ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှာ ချစ်တဲ့သူကို ဖွင့်ပြောတော့မယ်ဆိုတဲ့ ခြူးလေး”

ဖေဖော်ဝါရီလ(၂၉)ရက်နေ့မှာ ချစ်တဲ့သူကို ဖွင့်ပြောတော့မယ်ဆိုတဲ့ ခြူးလေး”

Chue Chue (ခေါ်) ခြူးလေးဟာ MRTV-4 ဇာတ်လမ်းတွဲများနှင့် ပရိသတ်အခိုင်အမာ ရရှိနေပြီးဖြစ်တဲ့ အနုပညာရှင်တစ်ယောက်လို့ ပြောရမှာပါ..။ သူမရဲ့ အပြုအမူတိုင်းက ချစ်စရာကောင်းပြီး ကျရာဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေ အချစ် ပိုနေရတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်..။

Advertisement

ရိုးသားဖြူစင်တဲ့ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားပြီး ဗီလိန် ကာရိုက်တာနဲ့လည်း ပရိသတ်တွေရဲ့ အချစ်တွေနဲ့ ချီးကျူးမှုတွေကို ရရှိပိုင်ဆိုင်ထား သူပါ ..။အချစ်ရေးထက် အနုပညာအလုပ်တွေကိုပဲ လုပ်ဆောင်နေတဲ့ ခြူးလေးကတော့ ခံစားနေရ တဲ့ ခံစားချက်လေးတွေကို သူမရဲ့ မိုင်ဒေးလေးမှာ ရေးတင်လေ့ရှိသူပါ..။ဒီနေ့ ဖေဖော်ဝါ ရီလ(၁၈)ရက်နေ့မှာတော့ “(၂၉)ရက်နေ့ကျရင် ချစ်တဲ့သူကို ဖွင့်ပြောမလားလို့ စဉ်းစားထား တာ အခုတော့ Coming Soon နော်…” ဆိုပြီး သူမရဲ့ မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။

ဖေဖော်ဝါရီ(၂၉)ရက်နေ့ကတော့ အမျိုးသမီးတွေက အမျိုးသားတွေကို ချစ်ခွင့်ပန်နိုင်တ ယ် ဆိုတဲ့ နေ့လေးတစ်နေ့ဖြစ်ပြီး ခြူးလေးက အဲ့နေ့လေးမှာ သူမချစ်တဲ့သူကို ဖွင့်ပြောဖို့ စဉ်းစား နေပါတယ်တဲ့နော် ပရိသတ်ကြီးရေ..။ပရိသတ်ကြီးရော ခြူးလေးတစ်ယောက် တကယ်ပဲ ချစ်တဲ့သူကို ဖွင့်ပြောမှာလား..၊ နောက်တာလားဆိုတာ ထင်မိတဲ့ ထင်မြင်ချက်လေးတွေကို ရေးပေးသွားပါဦးနော်..။

Source: Chue Chue’s My Day,CRD-Cele Connections

[Zawgyi]





Comments are closed.