ဇာတ္ကားေကာင္းေတြရုိက္မယ့္ပရိုဂ်ဴဆာမရွိေတာ့မွာစိုးတယ္ဆိုတဲ့ ေအာင္ရဲလင္း

ဇာတ္ကားေကာင္းေတြရုိက္မယ့္ပရိုဂ်ဴဆာမရွိေတာ့မွာစိုးတယ္ဆိုတဲ့ ေအာင္ရဲလင္း

ေအာင္ရဲလင္းဆိုတာက ဟိုးလြန္ခဲ့တဲ့နွစ္ေတြအေတာ္ၾကာကတည္းက ေရႊဝါေရာင္ဆံပင္ေတြ၊အီမိုေကနဲ႔ဆံပင္ေတြနဲ႔ ရႈပ္ရွက္ခတ္ေနတဲ့ accessories ေတြ နားကြင္းေတြဝတ္ထားတဲ့ ခပ္ဆိုးဆိုးသူေဌးသားဇာတ္ရုပ္ေလးေတြရိုက္ေနကတည္းက ပရိသတ္က အလြန္ေခ်ာေမာတဲ့ရုပ္ရည္ေၾကာင့္သတိထားမိခဲ့ၾကတာျဖစ္ျပီး တစ္နွစ္ထက္တစ္နွစ္တိုးတက္လာတဲ့သရုပ္ေဆာင္မႈေတြနဲ႔ လူၾကီးဆန္လာတဲ့အျပင္အဆင္ေတြ၊ ကုိရီးယားမင္းသားေလးလိုမထိရက္စရာေခ်ာေမာတဲ့ရုပ္ရည္ကေန ေယာက္်ားဆန္ဆန္ေခ်ာေမာလာတဲ့ ရုပ္ရည္အသြင္အျပင္ကုိလည္း သတိမထားမိပဲမေနနိုင္ေအာင္ကုိ ေအာင္ရဲလင္းက တစ္နုိင္ငံလံုးကပရိသတ္ေတြကုိစုိးမိုးထားခဲ့တာပါ။

အခုဆိုရင္ ထိပ္တန္းမင္းသားတစ္ေယာက္ေနရာမွာရပ္တည္လာခဲ့တာ နွစ္အတန္ၾကာျပီျဖစ္တဲ့ ေအာင္ရဲလင္းက ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးဇာတ္ကားၾကီးျဖစ္တဲ့ ဇာတိေျမဇာတ္ကားမွာ အဓိကဇာတ္ေဆာင္ေနရာကေန ဝတ္မံွဳေရႊရည္၊ျမန္မာလူမ်ိဳး ဂ်ပန္နုိင္ငံသားေလးျဖစ္တဲ့ ပရိသတ္ေတြအသည္းစြဲ မိုရီဆာကီဝင္းတို႔နဲ႔အတူ လက္တြဲသရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဇာတိေျမဇာတ္ကားၾကီးကို စရိုက္ပါျပီဆိုကတည္းကိုက ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးကားတစ္ကားျဖစ္တာေၾကာင့္တစ္ေၾကာင္း နွွစ္နုိင္ငံလံုးကထိပ္တန္းသရုပ္ေဆာင္ေတြပါဝင္ထားတာကတစ္ေၾကာင္းေၾကာင့္ ပရိသတ္ေတြကအလြန္စိတ္ဝင္စားခဲ့ၾကတာပါ။ ဇာတ္ကားရံုတင္မယ့္ရက္ကုိလည္း လည္တဆန္႔ဆန္႔နဲ႔အေမွ်ာ္ၾကီးေမွ်ာ္လင့္ေနခဲ့ၾကတာပါ။

ဒါေပမယ့္ ဇာတ္ကားၾကီးရံုမတင္ခင္ ရက္အနည္းငယ္အလိုမွာ စိတ္မေကာင္းစရာတစ္ခုျဖစ္ပ်က္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ အားလံုးလည္းသိၾကတဲ့အတိုင္း Online ေပၚမွာ ဇာတိေျမဇာတ္ကားၾကီးေပါက္ၾကားသြားခဲ့တာပါပဲ။ ဒီကိစၥနဲ႔ပတ္သက္ျပီး ပရိသတ္ေတြအပါအဝင္ သက္ဆိုင္သူေတြအားလံုးကစိတ္မေကာင္းျဖစ္ေနၾကတာပဲျဖစ္ပါတယ္။ ဒီလိုေပါက္ၾကားသြားတာနဲ႔ပတ္သက္ျပီး ေအာင္ရဲလင္းက Online Media ေတြနဲ႔ Interview ကေန တစ္ဆင့္ပရိသတ္ေတြကုိ ရင္ဖြင့္စကားအခ်ိဳ႕ေျပာၾကားသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ျပီး ပရိုဂ်ဴဆာပိုင္းဆိုင္ရာကအထိခိုက္ဆံုးျဖစ္လို႔ စိတ္မေကာင္းရေၾကာင္းကုိလည္း ေအာင္ရဲလင္းက “ပထမဦးဆံုးအေနနဲ႔ ကြ်န္ေတာ္ စိတ္မေကာင္းျဖစ္တာကေတာ့ ပရိုဂ်ဴဆာေပါ့ေနာ္။ ပရိုဂ်ဴဆာအတြက္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္။ ျပီးသြားရင္ ကြ်န္ေတာ့္ဆရာမၾကည္ျဖဴသွ်င္အတြက္လည္းကြ်န္ေတာ္ စိတ္မေကာင္းျဖစ္ရပါတယ္။”လို႔ေျဖၾကားထားပါတယ္။ေအာင္ရဲလင္းက ေစတနာေကာင္းရင္ကံေကာင္းမယ္လို႔ယံုၾကည္ထားေၾကာင္းကုိလည္း “ကြ်န္ေတာ္ယံုၾကည္တာကေတာ့ ဒီကားကုိရည္ရြယ္ခ်က္ေကာင္းေတြနဲ႔ရိုက္ခဲ့တယ္။ ျမန္မာ-ဂ်ပန္ခ်စ္ၾကည္ေရးအေနနဲ႔ ေကာင္းတဲ့အရာေတြအားလံုးကုိ Message ေတြအမ်ားၾကီးေပးျပီးေတာ့ ကြ်န္ေတာ္ရိုက္ခဲ့တယ္။ ဒါေၾကာင့္ ကြ်န္ေတာ္ယံုၾကည္တာေပါ့ေနာ္၊ေစတနာအက်ိဳးေပးမွာပါ။ ေစတနာေကာင္းရင္ကံေကာင္းတာပဲဆိုေတာ့ ဒီကားဟာအားလံုးလည္းေစတနာထားျပီးေတာ့ ရိုက္ထားတဲ့ကားေလးျဖစ္တဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္တုိ႔ကံေကာင္းမွာပါ။” လို႔ ယံုၾကည္ခ်က္ရွိရွိေျပာၾကားထားသလို

ဒီလိုေပါက္ၾကားသြားရတဲ့အတြက္ ခံစားရတဲ့ စိုးရိမ္စိတ္ေတြကုိလည္း ေအာင္ရဲလင္းက “ အဓိကက ပရိုဂ်ဴဆာပိုင္းဆုိင္ရာကထိခိုက္တာေပါ့ေနာ္။ ပရိုဂ်ဴဆာပုိင္းဆိုင္ရာျပီးသြားမွ ကြ်န္ေတာ္တို႔အနုပညာရွင္ေတြဆီေရာက္တာပါ။ ျဖစ္တာကျဖစ္သြားျပီးျပီဆိုေတာ့ အဓိကကေတာ့ ဘယ္သူ႔ဘယ္သူ႔ကုိမွ ကြ်န္ေတာ့္အေနနဲ႔ထပ္ျပီးေတာ့လည္း အျပစ္လည္းမျမင္ပါဘူး။ ေဝလည္းမေဝဖန္ခ်င္ပါဘူး။ ဆိုေတာ့.. ေနာက္ကားေတြဒီလိုမ်ိဳးမျဖစ္ပါေစနဲ႔လို႔ပဲ ကြ်န္ေတာ္ဆုေတာင္းပါတယ္။ ေနာက္ကားေတြလည္းဒီလိုမ်ိဳးမျဖစ္တာက ကြ်န္ေတာ္တို႔ တကယ့္ကုိ ဒီလိုမ်ိဳး ဇာတိေျမကားလိုေပါ့ေနာ္ ထုတ္လုပ္သူပုိင္း ဆိုင္ရာက ေငြကုိ သိန္းကိုေထာင္နဲ႔ခ်ီျပီးရိုက္ကူးထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီလိုမ်ိဳးသာထပ္ျဖစ္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ရုပ္ရွင္မွာထိခိုက္စရာေတြပုိျပီးျဖစ္လာနုိင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ တကယ္ကားေကာင္းေတြကိုရိုက္ေပးမယ့္ ပရိုဂ်ဴဆာမရွိေတာ့မွာစိုးလို႔ေပါ့ေလ။ဒါေၾကာင့္လည္း ဒီလိုမ်ိဳးထပ္မျဖစ္ပါေစနဲ႔လို႔ပဲကြ်န္ေတာ္ဆုေတာင္းပါတယ္။”လုိ႔ ေျပာျပသြားခဲ့ပါတယ္။

ဒါ့အျပင္ ေအာင္ရဲလင္းက ရုပ္ရွင္ကုိဖုန္းထဲမွာၾကည့္တာနဲ႔ တကယ္ရံုထဲမွာၾကည့္တာနဲ႔က ရုပ္ထြက္ပုိင္းဆိုင္ရာေရာ အသံပိုင္းဆိုင္ရာေတြပါ ဘာမွမဆိုင္ေအာင္ကြာမွာျဖစ္တဲ့အတြက္ ရံုမွာလာၾကည့္ေစခ်င္ေၾကာင္းနဲ႔ လာၾကည့္မယ့္ပရိသတ္ေတြကုိလည္း ေက်းဇူးအထူးတင္ရွိေၾကာင္း ေျပာၾကားထားပါေသးတယ္။ ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးလည္း ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးကားၾကီး ဇာတိေျမကုိ ရံုမွာ သြားအားေပးၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

အောင်ရဲလင်းဆိုတာက ဟိုးလွန်ခဲ့တဲ့နှစ်တွေအတော်ကြာကတည်းက ရွှေဝါရောင်ဆံပင်တွေ၊အီမိုကေနဲ့ဆံပင်တွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ accessories တွေ နားကွင်းတွေဝတ်ထားတဲ့ ခပ်ဆိုးဆိုးသူဌေးသားဇာတ်ရုပ်လေးတွေရိုက်နေကတည်းက ပရိသတ်က အလွန်ချောမောတဲ့ရုပ်ရည်ကြောင့်သတိထားမိခဲ့ကြတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်တိုးတက်လာတဲ့သရုပ်ဆောင်မှုတွေနဲ့ လူကြီးဆန်လာတဲ့အပြင်အဆင်တွေ၊ ကိုရီးယားမင်းသားလေးလိုမထိရက်စရာချောမောတဲ့ရုပ်ရည်ကနေ ယောက်ျားဆန်ဆန်ချောမောလာတဲ့ ရုပ်ရည်အသွင်အပြင်ကိုလည်း သတိမထားမိပဲမနေနိုင်အောင်ကို အောင်ရဲလင်းက တစ်နိုင်ငံလုံးကပရိသတ်တွေကိုစိုးမိုးထားခဲ့တာပါ။

အခုဆိုရင် ထိပ်တန်းမင်းသားတစ်ယောက်နေရာမှာရပ်တည်လာခဲ့တာ နှစ်အတန်ကြာပြီဖြစ်တဲ့ အောင်ရဲလင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေးဇာတ်ကားကြီးဖြစ်တဲ့ ဇာတိမြေဇာတ်ကားမှာ အဓိကဇာတ်ဆောင်နေရာကနေ ဝတ်မံှုရွှေရည်၊မြန်မာလူမျိုး ဂျပန်နိုင်ငံသားလေးဖြစ်တဲ့ ပရိသတ်တွေအသည်းစွဲ မိုရီဆာကီဝင်းတို့နဲ့အတူ လက်တွဲသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတိမြေဇာတ်ကားကြီးကို စရိုက်ပါပြီဆိုကတည်းကိုက ဂျပန်-မြန်မာ ချစ်ကြည်ရေးကားတစ်ကားဖြစ်တာကြောင့်တစ်ကြောင်း နှစ်နိုင်ငံလုံးကထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားတာကတစ်ကြောင်းကြောင့် ပရိသတ်တွေကအလွန်စိတ်ဝင်စားခဲ့ကြတာပါ။ ဇာတ်ကားရုံတင်မယ့်ရက်ကိုလည်း လည်တဆန့်ဆန့်နဲ့အမျှော်ကြီးမျှော်လင့်နေခဲ့ကြတာပါ။

ဒါပေမယ့် ဇာတ်ကားကြီးရုံမတင်ခင် ရက်အနည်းငယ်အလိုမှာ စိတ်မကောင်းစရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ အားလုံးလည်းသိကြတဲ့အတိုင်း Online ပေါ်မှာ ဇာတိမြေဇာတ်ကားကြီးပေါက်ကြားသွားခဲ့တာပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေအပါအဝင် သက်ဆိုင်သူတွေအားလုံးကစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒီလိုပေါက်ကြားသွားတာနဲ့ပတ်သက်ပြီး အောင်ရဲလင်းက Online Media တွေနဲ့ Interview ကနေ တစ်ဆင့်ပရိသတ်တွေကို ရင်ဖွင့်စကားအချို့ပြောကြားသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိုဂျူဆာပိုင်းဆိုင်ရာကအထိခိုက်ဆုံးဖြစ်လို့ စိတ်မကောင်းရကြောင်းကိုလည်း အောင်ရဲလင်းက “ပထမဦးဆုံးအနေနဲ့ ကျွန်တော် စိတ်မကောင်းဖြစ်တာကတော့ ပရိုဂျူဆာပေါ့နော်။ ပရိုဂျူဆာအတွက် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးသွားရင် ကျွန်တော့်ဆရာမကြည်ဖြူသျှင်အတွက်လည်းကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။”လို့ဖြေကြားထားပါတယ်။အောင်ရဲလင်းက စေတနာကောင်းရင်ကံကောင်းမယ်လို့ယုံကြည်ထားကြောင်းကိုလည်း “ကျွန်တော်ယုံကြည်တာကတော့ ဒီကားကိုရည်ရွယ်ချက်ကောင်းတွေနဲ့ရိုက်ခဲ့တယ်။ မြန်မာ-ဂျပန်ချစ်ကြည်ရေးအနေနဲ့ ကောင်းတဲ့အရာတွေအားလုံးကို Message တွေအများကြီးပေးပြီးတော့ ကျွန်တော်ရိုက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်ယုံကြည်တာပေါ့နော်၊စေတနာအကျိုးပေးမှာပါ။ စေတနာကောင်းရင်ကံကောင်းတာပဲဆိုတော့ ဒီကားဟာအားလုံးလည်းစေတနာထားပြီးတော့ ရိုက်ထားတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကံကောင်းမှာပါ။” လို့ ယုံကြည်ချက်ရှိရှိပြောကြားထားသလို

ဒီလိုပေါက်ကြားသွားရတဲ့အတွက် ခံစားရတဲ့ စိုးရိမ်စိတ်တွေကိုလည်း အောင်ရဲလင်းက “ အဓိကက ပရိုဂျူဆာပိုင်းဆိုင်ရာကထိခိုက်တာပေါ့နော်။ ပရိုဂျူဆာပိုင်းဆိုင်ရာပြီးသွားမှ ကျွန်တော်တို့အနုပညာရှင်တွေဆီရောက်တာပါ။ ဖြစ်တာကဖြစ်သွားပြီးပြီဆိုတော့ အဓိကကတော့ ဘယ်သူ့ဘယ်သူ့ကိုမှ ကျွန်တော့်အနေနဲ့ထပ်ပြီးတော့လည်း အပြစ်လည်းမမြင်ပါဘူး။ ဝေလည်းမဝေဖန်ချင်ပါဘူး။ ဆိုတော့.. နောက်ကားတွေဒီလိုမျိုးမဖြစ်ပါစေနဲ့လို့ပဲ ကျွန်တော်ဆုတောင်းပါတယ်။ နောက်ကားတွေလည်းဒီလိုမျိုးမဖြစ်တာက ကျွန်တော်တို့ တကယ့်ကို ဒီလိုမျိုး ဇာတိမြေကားလိုပေါ့နော် ထုတ်လုပ်သူပိုင်း ဆိုင်ရာက ငွေကို သိန်းကိုထောင်နဲ့ချီပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုးသာထပ်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ရုပ်ရှင်မှာထိခိုက်စရာတွေပိုပြီးဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်ကားကောင်းတွေကိုရိုက်ပေးမယ့် ပရိုဂျူဆာမရှိတော့မှာစိုးလို့ပေါ့လေ။ဒါကြောင့်လည်း ဒီလိုမျိုးထပ်မဖြစ်ပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းပါတယ်။”လို့ ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် အောင်ရဲလင်းက ရုပ်ရှင်ကိုဖုန်းထဲမှာကြည့်တာနဲ့ တကယ်ရုံထဲမှာကြည့်တာနဲ့က ရုပ်ထွက်ပိုင်းဆိုင်ရာရော အသံပိုင်းဆိုင်ရာတွေပါ ဘာမှမဆိုင်အောင်ကွာမှာဖြစ်တဲ့အတွက် ရုံမှာလာကြည့်စေချင်ကြောင်းနဲ့ လာကြည့်မယ့်ပရိသတ်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားထားပါသေးတယ်။ ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးလည်း ဂျပန်-မြန်မာချစ်ကြည်ရေးကားကြီး ဇာတိမြေကို ရုံမှာ သွားအားပေးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.