ရည်းစားဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို ပြောပြလာတဲ့ နေခြည်ဦး

ရည်းစားဟောင်းနဲ့ ပြန်တွေ့ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို ပြောပြလာတဲ့ နေခြည်ဦး

နေခြည်ဦးက ရည်းစားဟောင်းဖြစ်သူ အောင်ရဲလင်းနဲ့ ပွဲတစ်ပွဲမှာ ပြန်လည်ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်က ချစ်သူ ရည်းစားတွေ ဖြစ်ခဲ့ကြတဲ့ နေခြည်ဦးနဲ့ အောင်ရဲလင်းတို့က ဖေဖော်ဝါရီ (၁၅) ရက်နေ့က ပြုလုပ်တဲ့ essence ပွဲမှာ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ ရည်းစားဟောင်းနဲ့ အတူ အတူတူ ပွဲတက်ရတဲ့ ခံစားချက်ကိုလည်း နေခြည်ဦးက ယခုလို ပြောပြခဲ့တာပါ။

“နေခြည်တို့မဆုံတာတော့ တော်တော်ကြာသွားပြီ။စကားတော့မပြောဖြစ်ပါဘူး/ ကိုအောင်ရဲ လင်းရဲ့ သူငယ်ချင်းတွေနဲ့လည်း ခင်တော့ အကျိုးအကြောင်းလေးတွေ မေးဖြစ်ပါတယ်ဒီ လော က်ပါပဲ။အခုလို ပြန်တွေ့တဲ့ အချိန်မှာ နှစ်ယောက်လုံးက အေးအေးဆေးဆေးဆိုတော့ ကိုအောင်ရဲလင်းရဲ့ ပရိသတ်တွေရော နေခြည်ရဲ့ ပရိသတ်တွေရော ကြည်နူးကြမယ်ထင် ပါတယ်။နေခြည်တို့ကိုယ်တိုင်လည်း ပြန်တွေ့တဲ့အခါမှာ အေးဆေးဆိုတော့ အေးဆေးပါပဲ” လို့ essence ပွဲမှာ မီဒီယာတွေရဲ့ အမေးကို ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ယခင်က နေခြည်ဦးနဲ့ အောင်ရဲလင်းတို့အတူတူ ဇာတ်ကားရိုက်ကူးမယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ မရိုက်ဖြစ်သေးတာ တွေ့ရပါတယ်။ နေခြည်ဦးနဲ့ အောင်ရဲလင်းတို့ နှစ်ယောက် တကယ်ပဲ ဇာတ်ကား ရိုက်ကူးဖို့ ရှိနေမလားဆိုတဲ့ မေးခွန်း ကို “အဲဒီလိုမျိုး လာကမ်းလှမ်းတာတော့ မရှိသေးပါဘူး။ လာကမ်းလှမ်းမယ်ဆိုရင် နေခြည် က ရုပ်ရှင်ထဲ စဝင်ကတည်းက ဇာတ်လမ်းကို အရမ်းဦးစားပေးတယ်။ဆိုတော့ နေခြည် ဇာတ်လမ်း ရိုက်ရင်တော့ ရိုက်တယ်။ မင်းသားရွေးတာတွေ ဘာတွေ တစ်ခါမှ မရှိခဲ့ပါဘူး” လို့ သူမက ပြောပြခဲ့ပါတယ်။

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အ ရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လော ကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

[Zawgyi]

ေနျခည္ဦးက ရည္းစားေဟာင္းျဖစ္သူ ေအာင္ရဲလင္းနဲ႔ ပြဲတစ္ပြဲမွာ ျပန္လည္ဆုံေတြ႕ခဲ့တာ ျဖစ္ပါတယ္။

တစ္ခ်ိန္က ခ်စ္သူ ရည္းစားေတြ ျဖစ္ခဲ့ၾကတဲ့ ေနျခည္ဦးနဲ႔ ေအာင္ရဲလင္းတို႔က ေဖေဖာ္ဝါရီ (၁၅) ရက္ေန႔က ျပဳလုပ္တဲ့ essence ပြဲမွာ ျပန္လည္ဆုံေတြ႕ခဲ့ၾကပါတယ္။ ရည္းစားေဟာင္းနဲ႔ အတူ အတူတူ ပြဲတက္ရတဲ့ ခံစားခ်က္ကိုလည္း ေနျခည္ဦးက ယခုလို ေျပာျပခဲ့တာပါ။

“ေနျခည္တို႔မဆုံတာေတာ့ ေတာ္ေတာ္ၾကာသြားၿပီ။စကားေတာ့မေျပာျဖစ္ပါဘူး/ ကိုေအာင္ရဲ လင္းရဲ့ သူငယ္ခ်င္းေတြနဲ႔လည္း ခင္ေတာ့ အက်ိဳးအေၾကာင္းေလးေတြ ေမးျဖစ္ပါတယ္ဒီ ေလာ က္ပါပဲ။အခုလို ျပန္ေတြ႕တဲ့ အခ်ိန္မွာ ႏွစ္ေယာက္လုံးက ေအးေအးေဆးေဆးဆိုေတာ့ ကိုေ အာင္ ရဲလင္းရဲ့ ပရိသတ္ေတြေရာ ေနျခည္ရဲ့ ပရိသတ္ေတြေရာ ၾကည္ႏူးၾကမယ္ထင္ ပါတယ္။ေ နျခည္တို႔ကိုယ္တိုင္လည္း ျပန္ေတြ႕တဲ့အခါမွာ ေအးေဆးဆိုေတာ့ ေအးေဆးပါပဲ” လို႔ essence ပြဲမွာ မီဒီယာေတြရဲ့ အေမးကို ျပန္လည္ေျဖဆိုခဲ့တာ ျဖစ္ပါတယ္။

ယခင္က ေနျခည္ဦးနဲ႔ ေအာင္ရဲလင္းတို႔အတူတူ ဇာတ္ကားရိုက္ကူးမယ္ဆိုၿပီး သတင္းေတြ ထြက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ မရိုက္ျဖစ္ေသးတာ ေတြ႕ရပါတယ္။ ေနျခည္ဦးနဲ႔ ေအာင္ရဲလင္းတို႔ ႏွစ္ေယာက္ တကယ္ပဲ ဇာတ္ကား ရိုက္ကူးဖို႔ ရွိေနမလားဆိုတဲ့ ေမးခြန္း ကို “အဲဒီလိုမ်ိဳး လာကမ္းလွမ္းတာေတာ့ မရွိေသးပါဘူး။ လာကမ္းလွမ္းမယ္ဆိုရင္ ေနျခည္ က ႐ုပ္ရွင္ထဲ စဝင္ကတည္းက ဇာတ္လမ္းကို အရမ္းဦးစားေပးတယ္။ဆိုေတာ့ ေနျခည္ ဇာတ္လမ္း ရိုက္ရင္ေတာ့ ရိုက္တယ္။ မင္းသားေရြးတာေတြ ဘာေတြ တစ္ခါမွ မရွိခဲ့ပါဘူး” လို႔ သူမက ေျပာျပခဲ့ပါတယ္။

ေနျခည္ဦးဟာ Beauty Blogger ဘဝနဲ႔ အႏုပညာလမ္းေၾကာင္းေပၚကို ေရာက္ရွိလာတဲ့ သူတစ္ဦးပါ။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ မ်ားစြာ ပိုင္ဆိုင္ထားနိုင္တဲ့ အသက္(၂၈)ႏွစ္အ ရြယ္ ေကာင္မေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။

သူမက အခ်ိန္တိုေလးအတြင္းမွာ Beauty Blogger ဘဝကေန သ႐ုပ္ေဆာင္ေလာ ကထဲသို႔ ေရာက္ရွိလာသူ တစ္ဦးလည္း ျဖစ္ပါတယ္။ နာမည္ႀကီး မင္းသားမ်ားနဲ႔အတူ ႐ုပ္ရွင္ဇာတ္ ကားႀ ကီးမ်ား၊ ဇာတ္လမ္းတြဲမ်ားကို ဆက္တိုက္ ဆိုသလို ရိုက္ကူးခဲ့ရပါတယ္။ သူမပါဝင္ထားတဲ့ “ဧည့္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္ ၂၀၁၈ ခုႏွစ္အတြက္ ေပးအပ္မယ့္ ျမန္မာ့႐ုပ္ရွင္ ထူးခၽြန္ဆုရဲ့ ဆန္ခါတင္စာရင္းမွာ ပါဝင္ေနတာလည္း ျဖစ္ပါတယ္။

Comments are closed.