ခ်စ္ရသူနဲ႔ ေရႊလက္တြဲသြားျပီျဖစ္တဲ့ ေမာ္ဒယ္ခင္ရူပ

ခ်စ္ရသူနဲ႔ ေရႊလက္တြဲသြားျပီျဖစ္တဲ့ ေမာ္ဒယ္ခင္ရူပ

ေမာ္ဒယ္၊ သရုပ္ေဆာင္ ခင္ရူပက ခ်စ္သူစည္သူေအာင္နဲ႕အတူ ေရႊလက္တြဲသြားၿပီ ျဖစ္ပါတယ္။ စည္သူေအာင္နဲ႕ ခင္ရူပတို႕ရဲ မဂၤလာပြဲကို ဇန္နဝါရီ(၁၉) ရက္ေန႕ ညပိုင္းက ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ မဂၤလာပြဲကို သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႕ အႏုပညာအသိုင္းအဝိုင္းက မိတ္ေဆြေတြ တက္ေရာက္ခဲ့ၾကတာေတြ႕ရပါတယ္။

ခင္ရူပက မဂၤလာပြဲမွာ သူမအေနနဲ႕ ဧည့္ဝတ္မေက်ပြန္ျဖစ္မွာစိုးလို႕ အားလံုးကို ေတာင္းပန္ထားတာေတြ႕ရပါတယ္။“မေန႔က ပြဲတက္ေပးတဲ့တစ္ဦးတစ္ေယာက္စီတိုင္းကိုေက်းဇူးအထူးတင္ပါတယ္ေနာ္ အဆင္မေျပမႈမ်ားရွိခဲ့ရင္လည္းေတာင္းပန္ပါတယ္ေနာ္ မဖိတ္လိုက္ရတာ လူက်န္သြားတာမ်ိဳးရွိခဲ့ရင္လည္း အႏူးအၫြတ္ေတာင္းပန္ပါတယ္ေနာ္ နားလည္ေပးၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္ေနာ္ရွ႕တစ္ပြဲက ၃ နာရီထြက္ေပးရမွာ ၄နာရီခြဲမွ ထြက္သြားေတာ့ decoration လည္းအခ်ိန္မရအကုန္ေလ်ာ့ခ်လိုက္ခဲ့ရတဲ့အတြက္လည္း စိတ္မေကာင္းျဖစ္ရပါတယ္ ၄:၄၅မွ stage ကိုစျပင္ခဲ့ရတယ္၁၉.၁.၁၉ မွာ တစ္ရက္ထဲ ပြဲ၃ပြဲတိုက္ Novotel မွာ ဘာမွမတတ္ႏိုင္ခဲ့ေပမယ့္ အေကာင္းဆံုးနဲ႔အဆင္ေျပဆံုး ပြဲၿပီးသြားတာဘဲေက်းဇူးတင္ပါတယ္ အရင္ဦးစြာေတာင္းပန္စာေလးေရးပါရေစေနာ္” ဆိုၿပီး ဇန္နဝါရီ(၂၀) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

ဒါေပမယ့္ မဂၤလာပြဲကို တက္ေရာက္လာတဲ့ သူငယ္ခ်င္း၊ မိတ္ေဆြ၊အေပါင္းအသင္းေတြက မဂၤလာပြဲေလးက အားလံုးျပည့္စံုတဲ့အတြက္ အဆင္မေျပမႈေတြ မရွိခဲ့ပါဘူးဆိုၿပီး ေကာမန္႕ေတြမွာ ျပန္ေျပာထားတာေတြ႕ရပါတယ္။ေမာ္ဒယ္ခင္ရူပဟာ ခ်စ္သူနဲ႕အတူ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘ(၃၀) ရက္ေန႕က SEED Restaurant & Lounge မွာ မဂၤလာလက္မွတ္ေရးထိုးပြဲေလးကို ျပဳလုပ္ခဲ့တာပါ။ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာ(၁၉) ရက္ေန႕မွာေတာာ့ ဦးအရိယေက်ာင္းတိုက္မွာ မဂၤလာဆြမ္းေကၽြးအလွဴျပဳလုပ္ခဲ့ၿပီး ဇန္နဝါရီ(၁၉) ရက္ေန႕မွာ မဂၤလာညစာစားပြဲကို သူငယ္ခ်င္းမ်ားနဲ႕ေပ်ာ္ရႊင္စြာ ျပဳလုပ္ခဲ့ပါတယ္။

ေမာ္ဒယ္ခင္ရူပဟာ အႏုပညာေလာကထဲမွာ ေအာင္ျမင္ေအာင္ ႀကိဳးစားေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ႀကိဳးစားရင္းနဲ႕ Khin Collection နာမည္နဲ႕ စီးပြားေရးလည္း လုပ္ကိုင္ေနသူျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Credit-Cele Yatkwat

[UNICODE FONT]

မော်ဒယ်၊ သရုပ်ဆောင် ခင်ရူပက ချစ်သူစည်သူအောင်နဲ့အတူ ရွှေလက်တွဲသွားပြီ ဖြစ်ပါတယ်။ စည်သူအောင်နဲ့ ခင်ရူပတို့ရဲ မင်္ဂလာပွဲကို ဇန်နဝါရီ(၁၉) ရက်နေ့ ညပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ တက်ရောက်ခဲ့ကြတာတွေ့ရပါတယ်။

ခင်ရူပက မင်္ဂလာပွဲမှာ သူမအနေနဲ့ ဧည့်ဝတ်မကျေပွန်ဖြစ်မှာစိုးလို့ အားလုံးကို တောင်းပန်ထားတာတွေ့ရပါတယ်။“မနေ့က ပွဲတက်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်နော် အဆင်မပြေမှုများရှိခဲ့ရင်လည်းတောင်းပန်ပါတယ်နော် မဖိတ်လိုက်ရတာ လူကျန်သွားတာမျိုးရှိခဲ့ရင်လည်း အနူးအညွတ်တောင်းပန်ပါတယ်နော် နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်နော်ရှ့တစ်ပွဲက ၃ နာရီထွက်ပေးရမှာ ၄နာရီခွဲမှ ထွက်သွားတော့ decoration လည်းအချိန်မရအကုန်လျော့ချလိုက်ခဲ့ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ် ၄:၄၅မှ stage ကိုစပြင်ခဲ့ရတယ်၁၉.၁.၁၉ မှာ တစ်ရက်ထဲ ပွဲ၃ပွဲတိုက် Novotel မှာ ဘာမှမတတ်နိုင်ခဲ့ပေမယ့် အကောင်းဆုံးနဲ့အဆင်ပြေဆုံး ပွဲပြီးသွားတာဘဲကျေးဇူးတင်ပါတယ် အရင်ဦးစွာတောင်းပန်စာလေးရေးပါရစေနော်” ဆိုပြီး ဇန်နဝါရီ(၂၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဒါပေမယ့် မင်္ဂလာပွဲကို တက်ရောက်လာတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊အပေါင်းအသင်းတွေက မင်္ဂလာပွဲလေးက အားလုံးပြည့်စုံတဲ့အတွက် အဆင်မပြေမှုတွေ မရှိခဲ့ပါဘူးဆိုပြီး ကောမန့်တွေမှာ ပြန်ပြောထားတာတွေ့ရပါတယ်။မော်ဒယ်ခင်ရူပဟာ ချစ်သူနဲ့အတူ ၂၀၁၈ ခုနှစ် နိုဝင်ဘ(၃၀) ရက်နေ့က SEED Restaurant & Lounge မှာ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို ပြုလုပ်ခဲ့တာပါ။ ၂၀၁၈ခုနှစ် ဒီဇင်ဘာ(၁၉) ရက်နေ့မှာတောာ့ ဦးအရိယကျောင်းတိုက်မှာ မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဇန်နဝါရီ(၁၉) ရက်နေ့မှာ မင်္ဂလာညစာစားပွဲကို သူငယ်ချင်းများနဲ့ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။

မော်ဒယ်ခင်ရူပဟာ အနုပညာလောကထဲမှာ အောင်မြင်အောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ကြိုးစားရင်းနဲ့ Khin Collection နာမည်နဲ့ စီးပွားရေးလည်း လုပ်ကိုင်နေသူဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit-Cele Yatkwat

Comments are closed.