သရုပ်ဆောင်အပြင် အဆိုပညာရပ်မှာပါ ထူးချွန်ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင်အပြင် အဆိုပညာရပ်မှာပါ ထူးချွန်ကြတဲ့ အနုပညာရှင်များ

ဒီနေ့မှာတော့ ပရိသတ်တွေအတွက် မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြား လူသိများတဲ့အနုပညာရှင်တွေထဲကမှ အဆိုပညာပိုင်းမှာသာမက သရုပ်ဆောင်ပညာရပ်ပိုင်းမှာပါ ထူးချွန်ကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ စိုင်းစိုင်းခမ်းလှိုင်

ရပ်ပ်အဆိုတော်တစ်ဦး အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိခဲ့ပြီးနောက်မှာတော့ သရုပ်ေ်ဆာင်အလုပ်တွေကိုလည်း ဆောင်ရွက်ခဲ့ပြီး ဝေဖန်မှုတွေကြားက အမြဲကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

၂။ နန်းစုဦး

သူမကတော့ သရုပ်ေ်ဆာင်ကောင်းတဲ့ သူတစ်ယောက်ဆိုတာ ပြောစရာကို မလိုပါဘူး။ ဒါ့အပြင် ပရိသတ်တွေကြားမှာ သီချင်းဆိုကောင်းတဲ့ သူတစ်ယောက်အဖြစ် နာမည်ကြီးပါတယ်။ ဖေစ်ဘုတ်မှာ Live လွှင့်ရင်းနဲ့လည်း သီချင်းတွေ ဆိုပြတတ်ပါသေးတယ်။

၃။ ဝိုင်းစုခိုင်သိန်း

သူမကတော့ ရုပ်ရှင်သရုပ်ဆောင်အနေနဲ့ အနုပညာလောထဲကို စတင်ဝင်ရောက်လာခဲ့ပြီးနောက်မှာတော့ သီချင်းခွေတွေထုတ်ပြီး တစ်ကိုယ်တွေရှိုးပွဲတွေ ပြုလုပ်နိုင်တဲ့ အထိအောင်မြင်လာတဲ့ အမျိုးသမီး အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

၎။ ထွန်းထွန်း

သူကတော့ EXAMPLE အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဟစ်ဟော့၊ R&B သီချင်းတွေကို သီဆိုခဲ့တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ အဆိုတော်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင် အလုပ်တွေကို အသားပေးဆောင်ရွက်လာခဲ့ပြီး သရုပ်ဆောင်တိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကြီးကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပါပြီ။

၅။ စိုးပြည့်သဇင်

သူမကလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ ထောက်ခံမှုကိုသာမက အနုပညာရှင်တွေရဲ့ အသိအမှတ်ပြုမှုကိုပါ ရရှိထားတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

၆။ ရွှေထူး

သူကတော့ သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုတဲ့ သူတစ်ယောက်ဖြစ်ပြီး လူငယ်ပရိသတ်တွေလည်း အများကြီးရှိတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ “ပက်ပက်စက်စက်ညို့”ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ေ်ဆာင်ခဲ့ပြီး သူ့ရဲ့ ကြိုးစားမှုကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

၇။ Russell

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်လာသူဖြစ်ပြီး “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်တဲ့ ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့လို့ ပရိသတ်အားပေးမှုတွေပိုမို ရရှိလာသူတစ်ဦး ဖြစ်ပါတယ်။

၈။ ဇာဏ်ခီ

ဥပါတ်တံမျှဉ်ဇာတ်ကားနဲ့ နာမည်မကျော်ခင်က ဇဏ်ဆိုတဲ အနုပညာနာမည်နဲ့ “ရိုးရိုးလေးချစ်တယ်” ဆိုတဲ့ သီချင်းထွက်ခဲ့ပါသေးတယ်။

၉။ နေတိုး

ပရိသတ်တွေချစ်တဲ့ အကယ်ဒမီမင်းသားကြီးတစ်ယောက်ဖြစ်ပြီး နှင်းဆီအငြိမ့်ပွဲတွေမှာ ကြုံရင်ကြုံသလို သူ့ရဲ့ သီချင်းဆိုစွမ်းရည်ကို ပြလေ့ရှိတဲ့ သူတစ်ယောက်ပါ။

၁၀။ ရဲလေး

သူကတော့ ရပ်(ပ်) ၊R&B သီချင်းအမျိုးအစားတွေကို သီဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ပညာရပ်ပိုင်းမှာလည်း ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit-Cele Now

Comments are closed.