ဆိုသလို လုပ်တတ်ပါသေးတယ်။ ဒီနေ့လည်း အသက်အရွယ်အိုမင်းနေတဲ့ အဘွားတစ် ယောက် လမ်းဘေးမှာ ဖရဲသီးရောင်းနေရတာကိုမြင်တော့ မေဦးတစ်ယောက် စိတ်မကော င်း ဖြစ်သွားပုံပါပဲ။ အဘွားရဲ့ဖရဲသီးတွေအားလုံးကိုဝယ်ပြီး သင်တန်းသူတွေကို ပြန်လည် ကျွေးမွေးခဲ့ပါတယ်။

ဒီလိုကြည်နူးစရာကာလဒါနလေးကို ” ကုသိုလ်နှစ်မျိုးရနည်း ဖရဲသီးရောင်းနေတဲ့အဖွားကို မြန်မြန်ကုန်စေချင်တော့ ဖရဲသီးတွေအကုန် ဝယ်လိုက်တယ် အဲ့တော့သူ့ကို နားစေချင် အဆင်ပြေစေချင် တဲ့စိတ်လေးနဲ့ဝယ်တော့ ကုလိုလ်တစ်ခါရတယ် နောက်ဝယ်လာတဲ့ ဖရဲသီးတွေကို ကိုယ့်ရဲ့ class က ခလေးတွေကိုအကုန်ကျွေးလိုက်တော့ ကုသိုလ်တစ်ခါ ရတယ် ဒါ့ကြောင့် ကုသိုလ်ဆိုတာယူတတ်ရင် ညောင်စေ့လောက်လှူလဲ ညောင်ပင်ကြီး လောက် ရပါတယ်ဆိုတာ သိကြပါစေ မှတ်ချက် ဖရဲသီးဖိုးက 7000 ကျပါတယ် ဒါပေမယ့် အဖွားကို 10000 ပေးလိုက်တော့ အဲ့ကုသိုလ်လေးပါထပ်ရလိုက်တယ် ” ဆိုပြီး ဝေမျှ ခဲ့တာပဲဖြစ်ပါတယ်။ ဒီထက်ပိုတဲ့ အလှူကြီးတွေ မကြာခဏပေးနိုင်ပါစေမေဦးရေ။

Source – May Oo,CRD-Wow Myanmar

[Zawgyi]





Comments are closed.