(၂၁)နှစ်ကြာ ငိုခဲ့ရ ပျော်ခဲ့ရတဲ့အ ချိန် တွေကို ကာတွန်းလေးအဖြစ်ပြန် လည်အသက်သွင်းထားတဲ့ စမိုင်းလ် တို့ရဲ့အချစ်ဇာတ်လမ်းလေး”
(၂၁)နှစ်ကြာ ငိုခဲ့ရ ပျော်ခဲ့ရတဲ့အ ချိန် တွေကို ကာတွန်းလေးအဖြစ်ပြန် လည်အသက်သွင်းထားတဲ့ စမိုင်းလ် တို့ရဲ့အချစ်ဇာတ်လမ်းလေး”
တစ်ချိန်တုန်းကအောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့စမိုင်းလ်ကတော့ လက် ရှိအချိန်မှာ မိန်းကလေးတိုင်းလေးစားအားကျနေရတဲ့ အိမ်ထောင်ရှင်မတစ်ယောက် အဖြ စ်ရပ်တည်နေသူတစ်ယောက်ပါ။လိုလေသေးမရှိဖြည့်ဆည်းချစ်ခင်ပေးတတ်တဲ့ ခင်ပွန်းဖြ စ်သူကိုပြည့်မောင်ကြောင့်လည်း စမိုင်းလ်ကတော့ အပူအပင်မရှိအေးချမ်းစွာနဲ့ စိတ်ရှိသ လောက်အလှူအတန်းတွေပြုနေနိုင်တာလည်းဖြစ်ပါတယ်။
အများတကာအားကျနေရတဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့စမိုင်းလ်တို့ဇနီးမောင် နှံရဲ့ဘဝခရီး လမ်းကတော့ အစကတည်းက အဆင်ပြေချောမွေ့လွယ်ကူဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ် ပါဘူး။မကြာခဏဆိုသလို ခက်ခဲခဲ့တဲ့ဘဝအကြောင်းကို အင်တာဗျူးတွေမှာထည့်ဖြေခဲ့သလို မနှစ်က ချစ်သူများနေ့မှာလည်း ကိုပြည့်မောင်က သူတို့ချစ်ခရီးအစကနေ အဆင်ပြေ ပြေနေထိုင်လာနိုင်တဲ့အချိန်ထိအကြောင်းကို ပြည့်စုံစွာရေးသားခဲ့ပါသေးတယ်။
အခုချိန်ထိ စချစ်ကတည်းကအတိုင်း အချစ်တွေလတ်ဆတ်နေဆဲ သူတို့နှစ်ယောက် ကတော့ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာလည်း ပရိသတ်တွေအားကျရလောက်အောင် Surprise လုပ်ခဲ့ပါသေး တယ်။ခင်ပွန်းဖြစ်သူကိုပြည့်မောင်ကတော့ ဘောလုံးကွင်းကြီးတစ်ခုလုံးကို အပြတ်ငှားခဲ့ပြီး နေကြာပန်းတွေနဲ့ အလှဆင်ကာ စမိုင်းလ်ကို Surprise လုပ်ခဲ့တဲ့အပြင် သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးကိုပါ ကာတွန်းလေးတွေနဲ့ပုံဖော်ကာ ပိတ်ကားထ က်မှာပြသခဲ့ပါ သေးတယ်။
ပရိသတ်ကြီးရေ အခက်အခဲတွေများစွာနဲ့စတင်ခဲ့ရပြီး ဒီနေ့ဒီအချိန်မှာ အကောင်းဆုံးအနေ အထားကိုရောက်လာခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့အချစ်ခရီးလမ်းလေးကို ပုံဖော်ထားတဲ့ကာတွန်းဗွီ ဒီယိုလေးကတော့ ကြည့်ရှုတဲ့ပရိသတ်တိုင်းကြိုက်နှစ်သက်ကြတာမို့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။
Source – စမိုင်းလ် Smile
Rainbow- Cele Gabar,Reference&Credit:Celegabar.com
[Zawgyi]
Comments are closed.