ချစ်စရာကောင်းလွန်းတဲ့ ဒုတိယမြောက် သမီးလေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ Wanted အဖွဲ့ဝင် ဖော်ကာ

Wanted အဖွဲ့ဝင် အဆိုတော်ဖော်ကာကတော့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့သီဆိုပြီး ပရိသတ်အားပေးမှုကိုလက်ခံရရှိထား သူတစ်ယောက်ပါ။ ကိုယ်ပိုင်ခံစားချက်နဲ့ ရေးစပ်ထားတဲ့သီချင်းတွေကို ကိုယ်တိုင်သီဆိုသူတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။

ဖော်ကာက သူချစ်ရတဲ့သူနဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင် ထားတာပဲ ဖြစ်ပါတယ်။


ဖော်ကာက သူ့ရဲ့ချစ်စရာကောင်းတဲ့ သမီးလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်လို့မဝနိုင်ဖြစ်နေတာလေးကို သမီးလေးရဲ့ ပုံလေးတွေနဲ့အတူ “ဂျက်ချေ” မွေးစရုပ်နဲ့ ချွတ်စွပ် “ကြိုးချေ” ကြိုးကလေး😘” ဆိုပြီး သူရဲ့လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Advertisement

Photo Credit & Source: Htain Minn Zaw ‘s Facebook Acc

Be the first to comment

Leave a Reply

Your email address will not be published.


*