Valentine’s dayမှာ ချစ်ဇနီး လေးကိုယ်တိုင်လုပ်ထားတဲ့ ချောက လက်လေးစားရလို့ ပျော်နေတဲ့ အာ ဘွိုင်း
Valentine’s dayမှာ ချစ်ဇနီး လေးကိုယ်တိုင်လုပ်ထားတဲ့ ချောက လက်လေးစားရလို့ ပျော်နေတဲ့ အာ ဘွိုင်း
romanticဆန်ဆန်နဲ့ ချစ်စရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့စုံတွဲလေးကို ပရိတ်သတ်‌တွေအားလုံးသိကြမယ်ထင်ပါတယ်။သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာလည်း အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့သူတွေလည်းဖြစ်ပါတယ်။ အာ ဘွိုင်းဟာ ချစ်ဇနီးလေးမြတ်ရတနာကျော်ရဲ့ လိုအပ်ချက်တွေကိုအမြဲအရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်။
အာဘွိုင်းဟာမကြာသေးမီက သူ့ရဲ့facebookစာမျက်နှာတွင် “ရည်းစားဘဝတုန်းက ပထ မဆုံးဖြတ်သန်းခဲ့ဖူးတဲ့ Valentines Day မှာ သူမကိုယ်တိုင် လုပ်ထားတဲ့ Chocolate လေးစားခဲ့ရတယ်ဒီနေ့ အိမ်ထောင်သည်ဘဝကို နှစ်ယောက်အတူဖြတ်သန်းချိန်မှာလည်း သူမကိုယ်တိုင် လုပ်ပေးထားတဲ့ Chocolate လေးနဲ့ပဲ သိပ်ချစ်ဖို့ကောင်းတဲ့ မိန်းမHappy Valentines Day ဆောရီးပါ မနက်ကတည်းက ရုံးမှာ အစည်းအဝေးနဲ့ အလုပ်တွေ ရှုပ် နေလို့ ဒီနေ့ ဘာမှ မစီစဉ်ပေးနိုင်တာ နားလည်ပေးပါ”ဆိုပြီးရေးသားထားပါတယ်။
အာဘွိုင်းတို့ဇနီးမောင်နှံဟာလတ်တလောတွင်မိသားစုကိုအချိန်ပေးကာပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။ကြည်နူးစရာကောင်းလှတဲ့သူတို့မိသားစုလေးကိုပရိတ်သတ်ကြီးချစ်ကြတယ်မလား။ ချစ်ဇနီးလေးလုပ်ပေးထားတဲ့ ချောကလက်လေးစားရလို့ပျော်နေတဲ့ အာဘွိုင်းရဲ့ပုံ ရိပ်တွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။
  • Source-Kyaw Phyo Tun’s Facebook acc
  • Photo Credit-Kyaw Phyo Tun’s Facebook acc/Ye Min Ko,Reference&Credit:Myanmarload.com
[Zawgyi]
Comments are closed.