ရည်းစားဟောင်းအတွက် ရင်ထဲက နေ ဆုတောင်းစကားဆိုလိုက်တဲ့ အိစိ ကွေး

ရည်းစားဟောင်းအတွက် ရင်ထဲက နေ ဆုတောင်းစကားဆိုလိုက်တဲ့ အိစိ ကွေး

အိစိကွေးကတော့ သူ့အတွက် အချစ်ရေးထက် ပညာရေး၊ အလုပ်ကို ပိုဦးစားပေးနေ တယ်လို့ ဆိုပါတယ်။ 

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အိစိ ကွေး က အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်လို့ရတဲ့ လူငယ်တ စ် ယော က်အရွ ယ်ကို ရောက်ရှိလာပါပြီ။ အခုချိန်မှာ ချစ်သူလည်းမထားသေးဘူးလို့ မီဒီ ယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကျွန်တော်က အချိန်မပေးနိုင်ဘူးခင်ဗျ။ ကျွန်တော့်မှာ အလုပ်တစ်ဖက်ရှိတယ်၊ ကျော င်း တစ်ဖက်ရှိတယ်၊ ကရာတေး သင်တန်းလည်းဖွင့်ထားတယ်။ ဇာတ်လမ်းတွဲရို က်ဖို့တွေ လည်း လက်ခံထားတာရှိတော့ နောက်ပိုင်းမှာ ပိုတောင်အလုပ်ရှုပ်ဦးမယ်။ ကျွန်တော့်ကို ချစ်မယ်ဆိုရင်လည်း စိတ်ပူရမယ်၊ ကျွန်တော့်ပတ်ဝန်းကျင်မှာက မိန်းကလေးတွေ အများ ကြီးရှိတယ်လေ။ အဲဒီတော့ သူများကိုလည်း ဒုက္ခမပေးချင်ဘူး ဒီအတိုင်း လေးပဲနေတာ ကောင်းပါတယ်” လို့ သူကဆိုပါတယ်။ 

အိစိကွေးဟာ အနုပညာအလုပ်တွေ ခဏနားထားတဲ့ အချိန်မှာ ချစ်သူထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လမ်းခွဲလိုက် တာလည်း အနုပညာအလုပ်တွေ ပြန်မလုပ်ခင်ကတည်း ကလမ်း ခွဲလိုက်ကြတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ရည်းစားဟောင်းအတွက် ဆုတောင်းစကားတွေ လည်း ပြောခဲ့ပြန်ပါသေးတယ်။  

“ ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေရတယ်ဆိုရင်တော့ ကောင်း ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းသာတယ်။ စိတ်ပူပန်စရာမရှိပဲ ပျော်ရွှင်နေရတယ်ဆိုရင် ဝမ်းသာတယ်။ ကိုယ့်ထက် သာတဲ့သူတွေနဲ့ပဲ တွေ့မှာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က TUNE Bar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေး နေ တာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတ ယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ် ကားတွေ ရိုက်ကူးနေရပါပြီ။ 

[Zawgyi]

အိစိေကြးကေတာ့ သူ႔အတြက္ အခ်စ္ေရးထက္ ပညာေရး၊ အလုပ္ကို ပိုဦးစားေပးေန တယ္လို႔ ဆိုပါတယ္။

ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္ အိစိ ေကြး က အခုဆိုရင္ေတာ့ ေခါင္းေဆာင္မင္းသားအျဖစ္သ႐ုပ္ေဆာင္လို႔ရတဲ့ လူငယ္တ စ္ ေယာ က္အရြ ယ္ကို ေရာက္ရွိလာပါၿပီ။ အခုခ်ိန္မွာ ခ်စ္သူလည္းမထားေသးဘူးလို႔ မီဒီ ယာ အင္တာ ဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ကၽြန္ေတာ္က အခ်ိန္မေပးနိုင္ဘူးခင္ဗ်။ ကၽြန္ေတာ့္မွာ အလုပ္တစ္ဖက္ရွိတယ္၊ ေက်ာ င္း တစ္ဖက္ရွိတယ္၊ ကရာေတး သင္တန္းလည္းဖြင့္ထားတယ္။ ဇာတ္လမ္းတြဲရို က္ဖို႔ေတြ လည္း လက္ခံထားတာရွိေတာ့ ေနာက္ပိုင္းမွာ ပိုေတာင္အလုပ္ရွုပ္ဦးမယ္။ ကၽြန္ေတာ့္ကို ခ်စ္မယ္ဆို ရင္လည္း စိတ္ပူရမယ္၊ ကၽြန္ေတာ့္ပတ္ဝန္းက်င္မွာက မိန္းကေလးေတြ အမ်ား ႀကီးရွိတယ္ေလ။ အဲဒီေတာ့ သူမ်ားကိုလည္း ဒုကၡမေပးခ်င္ဘူး ဒီအတိုင္း ေလးပဲေနတာ ေကာင္းပါတယ္” လို႔ သူကဆိုပါတယ္။

အိစိေကြးဟာ အႏုပညာအလုပ္ေတြ ခဏနားထားတဲ့ အခ်ိန္မွာ ခ်စ္သူထားခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ လမ္းခြဲလိုက္ တာလည္း အႏုပညာအလုပ္ေတြ ျပန္မလုပ္ခင္ကတည္း ကလမ္း ခြဲလိုက္ၾကတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ့ ရည္းစားေဟာင္းအတြက္ ဆုေတာင္းစကားေတြ လည္း ေျပာခဲ့ျပန္ပါေသးတယ္။

“ ကိုယ္မဟုတ္တဲ့ တျခားသူတစ္ေယာက္ရဲ့ ရင္ခြင္မွာ ေပ်ာ္ေနရတယ္ဆိုရင္ေတာ့ ေကာင္း ပါ တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဝမ္းသာတယ္။ စိတ္ပူပန္စရာမရွိပဲ ေပ်ာ္ရႊင္ေနရတယ္ဆိုရင္ ဝမ္းသာ တယ္။ ကိုယ့္ထက္ သာတဲ့သူေတြနဲ႔ပဲ ေတြ႕မွာပါ” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔က TUNE Bar ဆိုင္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

အိစိေကြး(Eisi kway)ဟာ ကေလးဘဝကတည္းက အႏုပညာအလုပ္ေတြကို လုပ္ေဆာင္ခဲ့ တာျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္ဘဝကတည္းက ပရိသတ္ေတြရဲ့ အခ်စ္ကိုလည္း အျပ ည့္အဝ ရရွိထားသူ တစ္ေယာက္ပါ။ လက္ရွိမွာေတာ့ သူဟာ ပညာေရးကို ဦးစားေပး ေန တာ ေၾကာင့္ အႏုပညာအလုပ္ေတြကို တစိုက္မတ္မတ္မလုပ္နိုင္ေသးဘူးလို႔ သိရပါတ ယ္။ သ႐ုပ္ေဆာင္ အိစိေကြးက အခုဆိုရင္ ေခါင္းေဆာင္မင္းသား ေနရာကေန ဇာတ္ ကားေတြ ရိုက္ကူးေနရပါၿပီ။

Comments are closed.