Myanmar Plazaကို နောက်နေ့သွားတဲ့လူတွေ ဒလန်ပဲလို့ ပြောလာတဲ့ အဆိုတော် Rဇာနည်

ပရိသတ်ကြီးရေ.. အသံပါဝါကောင်းကောင်းနဲ့ သီချင်းကောင်းတွေကြောင့် ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရ ပ်တည်လျှောက်လှမ်းနေတဲ့ အဆိုတော် Rဇာနည်ကတော့ ပြည်သူတွေနဲ့ တစ်သားတည်းပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အဆိုတော် Rဇာနည်ကတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်မှုတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိ မှာတော့ ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အဝေးကို ရောက်ရှိနေကာ အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တစ်တပ် တစ်အားပါဝင်နေတဲ့ Rဇာနည်ကတော့ Public Voice TV အစီအစဉ်တွေမှာလည်း ပါဝင်နေတာ တွေ့ရပါတယ်။

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော် ဝါရီလတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေရဲရဲဝံ့ဝံ့နဲ့ ရပ်တည်ခဲ့တာကြောင့် Rဇာနည်ဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိအချိန်မှာဆိုရင် ပုန်းရှောင်နေရတာဖြစ်ပါတယ်။

Advertisement

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာပလာဇာဈေးဝယ်စင်တာမှာ ဒီကနေ့နိုဝင်ဘာ ၂၅ရက်နေ့ညနေပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တဲ့ လူငယ်တချို့ကိုပလာဇာမှာ တာဝန်ကျတဲ့ လုံခြုံရေးတချို့က ဖမ်းဆီးခဲ့ပါတယ်။

ဒီလို လုံခြုံရေးတွေရဲ့ဖမ်းဆီးမှုကြောင့် ဆန္ဒပြရာမှာ ပါဝင်တဲ့ လူငယ် ၇ ဦးလောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဒီကနေ့မြန်မာပလာဇာအတွင်းမှာ ဖြစ်သွားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး Rဇာနည်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ခံပြင်းစွာနဲ့ရေး သားလာခဲ့ပါတယ်။

“နောက်နေ့နောက်နေ့တွေ အဲ့သွားတဲ့လူကတော့ ဒလံပဲ ဝယ်စရာနေရာတွေအများကြီးရှိတယ် 😡 ဟားဟား 😂😂 စတာပါ တကယ်ပြော တာပါ”ဆိုပြီး ရေးသားလာခဲ့တာလေး ဖော်ပြပေးလိုက်ပါတယ်။

Advertisement

လက်ရှိမှာတော့အေးဆေးစွာ ဆန္ဒပြနေတဲ့ လူငယ်တွေ အကြမ်းဖက်ခံရပြီး မိန်းကလေးတွေ အဖမ်းခံလိုက်ရတာဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်ကို ပြည်သူများ သည်းမခံနိုင်ဖြစ်နေကြပါတယ်။ပြည်သူ့ဝယ်လိုအားနဲ့ ရပ်တည်နေပြီး ပြည်သူ့သဘောထားကို မထီမဲ့မြင်ပြုတဲ့ Myanmar Plaza ကို Boycott ကြရပါမယ်။ “ခဏပါကွာ။ ပြီးရင် မေ့သွားမှာပါ” ဆိုတဲ့ ပိုင်ရှင် တာဝန်ရှိသူတွေ မှတ်လောက်အောင် ပြည်သူများအားလုံးအနေနဲ့ အောက်ကအချက်လေးတွေ လိုက်လုပ်ပြီး ဝိုင်းဝန်းပေးကြဖို့ ပြည်သူများက တိုက်တွန်းနေကြတာဖြစ်ပါတယ် ။

၁) Myanmar Plaza ကို Boycott ကြောင်းပိုစ့်တွေရှဲမယ်

၂) မြန်မာပလာဇာ မသွားရုံ မဝယ်ရုံတင်မကပဲ မြန်မာပလာဇာက ဆိုင်ခွဲတွေကနေ Food Panda ၊ Grab တို့ကနေတောင် Delivery မမှာပါနဲ့

၃) မြန်မာပလာဇာက ဆိုင်ခွဲ Relocate လုပ်ပါပြီလို့ စာမထုတ်မချင်း အဲ့ Business တွေရဲ့ ဆိုင်ခွဲတွေကို ရှောင်ပါ။

Advertisement

၄) မြန်မာပလာဇာမှာ ဆိုင်ခွဲ ဖွင့်ထားတဲ့ Business တွေကို မြန်မာပလာဇာ ဆိုင်ခွဲတွေ ပိတ်ပေးအောင် တောင်းဆိုပါ။ ဥပမာ – Marketplace by City Mart ရဲ့ Facebook မှာ မြန်မာပလာဇာဆိုင်ခွဲ ပိတ်ပေးအောင် တောင်းဆိုပါ။

၅) အစွန်ဆုံး မြန်မာပလာဇာမှာ ဓါတ်ပုံရိုက်တဲ့ သူတွေ၊ သွားနေတဲ့ ပိုစ့်တွေ တက်လာရင်တောင် Block ပစ်ပါ။ကျွန်တော် တို့ ဒီ ပွဲနိုင်ဖို့ ဒီလောက်တော့ Pressure ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် “ငါမထိရင်ပြီးရော” ဆိုတဲ့ လူတွေ များလာပြီး ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ မြို့ပြဆန္ဒပြပွဲတွေ ရပ်တန့်သွားပြီး “သွေးအေးသွားကြပါပြီ” ဆိုပြီး တကယ်စွန့်နေတဲ့သူတွေ စိတ်ဓါတ်ကျလာမယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*