ဂ်ပန္လူမ်ိဳးေတြလို ပိန္သြယ္ၿပီးက်န္းမာတဲ့ကိုယ္ခႏၶာပိုင္ဆိုင္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္မ်ား

ဂ်ပန္လူမ်ိဳးေတြလို ပိန္သြယ္ၿပီးက်န္းမာတဲ့ကိုယ္ခႏၶာပိုင္ဆိုင္ႏိုင္ဖို႔ လ်ိဳ႕၀ွက္ခ်က္မ်ား

ဂ်ပန္လူမ်ိဳးေတြဟာက်န္းမာၿပီးအသက္ရွည္ၾကတဲ့အျပင္ ကမာၻေပၚမွာအ၀လြန္သူဦးေရ အနည္းဆံုးရွိတဲ့တိုင္းျပည္လည္းျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ အ၀လြန္သူဦးေရဟာ(၃)ရာခို္င္ႏႈန္းေလာက္သာရွိပါတယ္။ ဂ်ပန္လူမ်ိဳးေတြရဲ႕ေန႔စဥ္အစားအေသာက္စံႏႈန္းနဲ႔ပတ္သက္လို႔အစိုးရက သကၠရာဇ္၂၀၀၀ခုႏွစ္ကစၿပီး စနစ္တက်ေရးဆြဲထားတဲ့ အာဟာရဇယားသတ္မွတ္ေပးခဲ့တဲ့အျပင္ ႏုိင္ငံသားေတြကလည္း တက္တက္ၾကြၾကြနဲ႔လိုက္နာၾကပါတယ္။

ဒီေတာ့ပိန္သြယ္ေပမယ့္ က်န္းမာတဲ့ခႏၶာကိုယ္ပိုင္ရွင္ေတြျဖစ္တဲ့ ဂ်ပန္လူမ်ဳိးေတြရဲ႕အစားအေသာက္ဇယားဟာ ဘယ္လိုသြားသလဲေလ့လာၾကရေအာင္ပါ။ ဂ်ပန္ေတြရဲ႕အစားအေသာက္လမ္းညႊန္ထိပ္ဆံုးမွာေတာ့ ကာဗိုဟုိက္ဒရိတ္ပါ၀င္တဲ့အစားအေသာက္ေတြကိုေတြ႔ရမွာပါ။ ဆား၊ ဆီသြပ္ထားတဲ့အစားအေသာက္၊ သၾကားနဲ႔အခ်ိဳဓာတ္ပါ၀င္မႈႏႈန္းမ်ားတဲ့ေဖ်ာ္ရည္ေတြကိုေလ်ာ့ခ်ဖို႔လည္းတိုက္တြန္းထားပါတယ္။

ပံုမွာေတြ႔ရမယ့္အတိုင္း အစာအုပ္စုတစ္ခုခ်င္းစီအတြက္ က်ား၊မအမ်ိဳးအစားနဲ႔ အသက္အရြယ္အေပၚမွာမူတည္ၿပီး တစ္ေန႔တာစားသံုးသင့္တဲ့အတိုင္းအတာပမာဏကိုေဖာ္ျပေပးထားပါတယ္။ ေကာက္ႏံွေတြနဲ႔အေစ့အဆန္ေတြကေတာ့ အေျခခံစားသံုးရမယ့္အစားအစာေတြပါ။ ၿပီးတဲ့ေနာက္ ဟင္းသီးဟင္းရြက္ေတြ၊ အသားနဲ႔ ငါးဟင္းလ်ာေတြကိုမွ်တစြာစားသံုးရမွာပါ။ အသီးအႏွံေတြနဲ႔ႏုိ႔ထြက္ပစၥည္းေတြကေတာ့ တစ္ေန႔ကို(၂)ပံုစီစားသံုးရပါတယ္။

ဒါတင္မကေသးပါဘူး။ ခႏၶာကိုယ္နာရီဇယားအခ်ိန္မွန္လည္ပတ္ႏိုင္ေအာင္လို႔ အစားအေသာက္ေတြကိုေန႔စဥ္ပံုမွန္စားေနက်အခ်ိန္သတ္မွတ္ၿပီးစားသံုးေပးရပါတယ္။ ဂ်ပန္လူမ်ိဳးေတြဟာ ထမင္းနဲ႔ငါးလို သူတို႔ရဲ႕ေဒသထြက္နဲ႔ရာသီစာအစားအစာေတြကိုသာအစားမ်ားၿပီး လူမ်ိဳးျခားအစားအေသာက္ဟင္းလ်ာေတြကိုေတာ့ စားခဲလွပါတယ္။

ဟင္းတစ္နပ္စီတိုင္းမွာ အစာအုပ္စုမ်ိဳးစံုကအစားအေသာက္ေတြကိုအညီအမွ်ပါ၀င္ေအာင္ ၾကိဳးစားၿပီးစားေသာက္ၾကပါတယ္။ ဥပမာအေနနဲ႔ပံုမွန္ေက်ာင္းမွာကေလးေတြကိုေကြ်းတဲ့ ေန႔လည္စာတစ္နပ္မွာဆိုရင္ ထမင္း၊ ငါး၊ မီဆုိစြပ္ျပဳတ္၊ ႏို႔တစ္ဖန္ခြက္နဲ႔ သစ္သီးတစ္မ်ိဳးပါ၀င္ပါတယ္။ ကေလးေတြကိုသူငယ္တန္းအရြယ္ကစၿပီး အာဟာရမွ်တစြာစားေသာက္တတ္ေအာင္သင္ၾကားေပးထားပါတယ္။

ေန႔လည္စာထမင္းစားခ်ိန္ၿပီးတဲ့အခါမွာေတာ့ ကေလးေတြကို သူတို႔ထမင္းစားၿပီးတဲ့စားပြဲခံုေတြကိုျပန္ၿပီးသန္႔ရွင္းေရးျပဳလုပ္တဲ့အေလ့အက်င့္ေလးေတြကိုျပဳလုပ္ေပးထားပါေသးတယ္။ က်န္းက်န္းမာမာေနထို္င္ႏိုင္ဖို႔ စားလုိက္တဲ့အစားအေသာက္ပမာဏနဲ႔ ကယ္လိုရီေလာင္ကြ်မ္းမႈႏႈန္းဟာဟန္ခ်က္မွ်ဖို႔အေရးၾကီးပါတယ္။

ဂ်ပန္ႏုိင္ငံမွာေတာ့ အစားအေသာက္ေတြကိုၾကိဳတင္ခ်က္ျပဳတ္ထားၿပီး အခ်ိန္အၾကာၾကီးသိမ္းစားတဲ့အေလ့အက်င့္ဟာ က်န္းမာေရးနဲ႔မညီညြတ္ဘူးလို႔မွတ္ယူၾကပါတယ္။ မ်ားေသာအားျဖင့္အစားအေသာက္ေတြကိုလတ္လတ္ဆတ္ဆတ္သာစားသံုးေလ့ရွိပါတယ္။

စာဖတ္သူေတြအေနနဲ႔ဂ်ပန္ေတြရဲ႕စားေသာက္ေနထိုင္မႈပံုစံဟာ ဘယ္ေလာက္ရိုးရွင္းတယ္ဆိုတာကိုေတြ႔ၾကမွာျဖစ္ပါတယ္။ ေလာေလာလတ္လတ္ခ်က္ျပဳတ္ထားတဲ့ေဒသခ်က္ဟင္းလ်ာေတြနဲ႔ လတ္ဆတ္သန္႔ရွင္းတဲ့အစားအေသာက္ေတြကိုသာအဓိကထားစားေသာက္ၿပီး အဆီနဲ႔အခ်ိဳေတြကိုေလ်ာ့ခ်ကာ သတိရွိွရွိနဲ႔စားသံုးၾကတာကိုလည္းေတြ႔ရမွာပါ။ ရိုးရွင္းတယ္လို႔ထင္ရေပမယ့္  ဂ်ပန္ေတြရဲ႕က်န္းမာေရးနဲ႔ညီညြတ္တဲ့အာဟာရဇယားစနစ္ဟာ ေရရွည္မွာခႏၶာကိုယ္အတြက္အမ်ားၾကီးအက်ိဳးရွိေစမွာျဖစ္တာေၾကာင့္ စာဖတ္သူေတြအတြက္ ဗဟုသုတပြားရန္အလို႔ငွာတင္ျပလိုက္ရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

လင္းလင္း (ShweMom)

Ref: Brightside

[UNICODE FONT]

ဂျပန်လူမျိုးတွေဟာကျန်းမာပြီးအသက်ရှည်ကြတဲ့အပြင် ကမ္ဘာပေါ်မှာအဝလွန်သူဦးရေ အနည်းဆုံးရှိတဲ့တိုင်းပြည်လည်းဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အဝလွန်သူဦးရေဟာ(၃)ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ဂျပန်လူမျိုးတွေရဲ့နေ့စဉ်အစားအသောက်စံနှုန်းနဲ့ပတ်သက်လို့အစိုးရက သက္ကရာဇ်၂၀၀၀ခုနှစ်ကစပြီး စနစ်တကျရေးဆွဲထားတဲ့ အာဟာရဇယားသတ်မှတ်ပေးခဲ့တဲ့အပြင် နိုင်ငံသားတွေကလည်း တက်တက်ကြွကြွနဲ့လိုက်နာကြပါတယ်။

ဒီတော့ပိန်သွယ်ပေမယ့် ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေဖြစ်တဲ့ ဂျပန်လူမျိုးတွေရဲ့အစားအသောက်ဇယားဟာ ဘယ်လိုသွားသလဲလေ့လာကြရအောင်ပါ။ ဂျပန်တွေရဲ့အစားအသောက်လမ်းညွှန်ထိပ်ဆုံးမှာတော့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့အစားအသောက်တွေကိုတွေ့ရမှာပါ။ ဆား၊ ဆီသွပ်ထားတဲ့အစားအသောက်၊ သကြားနဲ့အချိုဓာတ်ပါဝင်မှုနှုန်းများတဲ့ဖျော်ရည်တွေကိုလျော့ချဖို့လည်းတိုက်တွန်းထားပါတယ်။

ပုံမှာတွေ့ရမယ့်အတိုင်း အစာအုပ်စုတစ်ခုချင်းစီအတွက် ကျား၊မအမျိုးအစားနဲ့ အသက်အရွယ်အပေါ်မှာမူတည်ပြီး တစ်နေ့တာစားသုံးသင့်တဲ့အတိုင်းအတာပမာဏကိုဖော်ပြပေးထားပါတယ်။ ကောက်နံှတွေနဲ့အစေ့အဆန်တွေကတော့ အခြေခံစားသုံးရမယ့်အစားအစာတွေပါ။ ပြီးတဲ့နောက် ဟင်းသီးဟင်းရွက်တွေ၊ အသားနဲ့ ငါးဟင်းလျာတွေကိုမျှတစွာစားသုံးရမှာပါ။ အသီးအနှံတွေနဲ့နို့ထွက်ပစ္စည်းတွေကတော့ တစ်နေ့ကို(၂)ပုံစီစားသုံးရပါတယ်။

ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်နာရီဇယားအချိန်မှန်လည်ပတ်နိုင်အောင်လို့ အစားအသောက်တွေကိုနေ့စဉ်ပုံမှန်စားနေကျအချိန်သတ်မှတ်ပြီးစားသုံးပေးရပါတယ်။ ဂျပန်လူမျိုးတွေဟာ ထမင်းနဲ့ငါးလို သူတို့ရဲ့ဒေသထွက်နဲ့ရာသီစာအစားအစာတွေကိုသာအစားများပြီး လူမျိုးခြားအစားအသောက်ဟင်းလျာတွေကိုတော့ စားခဲလှပါတယ်။

ဟင်းတစ်နပ်စီတိုင်းမှာ အစာအုပ်စုမျိုးစုံကအစားအသောက်တွေကိုအညီအမျှပါဝင်အောင် ကြိုးစားပြီးစားသောက်ကြပါတယ်။ ဥပမာအနေနဲ့ပုံမှန်ကျောင်းမှာကလေးတွေကိုကျွေးတဲ့ နေ့လည်စာတစ်နပ်မှာဆိုရင် ထမင်း၊ ငါး၊ မီဆိုစွပ်ပြုတ်၊ နို့တစ်ဖန်ခွက်နဲ့ သစ်သီးတစ်မျိုးပါဝင်ပါတယ်။ ကလေးတွေကိုသူငယ်တန်းအရွယ်ကစပြီး အာဟာရမျှတစွာစားသောက်တတ်အောင်သင်ကြားပေးထားပါတယ်။

နေ့လည်စာထမင်းစားချိန်ပြီးတဲ့အခါမှာတော့ ကလေးတွေကို သူတို့ထမင်းစားပြီးတဲ့စားပွဲခုံတွေကိုပြန်ပြီးသန့်ရှင်းရေးပြုလုပ်တဲ့အလေ့အကျင့်လေးတွေကိုပြုလုပ်ပေးထားပါသေးတယ်။ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ စားလိုက်တဲ့အစားအသောက်ပမာဏနဲ့ ကယ်လိုရီလောင်ကျွမ်းမှုနှုန်းဟာဟန်ချက်မျှဖို့အရေးကြီးပါတယ်။

ဂျပန်နိုင်ငံမှာတော့ အစားအသောက်တွေကိုကြိုတင်ချက်ပြုတ်ထားပြီး အချိန်အကြာကြီးသိမ်းစားတဲ့အလေ့အကျင့်ဟာ ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့မှတ်ယူကြပါတယ်။ များသောအားဖြင့်အစားအသောက်တွေကိုလတ်လတ်ဆတ်ဆတ်သာစားသုံးလေ့ရှိပါတယ်။

စာဖတ်သူတွေအနေနဲ့ဂျပန်တွေရဲ့စားသောက်နေထိုင်မှုပုံစံဟာ ဘယ်လောက်ရိုးရှင်းတယ်ဆိုတာကိုတွေ့ကြမှာဖြစ်ပါတယ်။ လောလောလတ်လတ်ချက်ပြုတ်ထားတဲ့ဒေသချက်ဟင်းလျာတွေနဲ့ လတ်ဆတ်သန့်ရှင်းတဲ့အစားအသောက်တွေကိုသာအဓိကထားစားသောက်ပြီး အဆီနဲ့အချိုတွေကိုလျော့ချကာ သတိရှှိရှိနဲ့စားသုံးကြတာကိုလည်းတွေ့ရမှာပါ။ ရိုးရှင်းတယ်လို့ထင်ရပေမယ့်  ဂျပန်တွေရဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရဇယားစနစ်ဟာ ရေရှည်မှာခန္ဓာကိုယ်အတွက်အများကြီးအကျိုးရှိစေမှာဖြစ်တာကြောင့် စာဖတ်သူတွေအတွက် ဗဟုသုတပွားရန်အလို့ငှာတင်ပြလိုက်ရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

လင်းလင်း (ShweMom)

Ref: Brightside

Comments are closed.