မိဘသဘောမတူတဲ့အချက်နဲ့ လမ်းခွဲလိုက်ရတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေး

မိဘသဘောမတူတဲ့အချက်နဲ့ လမ်းခွဲလိုက်ရတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေး





Photos – Paing Thakon

[UNICODE FONT]

oပိုင်တံခွန်ဟာ ယခုနောက်ပိုင်းမှာ မိန်းကလေးပရိသတ်တွေကြား ရေပန်းစားတဲ့ မော်ဒယ်မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ခပ်မြင့်မြင့် အရပ်နဲ့ ဖြူဖွေးတဲ့အသားအရေတို့ကြောင့်လည်း ယောက်ကျားတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပိုမိုထင်ရှားစေပြီး ဝန်းရံသူမိန်းကလေးတွေ ပေါများလာခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ Brand Ambassador တွေအဖြစ်ခန့်အပ်ခံရလျက်ရှိပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လျက်ရှိပါတယ်။

ဝန်းရံသူမိန်းကလေးတွေရဲ့ အသည်းကိုမကြာခဏဆိုသလို ခွဲလေ့ရှိတဲ့ ပိုင်တံခွန်ဟာ ခုချိန်မှာ အမှန်တကယ်အသည်းကွဲနေတာဖြစ်ပါတယ်။ မော်ဒယ်မင်းသမီးလေးတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေကို မကြာခဏတင်ပြီးတော့ Relationship တစ်ခုတည်ဆောက်လိုက်တဲ့ပုံမျိုးဖန်တီးထားတာတွေကြောင့် မိန်းကလေးပရိသတ်တွေလည်း မကြာခဏဆိုသလို အသည်းကွဲခဲ့ကြပါတယ်။

ပိုင်တံခွန်ကတော့ လက်ရှိမှာ အသည်းကွဲနေတဲ့အတွက်ကြောင့် အတော်လေး နေရခက်နေတယ်လို့ဆိုပါတယ်။ စိတ်ပြေပျောက်အောင် လူကြားထဲသွားပေမယ့်လည်း သူတစ်ယောက်တည်းရှိနေသလို အထီးကျန်ခံစားနေရပါတယ်တဲ့။ သူ့ရဲ့အချစ်ရေးကတော့ တစ်ဦးနဲ့ တစ်ဦးမချစ်ကြလို့မဟုတ်ဘဲ မိဘတွေသဘောမတူတဲ့အကြောင်းပြချက်တစ်ခုတည်းကြောင့် လမ်းခွဲလိုက်ရတယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာဖြေကြားထားတာဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် ဒီတစ်ခါတော့ အမှန်တကယ်ကို အသည်းကွဲနေတာပါတဲ့နော် ပရိသတ်ကြီး…

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos – Paing Thakon

Comments are closed.