ပရိသတ်တွေနဲ့ စုပေါင်းပြီးဆေးပဒေ သာပင် လှူဒါန်းလိုက်တဲ့ နေခြည်ဦး
ပရိသတ်တွေနဲ့ စုပေါင်းပြီးဆေးပဒေ သာပင် လှူဒါန်းလိုက်တဲ့ နေခြည်ဦး
Beauty Blogger တစ်ယောက်အနေနဲ့ ပရိသတ်စတင်သတိထားမိခဲ့တာဖြစ်ပြီး အများနဲ့မတူ တဲ့ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတစ်ရှိန်ထိုးရလာခဲ့တဲ့ နေခြည်ဦးကတော့ ပရိသတ်တွေနဲ့ စုပေါင်းပြီးဆေးပဒေသာပင် လှူဒါန်းလိုက်တဲ့အကြော င်းကို “မတီနာရယ်၊ နေခြည်ရယ်၊ Chillies စုပေါင်းပဒေသာ အလှူငွေ သိန်း(၅၀)” ဆိုကာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့် My Day မှာ ဖော်ပြထားပါတယ်။
နေခြည်ဦးကတော့ “အိပ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲထားမှာတော့ မိန်းကလေးပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရတဲ့ မိုရီဆာကီဝင်းရဲ့ ချစ်သူ ကော င်မလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး ဒီရုပ်သံဇာတ်လမ်းတွဲကြီးကိုတော့ ဖောဖော်ဝါရီ လ(၁၄)ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသတော့မှာလည်းဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လ မ်းတွဲကြီးမှာတော့ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွန်း၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ မျိုးစန္ ဒီကျော်တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေခြညိဦးကတော့ မကြာခဏဆိုသလို မအားလပ်တဲ့ကြားကနေ အလှူအတန်းတွေတောက်လျှောက်လုပ်နေတဲ့ အနုပညာရှ င်တ စ်ဦးလည်းဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ဦးကတော့ ချစ်ရတဲ့ မိတ်ဆွေ အစ်မဖြစ်သူ မတီနာနဲ့ Chillies တွေနဲ့အတူ စုပေါင်းကာ ပဲခူးမြို့ ချမ်းမြေ့ဇေ ယျာသာ မဏေ ကျော်တက္ကသိုလ် ကျောင်းမှာ ကျင်းပတဲ့ ဇိဝိတဒါန သံဃာဆေးရုံ စွန့်လွှတ်လှူဒါန်းပွဲမှာ ဆေးပဒေသာပင် အဖြစ်နဲ့ အလှူငွေသိန်း(၅၀)ပါဝင်လှူဒါန်းခဲ့ပါတယ်နော်။
Source: Nay Chi Oo
DarDar-CeleGabar,Reference&Credit:Celegabar.com
[Zawgyi]
Source: Nay Chi Oo
Comments are closed.