ကမၻာေပၚမွာ ျဂိဳလ္သားေတြခ်န္ထားခဲ့တဲ့ ေျခရာလက္ရာေတြ

ကမၻာေပၚမွာ ျဂိဳလ္သားေတြခ်န္ထားခဲ့တဲ့ ေျခရာလက္ရာေတြ

နွစ္ေတြဘယ္လိုပဲေျပာင္းလာခဲ့ေပမယ့္ မေျပာင္းမလဲတည္ရွိေနတဲ့ေမးခြန္းတစ္္ခုကေတာ့ ျဂိဳလ္သားေတြဟာတကယ္လားဆိုတဲ့ ေမးခြန္းပါပဲ။ မ်ိဳးရိုးစဥ္ဆက္တိုင္းမွာ ကေလးေတြရဲ႕အိပ္ရာဝင္ပံုျပင္ကလည္း သရဲေတြတေစၦေတြ၊မင္းသားေလးနဲ႔စင္ဒရဲလားေလးကေန ျဂိဳလ္သားေတြက တကယ္လားဟင္ဆိုတဲ့ ေမးခြန္းရဲ႕အေျဖေတြအျဖစ္ ကာလေရြ႕လ်ားလာတာနဲ႔အမ်ွေျပာင္းလဲလာခဲ့တာၾကာျပီလို႔ဆိုရမွာပါ။ ျဂိဳလ္သားေတြဟာတကယ္လားဆိုတဲ့ေမးခြန္းကုိ တစ္စိတ္တစ္ပုိင္းတာဝန္ယူနုိင္မယ့္ အေျဖအျဖစ္ ကမၻာေပၚမွာ ျဂိဳလ္သားေတြထားရစ္ခဲ့တဲ့ေျခရာလက္ရာေတြထဲကအခ်ိဳ႕အဝက္ကုိ ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ေတြအတြက္ေဖာ္ျပေပးလိုက္ပါတယ္။

ပန္းကန္ျပားပ်ံပံုစံေပၚေနတဲ့ေက်ာက္ျပား

ေက်ာက္ျပားၾကီးေပၚမွာပန္းကန္ျပားပ်ံပံုစံထြင္းထားတာက မထူးဆန္းပါဘူး။ လူေတြလည္းထြင္းနိုင္တာပဲေလ။ ထူးဆန္းတာက လူသူအေရာက္အေပါက္နည္းျပီးလမ္းပန္းၾကမ္းတမ္းလြန္းလို႔ ဘယ္သူမွမသြားၾကတဲ့ Bolivia ရဲ႕ ေက်ာက္တံုးေတာင္ထိပ္ေပၚမွာတည္ရွိေနတာပဲျဖစ္ပါတယ္။ အဲဒါကုိရွာေဖြေတြ႕ရွိသြားၾကျပီးေနာက္ပုိင္းမွာေတာ့ အဲဒီေက်ာက္ျပားၾကီးကုိ ျခံရံျပီး ေရွးေဟာင္းသုေတသန Site တစ္ခုထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။ မ်ားျပားလွတဲ့ ေရွးေဟာင္းသုေတသနပညာရွင္ေတြနဲ႔ ျဂိဳလ္ေတြအေၾကာင္းေလ့လာသူေတြကေတာ့ အဲဒီေက်ာက္ျပားၾကီးမွာ ျဂိဳလ္သားေတြကသူတုိ႔လာေရာက္သြားခဲ့ေၾကာင္း ေျခရာလက္ရာေတြခ်န္ထားခဲ့ၾကတာလို႔ ယံုၾကည္ေနၾကပါတယ္။

Teotihuacan City

Teotihuacan ျမိဳ႕ေတာ္ဟာ နတ္ဘုရားေတြထြက္ေပၚလာရာေဒသျဖစ္တယ္လို႔အဓိပၸါယ္ရျပီး 15 ရာစုနွစ္ေလာက္က ထြန္းကားသြားတဲ့ျမိဳ႕ေတာ္ၾကီးလည္းျဖစ္ပါတယ္။ ဒ႑ာရီလာပံုျပင္ဇာတ္ေၾကာင္းေတြအရ အဲဒီျမိဳ႕ေတာ္ကုိ ျဂိဳလ္သားေတြလာေရာက္တည္သြားခဲ့တာလို႔ အစဥ္အဆက္ယံုၾကည္လာၾကတာျဖစ္ျပီး အခုခ်ိန္ထိေတာ့ မသဲကြဲေသးတဲ့ယံုၾကည္မႈေတြအေနနဲ႔တည္ရွိေနဆဲပါပဲ။ အခုခ်ိန္မွာေတာ့ အဲဒီျမိဳ႕ေတာ္ဟာ Mexico နားမွာတည္ရွိေနပါတယ္။

တူရကီက ေျမေအာက္ျမိဳ႕ေတာ္

လူေတြေျမေအာက္ျမိဳ႕ေတာ္တည္နုိင္တယ္ဆိုတာက ေမွာင္ေမွာင္နဲ႔မည္းမည္းလိုဏ္ေခါင္းေတြတူးျပီးေရဆိုးပုိက္ေတြကေနတစ္ဆင့္ လို္ဏ္ေခါင္းေတြထဲကိုဆင္းျပီး ၾကြက္ေတြနဲ႔လည္ပင္းဖက္ေနထုိင္ရံုေလာက္ပဲတတ္နုိင္တာပါ။ ဒါေပမယ့္ တူရကီရဲ႕ေျမေအာက္ျမိဳ႕ေတာ္ကေတာ့ အလြန္စနစ္က်တဲ့ လူသံုးကုန္ပစၥည္းေတြ၊လ်ွပ္စစ္မီးေတြ၊ေက်ာင္းေတြ၊အိမ္ေတြ၊အလုပ္ရံုစက္ရံုေတြအကုန္တည္ရွိေနတဲ့ေျမေအာက္ျမိဳ႕ေတာ္တစ္ခုျဖစ္ပါတယ္။

အမ်ားစုက တူရကီရဲ႕ေျမေအာက္ျမိဳ႕ေတာ္ကို ျဂိဳလ္သားေတြလာေရာက္ေဆာက္သြားၾကတယ္လို႔ယံုၾကည္ေနၾကျပီး ေကာလဟလေတြအရအခ်ိဳ႕ကဆိုရင္ ဗုဒၶဟူးျဂိဳလ္ကျဂိဳလ္သားေတြလာေရာက္တည္ေဆာက္သြားတယ္လို႔ေကာက္ခ်က္ခ်ၾကပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ တစ္ေန႔တည္းမွာတင္ေန႔နဲ႔ညဆယ့္ေျခာက္ခါေလာက္ေျပာင္းေနတဲ့ ဗုဒၶဟူးျဂိဳလ္မွာသာတကယ္လို႔ျဂိဳလ္သားေတြရွိခဲ့မယ္ဆိုရင္ ျဂိဳလ္ရဲ႕အတြင္းထဲမွာသာ လိုဏ္ေခါင္းေတြတူးျပီးေနထုိင္ရမွာမို႔ ေျမေအာက္ျမိဳ႕ေတာ္တည္ေဆာက္ရာမွာ ဗုဒၶဟူးျဂိဳလ္သားေတြကကြ်မ္းက်င္မွာျဖစ္လို႔ပါပဲ။

ပီရူးသဲကႏၱာရရဲ႕ျပႆနာ

ပီရူးရဲ႕ Nazca သဲကႏၱာရမွာလည္း ဘယ္သူမွအေျဖမေပးနိုင္တဲ့ျပႆနာတစ္ခုကတည္ရွိလု႔ိေန႔ပါတယ္။ အဲဒါကေတာ့ ပူျပင္းလြန္းလုိ႔ ဘယ္သူမွအေျခခ်ဖို႔စိတ္မကူးတဲ့သဲကႏၱာရၾကီးထဲမွာ သံမံတလင္းေပၚမွာ ယာဥ္ေတြျဖတ္သန္းထားလို႔ အစင္းရာ၊ျခစ္ရာေတြထင္ေနတဲ့ မုိင္ငါးဆယ္ေက်ာ္အရြယ္အစားရွိတဲ့ ေက်ာက္ျပားၾကီးကို ေတြ႕လို္က္ရလို႔ပါပဲ။ ပူျပင္းလြန္းတာေၾကာင့္လူသားေတြဖန္တီးထားတဲ့ဘယ္လိုယာဥ္မ်ိဳးကမွ အနားကပ္ဆင္းသက္လို႔မရနုိင္တဲ့ သဲကႏၱာရၾကီးထဲက ေက်ာက္ျပားၾကီးဟာ ျဂိဳလ္သားေတြရဲ႕ယာဥ္ပံ်ေတြဆင္းသက္ရာျဖစ္မယ္လို႔ ေရွးေဟာင္းသုေတသနပညာရွင္ေတြနဲ႔ စူးစမ္းေလ့လာသူေတြကတစ္ညီတစ္ညြတ္တည္းမွတ္ခ်က္ခ်ထားၾကပါတယ္။

ပီရူးက ေရျပင္ညီေတာင္ထိပ္

ေတာင္ထိပ္ေတြဟာ ကတၱရာလမ္းလို ညီညာျပန္႔ျပဴးေနတာမ်ိဳးျဖစ္ေလ့ရွိပါသလား။ နုိးပါ။ ပီရူးကေတာင္ထိပ္တစ္ခုကေတာ့ သစ္ပင္ေတြ၊ေျမၾကီးေတြဟာ တိတိရိရိျပတ္ေနျပီး ေလယာဥ္ေျပးလမ္းလို ျငိမ္သက္ျပန္႔ျပဴးလို႔ေနပါတယ္။ ထူးျခားတာကေတာ့ အဲဒီေတာင္ထိပ္ရဲ႕ေျမျပင္ေပၚမွာရွိတဲ့ ျခစ္ရာရွရာလိုင္းေတြမ်ဥ္းေၾကာင္းေတြက သဲကႏၱာရထဲက ေက်ာက္ျပားၾကီးေပၚက လုိင္းေတြထက္ ပုိၾကီးျပီးပုိမ်ားတယ္လို႔သိရပါတယ္။ ဒီေတာ့ ျဂိဳလ္သားေတြက မ်ားေသာအားျဖင့္ ေတာင္ထိပ္ေပၚမွာသာ အဆင္းအတက္ျပဳလုပ္ၾကတာမ်ားျပီး သဲကႏၱာရထဲက ေက်ာက္ျပားၾကီးကိုေတာ့ အရံသေဘာမ်ိဳးထားတာလား ေတြးစရာပါပဲ။ ဒါေတြကုိရွာေဖြေတြ႕ရွိတဲ့ေန႔ကစျပီး အျမဲမျပတ္ေစာင့္ၾကည့္ေလ့လာေနခဲ့ေပမယ့္ ျဂိဳလ္သားေတြရဲ႕အရိပ္အေယာင္ မေတြ႕ရပံုေထာက္ရင္ေတာ့ လူေတြရိပ္မိသြားမွန္းသိလို႔ အျခားတစ္ေနရာေျပာင္းသြားၾကဟန္တူပါတယ္။

ဒါေတြကေတာ့ လူသားေတြကုိယ္စြမ္းညဏ္စြမ္းရွိသေလာက္ ရွာေဖြေတြ႕ရွိထားတဲ့ ျဂိဳလ္သားေတြရဲ႕ေျခရာလက္ရာေတြပဲျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးေရာ.. ျဂိဳလ္သားေတြတကယ္ရွိေနတယ္ဆိုတာယံုလား..။မျဖစ္နုိင္တဲ့ဒ႑ာရီေတြပါကြာလုိ႔သတ္မွတ္ထားတာလား။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

နှစ်တွေဘယ်လိုပဲပြောင်းလာခဲ့ပေမယ့် မပြောင်းမလဲတည်ရှိနေတဲ့မေးခွန်းတစ်ခုကတော့ ဂြိုလ်သားတွေဟာတကယ်လားဆိုတဲ့ မေးခွန်းပါပဲ။ မျိုးရိုးစဉ်ဆက်တိုင်းမှာ ကလေးတွေရဲ့အိပ်ရာဝင်ပုံပြင်ကလည်း သရဲတွေတစ္ဆေတွေ၊မင်းသားလေးနဲ့စင်ဒရဲလားလေးကနေ ဂြိုလ်သားတွေက တကယ်လားဟင်ဆိုတဲ့ မေးခွန်းရဲ့အဖြေတွေအဖြစ် ကာလရွေ့လျားလာတာနဲ့အမျှပြောင်းလဲလာခဲ့တာကြာပြီလို့ဆိုရမှာပါ။ ဂြိုလ်သားတွေဟာတကယ်လားဆိုတဲ့မေးခွန်းကို တစ်စိတ်တစ်ပိုင်းတာဝန်ယူနိုင်မယ့် အဖြေအဖြစ် ကမ္ဘာပေါ်မှာ ဂြိုလ်သားတွေထားရစ်ခဲ့တဲ့ခြေရာလက်ရာတွေထဲကအချို့အဝက်ကို ပြောချင်လွန်းလို့ရဲ့ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ပန်းကန်ပြားပျံပုံစံပေါ်နေတဲ့ကျောက်ပြား

ကျောက်ပြားကြီးပေါ်မှာပန်းကန်ပြားပျံပုံစံထွင်းထားတာက မထူးဆန်းပါဘူး။ လူတွေလည်းထွင်းနိုင်တာပဲလေ။ ထူးဆန်းတာက လူသူအရောက်အပေါက်နည်းပြီးလမ်းပန်းကြမ်းတမ်းလွန်းလို့ ဘယ်သူမှမသွားကြတဲ့ Bolivia ရဲ့ ကျောက်တုံးတောင်ထိပ်ပေါ်မှာတည်ရှိနေတာပဲဖြစ်ပါတယ်။ အဲဒါကိုရှာဖွေတွေ့ရှိသွားကြပြီးနောက်ပိုင်းမှာတော့ အဲဒီကျောက်ပြားကြီးကို ခြံရံပြီး ရှေးဟောင်းသုတေသန Site တစ်ခုထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ များပြားလှတဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ဂြိုလ်တွေအကြောင်းလေ့လာသူတွေကတော့ အဲဒီကျောက်ပြားကြီးမှာ ဂြိုလ်သားတွေကသူတို့လာရောက်သွားခဲ့ကြောင်း ခြေရာလက်ရာတွေချန်ထားခဲ့ကြတာလို့ ယုံကြည်နေကြပါတယ်။

Teotihuacan City

Teotihuacan မြို့တော်ဟာ နတ်ဘုရားတွေထွက်ပေါ်လာရာဒေသဖြစ်တယ်လို့အဓိပ္ပါယ်ရပြီး 15 ရာစုနှစ်လောက်က ထွန်းကားသွားတဲ့မြို့တော်ကြီးလည်းဖြစ်ပါတယ်။ ဒဏ္ဍာရီလာပုံပြင်ဇာတ်ကြောင်းတွေအရ အဲဒီမြို့တော်ကို ဂြိုလ်သားတွေလာရောက်တည်သွားခဲ့တာလို့ အစဉ်အဆက်ယုံကြည်လာကြတာဖြစ်ပြီး အခုချိန်ထိတော့ မသဲကွဲသေးတဲ့ယုံကြည်မှုတွေအနေနဲ့တည်ရှိနေဆဲပါပဲ။ အခုချိန်မှာတော့ အဲဒီမြို့တော်ဟာ Mexico နားမှာတည်ရှိနေပါတယ်။

တူရကီက မြေအောက်မြို့တော်

လူတွေမြေအောက်မြို့တော်တည်နိုင်တယ်ဆိုတာက မှောင်မှောင်နဲ့မည်းမည်းလိုဏ်ခေါင်းတွေတူးပြီးရေဆိုးပိုက်တွေကနေတစ်ဆင့် လိုဏ်ခေါင်းတွေထဲကိုဆင်းပြီး ကြွက်တွေနဲ့လည်ပင်းဖက်နေထိုင်ရုံလောက်ပဲတတ်နိုင်တာပါ။ ဒါပေမယ့် တူရကီရဲ့မြေအောက်မြို့တော်ကတော့ အလွန်စနစ်ကျတဲ့ လူသုံးကုန်ပစ္စည်းတွေ၊လျှပ်စစ်မီးတွေ၊ကျောင်းတွေ၊အိမ်တွေ၊အလုပ်ရုံစက်ရုံတွေအကုန်တည်ရှိနေတဲ့မြေအောက်မြို့တော်တစ်ခုဖြစ်ပါတယ်။

အများစုက တူရကီရဲ့မြေအောက်မြို့တော်ကို ဂြိုလ်သားတွေလာရောက်ဆောက်သွားကြတယ်လို့ယုံကြည်နေကြပြီး ကောလဟလတွေအရအချို့ကဆိုရင် ဗုဒ္ဓဟူးဂြိုလ်ကဂြိုလ်သားတွေလာရောက်တည်ဆောက်သွားတယ်လို့ကောက်ချက်ချကြပါတယ်။ဘာကြောင့်လဲဆိုတော့ တစ်နေ့တည်းမှာတင်နေ့နဲ့ညဆယ့်ခြောက်ခါလောက်ပြောင်းနေတဲ့ ဗုဒ္ဓဟူးဂြိုလ်မှာသာတကယ်လို့ဂြိုလ်သားတွေရှိခဲ့မယ်ဆိုရင် ဂြိုလ်ရဲ့အတွင်းထဲမှာသာ လိုဏ်ခေါင်းတွေတူးပြီးနေထိုင်ရမှာမို့ မြေအောက်မြို့တော်တည်ဆောက်ရာမှာ ဗုဒ္ဓဟူးဂြိုလ်သားတွေကကျွမ်းကျင်မှာဖြစ်လို့ပါပဲ။

ပီရူးသဲကန္တာရရဲ့ပြဿနာ

ပီရူးရဲ့ Nazca သဲကန္တာရမှာလည်း ဘယ်သူမှအဖြေမပေးနိုင်တဲ့ပြဿနာတစ်ခုကတည်ရှိလု့ိနေ့ပါတယ်။ အဲဒါကတော့ ပူပြင်းလွန်းလို့ ဘယ်သူမှအခြေချဖို့စိတ်မကူးတဲ့သဲကန္တာရကြီးထဲမှာ သံမံတလင်းပေါ်မှာ ယာဉ်တွေဖြတ်သန်းထားလို့ အစင်းရာ၊ခြစ်ရာတွေထင်နေတဲ့ မိုင်ငါးဆယ်ကျော်အရွယ်အစားရှိတဲ့ ကျောက်ပြားကြီးကို တွေ့လိုက်ရလို့ပါပဲ။ ပူပြင်းလွန်းတာကြောင့်လူသားတွေဖန်တီးထားတဲ့ဘယ်လိုယာဉ်မျိုးကမှ အနားကပ်ဆင်းသက်လို့မရနိုင်တဲ့ သဲကန္တာရကြီးထဲက ကျောက်ပြားကြီးဟာ ဂြိုလ်သားတွေရဲ့ယာဉ်ပံျတွေဆင်းသက်ရာဖြစ်မယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ စူးစမ်းလေ့လာသူတွေကတစ်ညီတစ်ညွတ်တည်းမှတ်ချက်ချထားကြပါတယ်။

ပီရူးက ရေပြင်ညီတောင်ထိပ်

တောင်ထိပ်တွေဟာ ကတ္တရာလမ်းလို ညီညာပြန့်ပြူးနေတာမျိုးဖြစ်လေ့ရှိပါသလား။ နိုးပါ။ ပီရူးကတောင်ထိပ်တစ်ခုကတော့ သစ်ပင်တွေ၊မြေကြီးတွေဟာ တိတိရိရိပြတ်နေပြီး လေယာဉ်ပြေးလမ်းလို ငြိမ်သက်ပြန့်ပြူးလို့နေပါတယ်။ ထူးခြားတာကတော့ အဲဒီတောင်ထိပ်ရဲ့မြေပြင်ပေါ်မှာရှိတဲ့ ခြစ်ရာရှရာလိုင်းတွေမျဉ်းကြောင်းတွေက သဲကန္တာရထဲက ကျောက်ပြားကြီးပေါ်က လိုင်းတွေထက် ပိုကြီးပြီးပိုများတယ်လို့သိရပါတယ်။ ဒီတော့ ဂြိုလ်သားတွေက များသောအားဖြင့် တောင်ထိပ်ပေါ်မှာသာ အဆင်းအတက်ပြုလုပ်ကြတာများပြီး သဲကန္တာရထဲက ကျောက်ပြားကြီးကိုတော့ အရံသဘောမျိုးထားတာလား တွေးစရာပါပဲ။ ဒါတွေကိုရှာဖွေတွေ့ရှိတဲ့နေ့ကစပြီး အမြဲမပြတ်စောင့်ကြည့်လေ့လာနေခဲ့ပေမယ့် ဂြိုလ်သားတွေရဲ့အရိပ်အယောင် မတွေ့ရပုံထောက်ရင်တော့ လူတွေရိပ်မိသွားမှန်းသိလို့ အခြားတစ်နေရာပြောင်းသွားကြဟန်တူပါတယ်။

ဒါတွေကတော့ လူသားတွေကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ရှာဖွေတွေ့ရှိထားတဲ့ ဂြိုလ်သားတွေရဲ့ခြေရာလက်ရာတွေပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးရော.. ဂြိုလ်သားတွေတကယ်ရှိနေတယ်ဆိုတာယုံလား..။မဖြစ်နိုင်တဲ့ဒဏ္ဍာရီတွေပါကွာလို့သတ်မှတ်ထားတာလား။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.