အရွည္ေပ(၅၇၀၀)၊ အက်ယ္(၂၄)ေပႏိုင္လြန္ကတၱရာလမ္းကိုေဖာက္လုပ္လႉဒါန္းခဲ့ျပီး ခင္ပြန္းနဲ႔ ေမာင္ျဖစ္သူကို သာသနာေဘာင္သြတ္သြင္းေပးခဲ့တဲ့ နႏၵလႈိင္

အရွည္ေပ(၅၇၀၀)၊ အက်ယ္(၂၄)ေပႏိုင္လြန္ကတၱရာလမ္းကိုေဖာက္လုပ္လႉဒါန္းခဲ့ျပီး ခင္ပြန္းနဲ႔ ေမာင္ျဖစ္သူကို သာသနာေဘာင္သြတ္သြင္းေပးခဲ့တဲ့ နႏၵလႈိင္

တစ္ခ်ိန္က အရမ္းကို ေအာင္ျမင္ခဲ့ၿပီး အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသမီးတစ္ေယာက္ျဖစ္တဲ့ ထပ္ဆင့္အကယ္ဒမီဆုပိုင္ရွင္ မင္းသမီးေခ်ာ နႏၵလႈိင္ဟာ သူမရဲ႕ခ်စ္ခင္ရတဲ့ ခ်စ္သူနဲ႔ အတူ (၂၀၀၈)ခုႏွစ္မွာ ေ႐ႊလက္တြဲလက္ထပ္ခဲ့ၿပီး လက္ရွိမွာ ခ်စ္စရာေကာင္းၿပီး လိမၼာထက္ျမက္တဲ့ သမီးေလး(၃) ေယာက္ ပိုင္ဆိုင္ထားၿပီျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူ နဲ႔ အတူ ေဇကမာၻလုပ္ငန္းစုကို ဦးေဆာင္လုပ္ကိုင္ေနၿပီး ဘာသာေရး၊ သာသနာေရးမွာ သိန္းေထာင္ခ်ီေအာင္ အကုန္က်ခံလို႔ လက္မေႏွးေလာက္ေအာင္ လႉဒါန္းမႈေတြကို ရက္ရက္ေရာေရာနဲ႔ အထူးျပဳလုပ္ေနျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ တစ္ဦးတည္းေသာ ကိုယ္စားလွယ္ကုန္သည္ႀကီးအျဖစ္လည္း Missha Brand ကို တင္သြင္းျဖန႔္ခ်ီခဲ့ၿပီး ျမန္မာႏိုင္ငံအႏွံ ျဖန႔္ျဖဴးေရာင္းခ်ကာ ကိုယ္စားလွယ္အသီးသီး ျပန္လည္ခန႔္အပ္ခဲ့ၿပီးေနာက္မွာလည္း ကိုယ္စားလွယ္တစ္ဦးခ်င္းစီတိုင္းဟာ ရက္ပိုင္းအတြင္း သိန္းေထာင္ခ်ီေအာင္ ေရာင္းအားထိုးတက္ခဲ့တဲ့ထိ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ စီးပြားလာဘ္လာဘ တိုးတက္ၿပီး အလႉအတန္းရက္ေရာတဲ့ ေနရာမွာ ထိပ္ဆုံးက ပါဝင္ေနတဲ့ အႏုပညာရွင္မိသားစုေတြထဲမွာလည္း အပါအဝင္ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ နႏၵလႈိင္ရဲ႕ ခင္ပြန္းျဖစ္သူနဲ႔ အတူ ဦးစီးတဲ့ ေဇကမာၻလုပ္ငန္းစုႀကီးရဲ႕ မိသားစုအလႉႀကီးျဖစ္တဲ့ ဝင္းစိန္ဆရာေတာ္ဘုရားႀကီး သက္ေတာ္(၉၀)ႏွစ္ေျမာက္ ေမြးေန႔ပူေဇာ္ပြဲ၊ ဝင္းစိန္ဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္အား သကၤန္းေတာ္လဲလွယ္ပူေဇာ္ပြဲ၊အေတာင္(၄၀၀)ျပည့္ ေလ်ာင္းေတာ္မူဘုရားႀကီး ဗုဒၶပူဇနိယဘုရားပြဲႀကီး ႏွင့္ ဘုရားအဝင္လမ္းအရွည္ေပ(၅၇၀၀)၊ အက်ယ္(၂၄)ေပ ႏိုင္လြန္ကတၱရာလမ္းသစ္ဖြင့္ပြဲတို႔ကို မြန္ျပည္နယ္၊ မုဒုံၿမိဳ႕နယ္၊ ဝင္းစိန္ရတနာေတာင္ေတာရေက်ာင္းတြင္ က်င္းပျပဳလုပ္ေနပါတယ္။ ေဇကမာၻမိသားစုရဲ႕ ဒီအလႉႀကီးမွာ ခင္ပြန္းျဖစ္သူ နဲ႔ ေမာင္ျဖစ္သူ မင္းသား ေမာင္ တို႔ကို သာသနာ့ေဘာင္ သြတ္သြင္းေပးခဲ့ၿပီ ခ်စ္စရာသမီးေလး (၃)ေယာက္နဲ႔ အတူ ဆရာေတာ္ဘုရားႀကီးနဲ႔အတူ ရဟန္းဘဝကူးေျပာင္လိုက္ၿပီးျဖစ္တဲ့ ခင္ပြန္းနဲ႔ ေမာင္ျဖစ္သူ တို႔ကို ရွိခိုးကန္ေတာ့ခဲ့ၾကပါတယ္

Source : Nandar HlaingCredit – celefamily

Unicode ျဖင့္ဖတ္ရန္

တစ်ချိန်က အရမ်းကို အောင်မြင်ခဲ့ပြီး အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင် မင်းသမီးချော နန္ဒလှိုင်ဟာ သူမရဲ့ချစ်ခင်ရတဲ့ ချစ်သူနဲ့ အတူ (၂၀၀၈)ခုနှစ်မှာ ရွှေလက်တွဲလက်ထပ်ခဲ့ပြီး လက်ရှိမှာ ချစ်စရာကောင်းပြီး လိမ္မာထက်မြက်တဲ့ သမီးလေး(၃) ယောက် ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ နဲ့ အတူ ဇေကမ္ဘာလုပ်ငန်းစုကို ဦးဆောင်လုပ်ကိုင်နေပြီး ဘာသာရေး၊ သာသနာရေးမှာ သိန်းထောင်ချီအောင် အကုန်ကျခံလို့ လက်မနှေးလောက်အောင် လှူဒါန်းမှုတွေကို ရက်ရက်ရောရောနဲ့ အထူးပြုလုပ်နေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ကုန်သည်ကြီးအဖြစ်လည်း Missha Brand ကို တင်သွင်းဖြန့်ချီခဲ့ပြီး မြန်မာနိုင်ငံအနှံ ဖြန့်ဖြူးရောင်းချကာ ကိုယ်စားလှယ်အသီးသီး ပြန်လည်ခန့်အပ်ခဲ့ပြီးနောက်မှာလည်း ကိုယ်စားလှယ်တစ်ဦးချင်းစီတိုင်းဟာ ရက်ပိုင်းအတွင်း သိန်းထောင်ချီအောင် ရောင်းအားထိုးတက်ခဲ့တဲ့ထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ စီးပွားလာဘ်လာဘ တိုးတက်ပြီး အလှူအတန်းရက်ရောတဲ့ နေရာမှာ ထိပ်ဆုံးက ပါဝင်နေတဲ့ အနုပညာရှင်မိသားစုတွေထဲမှာလည်း အပါအဝင်ဖြစ်ပါတယ်။

လက်ရှိမှာတော့ နန္ဒလှိုင်ရဲ့ ခင်ပွန်းဖြစ်သူနဲ့ အတူ ဦးစီးတဲ့ ဇေကမ္ဘာလုပ်ငန်းစုကြီးရဲ့ မိသားစုအလှူကြီးဖြစ်တဲ့ ဝင်းစိန်ဆရာတော်ဘုရားကြီး သက်တော်(၉၀)နှစ်မြောက် မွေးနေ့ပူဇော်ပွဲ၊ ဝင်းစိန်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား သင်္ကန်းတော်လဲလှယ်ပူဇော်ပွဲ၊အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး ဗုဒ္ဓပူဇနိယဘုရားပွဲကြီး နှင့် ဘုရားအဝင်လမ်းအရှည်ပေ(၅၇၀၀)၊ အကျယ်(၂၄)ပေ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲတို့ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းစိန်ရတနာတောင်တောရကျောင်းတွင် ကျင်းပပြုလုပ်နေပါတယ်။ ဇေကမ္ဘာမိသားစုရဲ့ ဒီအလှူကြီးမှာ ခင်ပွန်းဖြစ်သူ နဲ့ မောင်ဖြစ်သူ မင်းသား မောင် တို့ကို သာသနာ့ဘောင် သွတ်သွင်းပေးခဲ့ပြီ ချစ်စရာသမီးလေး (၃)ယောက်နဲ့ အတူ ဆရာတော်ဘုရားကြီးနဲ့အတူ ရဟန်းဘဝကူးပြောင်လိုက်ပြီးဖြစ်တဲ့ ခင်ပွန်းနဲ့ မောင်ဖြစ်သူ တို့ကို ရှိခိုးကန်တော့ခဲ့ကြပါတယ်

Source : Nandar HlaingCredit – celefamily

Comments are closed.