(၂၁)နှစ်ပြည့်မွေးနေ့လေးမှာ ဓမ္မသဘင်တရားအလှူလေးကျင်းပပြုလုပ်ပေးသွားမယ့် ဖြူဖြူထွေး”
(၂၁)နှစ်ပြည့်မွေးနေ့လေးမှာ ဓမ္မသဘင်တရားအလှူလေးကျင်းပပြုလုပ်ပေးသွားမယ့် ဖြူဖြူထွေး”
တစ်နေ့တခြားပရိသတ်တွေတိုးလို့အချစ်ပိုနေရတဲ့ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာဆိုရင် အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေရပြီဖြစ်ပြီး အောင်မြင်မှုရရှိလာသူတစ်ယော က်ပါ။ကြော်ငြာရိုက်ကူးရေးတွေနေ့တိုင်းလုပ်ကိုင်နေရတဲ့အပြင် ရရှိလာတဲ့အနုပ ညာကြေး လေးတွေနဲ့လည်း မကြာခင်ရန်ကုန်မှာ အိမ်လေးတစ်လုံးဝယ်နိုင်အောင် ကြိုးစားနေသူ လည်း ဖြစ်ပါတယ်။
ဖြူဖြူထွေးကတော့ နေ့စဉ်နေ့တိုင်းလည်း ကြော်ငြာဗွီဒီယိုလေးတွေတင်ပေးလေ့ရှိပြီး သူ့ရဲ့ဗွီ ဒီယိုလေးတွေမှာတော့ သူနေထိုင်တဲ့ရွာလေးနဲ့ပတ်သက်ပြီးတော့လည်း ရွာဓလေ့လေးတွေ ကို အမြဲမျှဝေပေးလေ့ရှိသူတစ်ယောက်ပါ။ပရိသတ်တွေအားလုံးကတော့ သူ့ရဲ့ရွာလေးနဲ့ ရင်းနှီးနေကြပြီဖြစ်ပြီး ရွာကောင်းကျိုးကိုအမြဲရှေးရှုတဲ့ဖြူဖြူထွေးကတော့ မကြာခင်ကျရော က် တော့မယ့် သူ့ရဲ့မွေးနေ့မှာ “မွေးနေ့မင်္ဂလာအလှူနဲ့ ဓမ္မသဘင်တရားအလှူ” လေး ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် ဖြူဖြူထွေးကတော့ သူ့ရဲ့မွေးနေ့အလှူလေး မှာဘုရားဆင်းတုတော်တစ်ဆူကိုလည်း ရွာဦးကျောင်းကိုပင့်ဆောင်လှူဒါ န်းသွားမှာ ဖြစ်ပါတယ်။
သူ့ရဲ့(၂၁)နှစ်ပြည့်မွေးနေ့လေးကိုတော့ သူနေထိုင်ရာရွာလေးဖြစ်တဲ့ “မန္တလေးတိုင်းဒေ သကြီး၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊ဖျောက်ဆိပ်ကျင်းအုပ်စု၊မြေနီကုန်းရွာလေးမှာ ကျင်းပပြု လုပ်သွားမှာဖြစ်ပြီး သူ့ရဲ့မွေးနေ့လေးကိုကြွရောက်ချီးမြှင့်နိုင်ဖို့လည်း ပရိသတ်ကြီးအားလုံး ကိုဖိတ်ကြားထားပါသေးတယ်။ဖြူဖြူထွေးကတော့ သူ့ရဲ့(၂၁)နှစ်ပြည့်မွေးနေ့လေးကို ပရိသတ် တွေအကုန်လုံးကိုဖိတ်ကြားထားတာမို့ နီးစပ်တဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် နော်။
Source – Phyu Phyu Htwe,CRD-Cele Gabar
[Zawgyi]
Comments are closed.