အူမႀကီးကင္ဆာခံစားေနရသည့္ ဒါ႐ိုက္တာ မိုက္တီးကို အင္းစိန္ေဆး႐ံုတြင္ ခြဲစိတ္မည္

အူမႀကီးကင္ဆာခံစားေနရသည့္ ဒါ႐ိုက္တာ မိုက္တီးကို အင္းစိန္ေဆး႐ံုတြင္ ခြဲစိတ္မည္

မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံထားရသည့္ ဒါ႐ိုက္တာ မိုက္တီးသည္ အူမႀကီးကင္ဆာ ေရာဂါျဖစ္ပြားေနသျဖင့္ ေဆးကု သရန္ တာေမြၿမိဳ႕နယ္တရား႐ံုးက အာမခံေပးခဲ့ၿပီး ဇန္နဝါရီ ၂၄ ရက္ တြင္ အင္းစိန္ေဆး႐ံု၌ ခြဲစိတ္မည္ ဟု ဒါ႐ိုက္တာမိုက္တီး၏ညီမ ခ်စ္ခ်စ္ေဇာ္က ေျပာသည္။ ‘ေထာင္ထဲမွာ ဝမ္းသြားတုိင္း ခဏခဏ ေသြးပါတယ္။ ေထာင္ဆရာဝန္ႀကီးေတြက အင္းစိန္ေဆး႐ံုမွာ လႊဲေပးတယ္။ ပထမေတာ့ အစ္မတို႔က သာမန္ေလာက္ပဲ ထင္ထားတာ။ တကယ္တမ္း က်ေတာ့ အစာအိမ္ကို မွန္ေျပာင္း ၾကည့္ေတာ့ အလံုးေတြ႕တယ္။ အလံုးကို အသားစထပ္စစ္လိုက္ ေတာ့ အူမႀကီးကင္ဆာဆိုတာ သိရတာ’’ဟု ဒါ႐ိုက္တာမိုက္တီး ၏ က်န္းမာေရးအေျခအေနကို ခ်စ္ခ်စ္ေဇာ္က ေျပာသည္

ဒါ႐ိုက္တာမိုက္တီးသည္ ၿပီး ခဲ့သည့္ႏွစ္ ၾသဂုတ္က ၎၏ကား ေပၚတြင္ မူးယစ္ေဆးဝါးမ်ား ေတြ႕ရွိေသာေၾကာင့္ ဖမ္းဆီးခံရၿပီး မူးယစ္ေဆးဝါးမႈျဖင့္ တာေမြၿမိဳ႕နယ္တရား႐ံုး၌ တရားရင္ဆုိင္ေန ရသည္။‘‘အားလံုးကေတာ့ ခပ္ျမန္ ျမန္ခြဲရမယ့္အရာလို႔ ေျပာတယ္။ ထားလိုက္ရင္ ျပန္႔မွာေလ။ အင္းစိန္ေထာင္ကဆိုေတာ့ အင္းစိန္ေဆး ႐ံုမွာပဲ တက္ရတယ္’’ဟု ခ်စ္ခ်စ္ ေဇာ္က ေျပာသည္။

အင္းစိန္ေထာင္ရွိ လူနာမ်ား ကို အင္းစိန္ေဆး႐ံုတြင္ ေဆးကု သေပးေသာ္လည္း ကင္ဆာေရာ ဂါႏွင့္ပတ္သက္၍ ေဆးကုသမႈ ခံယူႏိုင္ရန္ ၎တို႔မိသားစုႏွင့္ျမန္ မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ံုးက က်န္းမာေရးအတြက္ အာမခံေပး ႏိုင္ရန္ အသနားခံစာတင္ခဲ့ေၾကာင္း ခ်စ္ခ်စ္ေဇာ္က ေျပာသည္။

‘‘သူက အေဖဆံုးၿပီးကတည္း က အေဖ့ကို လိုက္ပို႔ခြင့္မရေတာ့ စိတ္က အရမ္းက်သြားတယ္။ ေဆးေတြလည္း ေသာက္ေနရ တယ္။ အဲဒီအခါက် ဘယ္လိုမွ မျဖစ္ႏုိင္ဘူးဆိုၿပီး အစ္မတို႔မိသားစုရမယ္လို႔ ဘယ္လိုမွ မေမွ်ာ္လင့္ ထားဘူး။ အႀကီးႀကီးထီေပါက္ သြားတာေပါ့’’ဟု က်န္းမာေရးအ တြက္ အာမခံရရွိသည့္အေပၚ ၎ ၏ခံစားခ်က္ကို ေျပာသည္။

ဒါ႐ိုက္တာမိုက္တီးကို တာ ေမြၿမိဳ႕နယ္တရား႐ံုးက ဇန္နဝါရီ ၁၈ ရက္တြင္ က်န္းမာေရးအတြက္ အာမခံေပးၿပီး ၎ကို ေဆးကုသမႈ ေပးေနသည့္ ဆရာဝန္ႀကီးမ်ားက လည္း ေရာဂါအေျခအေနႏွင့္ပတ္ သက္၍ တရား႐ံုးတြင္ ထြက္ဆိုေပးေၾကာင္း ခ်စ္ခ်စ္ေဇာ္က ေျပာသည္။ယင္းသို႔ အာမခံေပးျခင္း သည္ အမႈႏွင့္ လံုးဝပတ္သက္ျခင္း မရွိဘဲ က်န္းမာေရးအတြက္သာ ေတာင္းဆိုျခင္းျဖစ္ေၾကာင္း ၎ က ဆိုသည္။ဒါ႐ိုက္တာမိုက္တီး၏အမႈ အတြက္ ႐ံုးခ်ိန္းကို ေဖေဖာ္ဝါရီ ၁ ရက္တြင္ ထပ္မံစစ္ေဆးရန္ ခ်ိန္းဆိုထားသည္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဒါရိုက်တာ မိုက်တီးသည် အူမကြီးကင်ဆာ ရောဂါဖြစ်ပွားနေသဖြင့် ဆေးကု သရန် တာမွေမြို့နယ်တရားရုံးက အာမခံပေးခဲ့ပြီး ဇန်နဝါရီ ၂၄ ရက် တွင် အင်းစိန်ဆေးရုံ၌ ခွဲစိတ်မည် ဟု ဒါရိုက်တာမိုက်တီး၏ညီမ ချစ်ချစ်ဇော်က ပြောသည်။ ‘ထောင်ထဲမှာ ဝမ်းသွားတိုင်း ခဏခဏ သွေးပါတယ်။ ထောင်ဆရာဝန်ကြီးတွေက အင်းစိန်ဆေးရုံမှာ လွှဲပေးတယ်။ ပထမတော့ အစ်မတို့က သာမန်လောက်ပဲ ထင်ထားတာ။ တကယ်တမ်း ကျတော့ အစာအိမ်ကို မှန်ပြောင်း ကြည့်တော့ အလုံးတွေ့တယ်။ အလုံးကို အသားစထပ်စစ်လိုက် တော့ အူမကြီးကင်ဆာဆိုတာ သိရတာ’’ဟု ဒါရိုက်တာမိုက်တီး ၏ ကျန်းမာရေးအခြေအနေကို ချစ်ချစ်ဇော်က ပြောသည်

ဒါရိုက်တာမိုက်တီးသည် ပြီး ခဲ့သည့်နှစ် သြဂုတ်က ၎င်း၏ကား ပေါ်တွင် မူးယစ်ဆေးဝါးများ တွေ့ရှိသောကြောင့် ဖမ်းဆီးခံရပြီး မူးယစ်ဆေးဝါးမှုဖြင့် တာမွေမြို့နယ်တရားရုံး၌ တရားရင်ဆိုင်နေ ရသည်။‘‘အားလုံးကတော့ ခပ်မြန် မြန်ခွဲရမယ့်အရာလို့ ပြောတယ်။ ထားလိုက်ရင် ပြန့်မှာလေ။ အင်းစိန်ထောင်ကဆိုတော့ အင်းစိန်ဆေး ရုံမှာပဲ တက်ရတယ်’’ဟု ချစ်ချစ် ဇော်က ပြောသည်။

အင်းစိန်ထောင်ရှိ လူနာများ ကို အင်းစိန်ဆေးရုံတွင် ဆေးကု သပေးသော်လည်း ကင်ဆာရော ဂါနှင့်ပတ်သက်၍ ဆေးကုသမှု ခံယူနိုင်ရန် ၎င်းတို့မိသားစုနှင့်မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျန်းမာရေးအတွက် အာမခံပေး နိုင်ရန် အသနားခံစာတင်ခဲ့ကြောင်း ချစ်ချစ်ဇော်က ပြောသည်။

‘‘သူက အဖေဆုံးပြီးကတည်း က အဖေ့ကို လိုက်ပို့ခွင့်မရတော့ စိတ်က အရမ်းကျသွားတယ်။ ဆေးတွေလည်း သောက်နေရ တယ်။ အဲဒီအခါကျ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပြီး အစ်မတို့မိသားစုရမယ်လို့ ဘယ်လိုမှ မမျှော်လင့် ထားဘူး။ အကြီးကြီးထီပေါက် သွားတာပေါ့’’ဟု ကျန်းမာရေးအ တွက် အာမခံရရှိသည့်အပေါ် ၎င်း ၏ခံစားချက်ကို ပြောသည်။

ဒါရိုက်တာမိုက်တီးကို တာ မွေမြို့နယ်တရားရုံးက ဇန်နဝါရီ ၁၈ ရက်တွင် ကျန်းမာရေးအတွက် အာမခံပေးပြီး ၎င်းကို ဆေးကုသမှု ပေးနေသည့် ဆရာဝန်ကြီးများက လည်း ရောဂါအခြေအနေနှင့်ပတ် သက်၍ တရားရုံးတွင် ထွက်ဆိုပေးကြောင်း ချစ်ချစ်ဇော်က ပြောသည်။ယင်းသို့ အာမခံပေးခြင်း သည် အမှုနှင့် လုံးဝပတ်သက်ခြင်း မရှိဘဲ ကျန်းမာရေးအတွက်သာ တောင်းဆိုခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။ဒါရိုက်တာမိုက်တီး၏အမှု အတွက် ရုံးချိန်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ထပ်မံစစ်ဆေးရန် ချိန်းဆိုထားသည်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.