ျမြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ဂုဏ်ထူးဆောင်သံတမန် အဖြစ် ခံအပ်ခံရတဲ့ စမိုင်းလ်

ျမြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ဂုဏ်ထူးဆောင်သံတမန် အဖြစ် ခံအပ်ခံရတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက မော်ဒယ်လ်သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူ တစ်ယောက်ပါ။ စမိုင်းလ်ကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက် အလိုလိုက်မှု တွေကြောင့် မိန်းကလေးတိုင်းအားကျရတဲ့ အိမ်ထောင်ရှင်ဘဝလေးကို ပိုင်ဆိုင်ထားပါ သေး တယ်။မကြာခဏဆိုသလိုလည်း အလှူအတန်းတွေကို ပြုလုပ်လေ့လည်း ရှိပါသေး တယ်။

Advertisement

စမိုင်းလ်က ပရိသတ်တွေနဲ့ အတူတူ ညောင်ဆယ်ပင် အဓိဋ္ဌာန်၊ ကျိုက်ငါးကျိုက် အဓိဋ္ဌာ န်၊စတဲ့ အဓိဋ္ဌာန်တွေကို ကိုယ်တိုင်ဦးဆောင်ကာ ပရိသတ်တွေကိုလည်း သူနဲ့အတူတကွ ကုသိုလ်ရအောင် လုပ်ဆောင်ပေးနေပါသေးတယ်။လတ်တလောမှာလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းကြီးရဲ့ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခံအပ်ခံခဲ့ရပါတယ်။ စမိုင်းလ်ကို ဂုဏ်ထူးဆောင် သံတမန်ခံအပ်ခြင်းအခမ်းအနားကိုတော့ မနက်ဖြန် ဖေဖော် ဝါရီလ (၁၉)ရက်နှေုမှာကျင်းပသွားမှာဖြစ်ပါတယ်။

ဒီပွဲကြီးမှာတော့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံရတဲ့ စမိုင်းလ်အပါအဝင် နိုင်ငံတော်က ချီးမြှ င့်တဲ့ ဘွဲ့များ၊ အာဆီယံက ချီးမြှင့်သည့် ဘွဲ့များကို ရရှိတဲ့ မြန်မာနိုင်ငံနယ်စပ် ဒေသဖွံ့ဖြိုးရေး အသင်းရဲ့ နာယကကြီးများအမှုဆောင်များကလည်းဂုဏ်ပြုပွဲကို တက်ရောက်ကြမှာဖြစ်ပါ တယ်။ပရိသတ်ကြီးရေ ဂုဏ်ထူးဆောင်သံတမန်ခံအပ်ခံရတဲ့ စမိုင်းလ်အတွက် ဂုဏ်ပြုစ ကားလေးတွေပြောသွားပေးခဲ့ပါဦး။

Source-Smile,CRD-Wow Myanamr

[Unicode]




Source-Smile,CRD-Wow Myanamr

Comments are closed.