ကားမှတ်တိုင်မှာ သင်္ကန်း သပ်သပ် ရပ်ရပ် ရုံထားပြီး ဖိနပ်မပါဘူး ရပ်နေ တာတွေ့တော့ ဘာလဲဆိုပြီး လှမ်းကြ ည့်မိလိုက်သော အခါ

ကားမှတ်တိုင်မှာ သင်္ကန်း သပ်သပ် ရပ်ရပ် ရုံထားပြီး ဖိနပ်မပါဘူး ရပ်နေ တာတွေ့တော့ ဘာလဲဆိုပြီး လှမ်းကြ ည့်မိလိုက်သော အခါ

ဒီနေ့ Dead Body နှစ်ခုပို့အပြီး အိမ်စောစောပြန်နားမယ်ပေါ့။ ပြန်လာတဲ့လမ်းက ကားမှတ်တို င်မှာ သင်္ကန်းသပ်သပ်ရပ်ရပ်ရုံထားပြီး ဖိနပ်မပါဘူး ရပ်နေတာတွေ့တော့ ဘာလဲဆိုပြီးလှမ်းကြ ည့် မိတယ်။

တချို့သင်္ကန်းဝတ်တွေက မူးယစ်သောက်စားပြီး ဖိနပ်တောင်မစီးနိုင်အောင် မူးနေတတ်တယ်ေ လ။ အဲဒါမျိုးတွေ့လို့ ဘေးကလူအဖော်ကောင်းလို့ကတော့ ချုပ်ပြီးရဲစခန်းပို့ပြီးသားပဲ သေချာ ကြ ည့်မှ ပုခုံးပေါ်က ဒုကုဋ်နဲ့ ယပ်တောင်ကိုင်ထားတာကိုတွေ့တယ်။ ဒါဆိုရင်တော့ တခုခု ထူးခြားတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်။

အဲလိုသင်္ကန်းကျကျနနခြုံပြီး ဒုကုဋ်ပုခုံးပေါ်တင်ဖို့ကကျတော့ တော်ရုံအရေခြုံတွေမလုပ် နိုင် ဘူးလေကိုယ်တော် ဘယ်ကြွမလို့လဲဆိုတော့ အင်းစိန်တဲ့။ တပည့်တော်လိုက်ပို့မယ်ဆိုတော့ ကိုရင့်မှာ ပိုက်ဆံမပါဘူးတဲ့။ စိတ်ထဲတော့တမျိုးဖြစ်သွားတယ်Taxi နဲ့ရိုးရိုးကားတောင်မ ခွဲ တတ်ဘူးလို့။ တပည့်တော်လဲ Taxi မဟုတ်ပါဘူးလို့ လမ်းသွားရင်းကုသိုလ်ယူတာပါဆိုတော့ လမ်းကြုံမှပို့ပါတဲ့လမ်းပေါ်မှာရှိရင် လမ်းကြုံပါတယ်ဆိုတော့မှ အင်တင်တင်လုပ်နေတုန်း ဘေး ကလူတွေဝိုင်းပြောတော့ ကားပေါ်တက်လာတယ်။ သူပြောနေတဲ့ စကားတွေကမနဲ နားထော င်နေရတယ်။

စကားသိပ်မပြောတတ်သလိုပဲ။ တခုခုပဲလို့တော့ တွေးမိတယ်ကိုရင်က ပိုက်ဆံလဲမကိုင်ဘူး၊ သင်္ကန်းလဲစနစ်တကျရုံပြီးမှ အပြင်ထွက်တယ်ဆိုတော့ ဝိနည်းစိတ်ဝင်စားရင် တပည့်တော် တို့လှူနေကျ ဝိနည်းအလေးထားတဲ့ကျောင်းတွေမှာနေချင်လားဆိုတော့မှ သူက မှော်ဘီမဟာဝိ ဟာရမှာ ၆ နှစ်နေလာတာဆိုပဲဒါကြောင့် ဒီပုံဖြစ်နေတာကိုး။

ဒီလောက်ကုသိုလ်ရတာ ဘာလို့အဲ့ကျောင်းကထွက်လာလဲ နှမြောစရာကြီးလို့ပြော မိတယ် နိုင်ငံခြားသားဖြစ်နေတယ်ရော၊ ဖုန်းဆက်မရတာတွေကော ပြန်ဖြေတယ်။ မပီသတော့ သိပ် နားမလည်ဘူးခုရော ဘယ်သွားမှာလဲဆိုတော့။ သာမဏေကျော်စာမေးပွဲေ ဖာင်သွားတင် မ လို့တဲ့။ ဖြေဖို့ထောက်ခံစာလဲယူရမယ်ဆိုပဲ။ ပြီးရင် မရမ်းကုန်းသွားမယ်တဲ့ခုဘ ယ်မှာနေ တာလဲ ဆိုတော့ ရွှေပြည်သာတဲ့။ တော်တော်တော့ရှုပ်လာပြီ။ စကားပြောရင်းတော့ နားရည်ဝပြီး သြူေ ပာတာတွေ ပိုနားလည်လာတယ်မဟာဝိရကထွက်လာကတည်းက ပိုက်ဆံမကိုင် ပဲခုလိုေ လျှာက်သွားနေတာ အဆင်ပြေလားဆိုပြီးမေးကြည့်တယ်။

ပြေပါတယ်ဆိုတော့ မဆိုးဘူးပဲပေါ့တခြားဘုန်းကြီးတွေနဲ့ရော အဲ့လိုဝိနည်းအတိုင်းနေတော့ အဆင်ပြေပါ့မလားမေးကြည့်တယ်။ မပြေဘူးတဲ့။ ပရိယာယ်သုံးပြီးနေရတ ယ်ဆိုပဲဘုရားရဲ့စည်း ကမ်းတွေကို လိုက်နာတဲ့သူတွေ နေစရာတကယ်ရှားပါတယ်။ မဟာဝိဟာရကထွက်ရလာတဲ့ အကြောင်းပြန်ရောက် သွားမှပဲ ဇာတ်ရည်ကလည်တော့တယ်သူက ဘင်္ဂလားဒေ့ရှ်ကလာတာ တဲ့။ ဘင်္ဂါလီလားဆိုတော့၊ မဟုတ်ဘူး ရခိုင်တဲ့။ သူတို့တရွာလုံးရခိုင်တွေချည်းပဲတဲ့သူရယ်ေ

နာက်တယောက်ရယ် ဗုဒ္ဓစာပေတွေသင်ဖို့ ဒီကိုတူတူလာတာ တယောက်က မနေနိုင်လို့ ပြန် သွားပြီဆိုပဲ။ ကိုယ်လဲအဲ့ကျမှအံ့ဩရတယ်သူတို့နားမှာ ဘင်္ဂါလီရွာရော၊ မရမ်မာကြီးရွာတွေပါရှိ တယ်တဲ့။ ရခိုင်နယ်စပ်နဲ့တော့တော်တော်ဝေးတယ်ပြော တယ်သူကအခုအပြ င်မှာလေ့လာေ နတာတဲ့။ တနေ့ရွာပြန်ပြီး မဟာဝိဟာရလို ဝိနည်းဆောင်စာသင်တိုက်ထောင်မယ်တဲ့ဗျ အဲ့ကျမှ ငါတော့ တကယ့်ကုသိုလ်ကြီးကြီးတခုရလိုက်ပြီလို့သိတော့တယ်။

Comments are closed.