ခေတ်သစ်ဖောင်ဒေးရှင်း(၁) နှစ်ပြည့်ကနေပြီး သိန်း(၁၆၀၀) ကျော်ထိ လှူဒါန်းနိုင်ခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေ
ခေတ်သစ်ဖောင်ဒေးရှင်း(၁) နှစ်ပြည့်ကနေပြီး သိန်း(၁၆၀၀) ကျော်ထိ လှူဒါန်းနိုင်ခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေ
Rowena
[Unicode]
လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက စိတ်တူကိုယ်တူနဲ့ အောင်မြင်တဲ့ အနုပညာ လမ်းမေ ပါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာပဲ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုုပ် ငန်းတွေသာမက ပရဟိတလုပ်ငန်းတွေကို အတူတူ သယ်ပိုးဆော င်ရွက် နေကြတာပဲ ဖြစ်ပါ တယ်။ လင်းလင်းနဲ့ ချစ်သုဝေက ခေတ်သစ်ဖောင်ဒေးရှင်းကို တည် ထောင်ပြီး မွေးရာပါ နှလုံး အပေါက်ပါတဲ့ (၅) နှစ်အောက် ကလေးတွေကို အခမဲ့ ခွဲစိတ် ကုသပေးနေတာပဲ ဖြစ်ပါ တယ်။
မနေ့က ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှာတော့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ တစ်နှစ်ပြည့် အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှ စ်ပြည့်နေ့လေးမှာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ လင်းလင်းက အခုလို ဝမ်းသာ ပီတိစကား ပြောထားပါတယ်။
“ပီတိ နေ့ရက်လေးပါဘဲ။ ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်တဲ့ပွဲလေး။ ခေတ်သ စ်ကမာ ္ဘပရိုဂရမ်ကနေ ကျနော်တို့ရရှိတဲ့ ကျပ်သိန်းပေါင်း ထောင့်ခြောက်ရာကျော်ကိုလဲ အားလုံးအလှူ အဖြစ် လှူနိုင်ခဲ့ပါတယ်။ အလှူရှင်ပေါင်းများစွာရဲ့ မေတ္တာအလှူ၊ငွေ အလှူ ကြောင့် ကလေးလေးေ တွရဲ့မိဘများနှင့်အတူ ပီတိမျက်ရည်ဖြာရပါတယ်။”
“ဒီနှစ်မှာ ကလေးတွေရဲ့ကျန်းမာရေးအပြင် ပညာရေးဘက်ကိုလဲ အလှူစတင် မှာဖြ စ် တဲ့အတွက် မုံရွာ ပုလဲနယ်မှာ အခြေခံပညာ မူလတန်းကျောင်းဆောင်တစ်ခုကို ပုလဲနယ်ပ ညာရေးမှူးနှင့် ညှိနှိုင်း၍ ဖောင်ဒေးရှင်းမှ အပြီးအစီးဆောက်လုပ်လှူဒါန်းမှာ ဖြစ်ပါတယ်။”
” ခေတ်သစ်ဖောင်ဒေးရှင်းကနေ နှလုံးခွဲစိတ်ကုသပေးလိုက်တဲ့ ကလေးလေးတွေအချို့လဲ လာကြတယ်။ ဝမ်းသာပီတိနဲ့ငိုကြတဲ့သူတို့ရဲ့မိဘတွေကိုကြည့်ပြီး ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ေ တွပိုခိုင်မာလာပါတယ်။ မွေးခြင်းနဲ့သေခြင်း ကြားမှာ ပီတိကိုစားပြီး အသက်ရှင်ဖို့ကြိုး စား မယ်။ ခေတ်သစ်ဖောင်ဒေးရှင်းအလှူဟာ အားလုံးစုပေါင်းအားရဲ့ အလှူပါ။” ဆိုပြီး ပြောထား ပါတယ်။
လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ အခုဆိုရင် ကလေးပေါင်း များစွာရဲ့ အသက်တွေကို ကယ်ဆယ်ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်မှာလည်း မူလတ န်းကျောင်း တစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိသ တ်ကြီးလည်း လင်းလင်း၊ချစ်သုဝေနဲ့ အလှူရှင်တွေ အားလုံးရဲ့ အလှူလေးကို သာဓုခေါ် ပေးကြပါဦးနော်။
Rowena
Source; Htwe Lynn Ko’s fb,Reference^Credit:Momolay.com
Comments are closed.