အပြုံးချိုချိုလေးနဲ့ နှုတ်ခမ်းနီမလေးတွေကို စိတ်ပူအောင် လုပ်လိုက်တဲ့ ဒေါင်း

အပြုံးချိုချိုလေးနဲ့ နှုတ်ခမ်းနီမလေးတွေကို စိတ်ပူအောင် လုပ်လိုက်တဲ့ ဒေါင်း

ပုဂံမြို့သူဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေကြားထဲ တဖြေးဖြေးနေရာယူလာနိုင်ခဲ့သူ ဒေါင်း ကတော့ ယခုဆိုရင် မိန်းကလေးတွေရဲ့ အသည်းစွဲ မင်းသားတစ်လက်ဖြစ်နေပါပြီ။ ဒေါင်းဆိုမှဒေါင်း သည်းသည်းလှုပ်အားပေးခံနေရတာကလည်း သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးတွေကြောင့်ပဲဖြစ်မယ်ထင်တယ်နော်။ ဒေါင်းကတော့ ပုဂံမြို့သူဇာတ်လမ်းတွဲလေးထဲမှာ ကိုမောင်ကြီးကာရိုက်တာအနေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တာပါ။

ယနေ့လူမှုကွန်ယက်ပေါ်မှာ ပရိသတ်အားပေးမှုအများဆုံးဖြစ်နေတဲ့ ဒေါင်းကတော့ တည်ငြိမ်ရင့်ကျက်မှုအပြည့်ရှိသူအဖြစ်လည်း တွေ့ရပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးလည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူ ဒေါင်းက ချစ်သူရှိကြောင်းကိုလည်း မကွယ်ဝှက်တမ်းပြောပြခဲ့ပါတယ်။ သူချစ်တဲ့ ချစ်သူကိုတော့ ကြေငြာတစ်ခုလို ချပြသွားမှာမဟုတ်ဘူးလို့ ဒေါင်းက ဆိုပါသေးတယ်နော်။ သို့ပေမယ့်လည်း ဒေါင်းရဲ့အနုပညာကိုသာ အားပေးတဲ့ ပရိသတ်တွေကတော့ ဒေါင်းကို ဆက်လက်ပြီးအားပေးနေကြဆဲပါပဲ။

ပရိသတ်ကြီးရေ ဒေါင်းက သူ့ပရိသတ်တွေအတွက် အလွမ်းပြေဗီဒီယိုလေးတစ်ခုတင်ထားပေးပါသေးတယ်။ သူနဲ့ ဆိုတဲ့ Caption လေးနဲ့အတူ ရိုက်ကွင်းတစ်ခုမှာရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ဒီဗီဒီယိုလေးထဲမှာတော့ ပရိသတ်တွေ ချစ်တဲ့ သူ့ရဲ့အပြုံးတွေကို တဝကြီးမြင်တွေ့ကြရမှာပါနော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Video Source: Daung

Comments are closed.