မြင်းစီးချင်းဟာ သူ့ရဲ့ နောက်ထပ်အိပ် မက်တစ်ခုဖြစ်လာပြီဆိုတဲ့ အေးမြတ် သူ

မြင်းစီးချင်းဟာ သူ့ရဲ့ နောက်ထပ်အိပ် မက်တစ်ခုဖြစ်လာပြီဆိုတဲ့ အေးမြတ် သူ

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူကတော့ တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို အားကျိုးမာန်တက်လုပ်ဆောင်နေပါ တယ်။မိဘတွေအ ပေါ်မှာ လည်း သိတတ်ပြီး မိဘတွေကို ပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာတစ် ယောက် လို့ လည်းဆိုရမှာပါ။

Advertisement

မိဘတွေကို စိတ်ချမ်းသာအောင်လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးချင်ပြီး ပြုစုစောင့် ရှောက်ချင်တာကတော့ အေးမြတ်သူရဲ့အဖြစ်ချင်ဆုံး ဆန္ဒလေးဖြစ်တာကြောင့် လက်ရှိ မှာလည်း မိဘကိုပြုစုစောင့်ရှောက်နေနိုင်တဲ့ သူတစ်ယောက်အဖြစ် မိဘကျေးဇူးကို ဆပ်နေ ပါသေးတယ်။လတ်တလောမှာတော့ အေးမြတ်သူက မြင်းစီးအားကစားနည်းကို နည်းစန စ် တကျသင်ယူပြီး မြေပြန့်တွေနဲ့ တောင်တန်းဒေသတွေဘက်မှာ သွားစီးချင်တဲ့ အိမ်မက် လေးတစ်ခုထပ်ရှိလာပြန်ပါတယ်။

အေးမြတ်သူက “ဒီထက်ပိုပြီး နည်းစနစ်ကြအောင် သင်ယူပြီး မြေပြန့်တွေ နဲ့ တောင်တန်း တွေဘက် သွားစီးဖို့ကျွန်မမှာ အိမ်မက်တွေထပ်ရှိလာခဲ့ပြီ။မြင်းစီးအားကစားနည်း က စိတ်လွတ်လပ်ခွင့်အပြည်ရပြီး စိတ်ဖိစီးမှု့တွေ ကို လည်း ထွက်ပေါက်တခုပေးတယ် လို့မ မြတ်လေး ခံစားမိတယ်ရှင့်။

ချစ်ရသူတွေအားလုံး ကျန်မာပျော်ရွှင်ပြီး အလုပ်တွေအား လုံး အဆင်ပြေကြပါစေရှင့် ခုတော့ ဟိုပုံ့လေး မြင်းစီးကလပ် မှာ ကျွန်မပျော်နေပါသည်။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နာကနေ ဖော်ပြလာတာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ မင်းသမီးချော အေးမြတ်သူရဲ့ မြင်းစီးအားကစားလေ့ကျင့်နေပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Aye Myat Thu,Reference&Credit;Celegabar.com

[Unicode]





Chilli – CeleGabar

Comments are closed.