စုိးျပည့္သဇင္္နဲ႔ေကာလဟလေတြကိုေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံ

စုိးျပည့္သဇင္္နဲ႔ေကာလဟလေတြကိုေျပာျပလာတဲ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံ

တစ္နုိင္ငံလံုးကခ်စ္တဲ့မင္းသားတစ္ဦးျဖစ္ျပီး တစ္ခ်ိန္က ဆယ္ေက်ာ္သက္ေတြရဲ႕အသည္းစြဲျဖစ္တဲ့ ဟိန္းေဝယံဟာ အခုလတ္တေလာမွာ ပရိသတ္ေတြေရွ႕ကုိျပန္ေပၚလာျပီး ရုပ္ရွင္ေတြလည္ျပန္ရုိက္ေနျပီျဖစ္ပါတယ္။

ဟိန္းေဝယံနဲ႔စုိးျပည့္သဇင္က လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာကတည္းက ရုပ္ရွင္ေတြအတူရိုက္ခဲ့ျပီး ခင္မင္ရင္းနွီးခဲ့သူေတြျဖစ္တဲ့အေလ်ာက္ အခုလည္း အတူတြဲေတြ႕ေနရေတာ့ ပရိသတ္ေတြက သူတို႔နွစ္ဦးကုိ ခ်စ္သူေတြလားရယ္လို႔ သို႔ေလာသို႔ေလာေဝခြဲမရျဖစ္လာၾကပါတယ္။အဲဒီေကာလဟလေတြနဲ႔ပတ္သက္ျပီး ဟိန္းေဝယံက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေျဖၾကားေပးသြားခဲ့ပါတယ္ ဟိန္းေဝယံက လက္ရွိမွာခ်စ္သူမရွိေသးတဲ့ single ျဖစ္ေၾကာင္းကုိ “လက္ရွိမွာေတာ့ တစ္ေယာက္တည္းပါပဲ။

ဘယ္လိုေျပာရမလဲ တစ္ေယာက္တည္းေနခ်င္တဲ့ စိတ္ဆႏၵပုိမ်ားေနတာလည္းပါတာေပါ့ေနာ္။ အဲဒါေၾကာင့္ေတာ့ျဖစ္မယ္ထင္ပါတယ္”လို႔ ေျဖထားျပီး ပရိသတ္ေတြက ဟိန္းေဝယံရဲ႕အခ်စ္ေရးကုိစိတ္ဝင္စားေနၾကတဲ့အေပၚ အဲဒါကေတာ့ ပရိသတ္ေတြဆိုတာကလည္း သူတို႔ခ်စ္တဲ့အားေပးတဲ့ အနုပညာရွင္ေတြရဲ႕ အခ်စ္ေရးကုိစိတ္ဝင္စားၾကမွာပဲေလ ကြ်န္ေတာ့္အေနနဲ႔ေထြေထြထူးထူးေတာ့ဘာမွမေျပာခ်င္ပါဘူး”လို႔ ရင္ဖြင့္ထားပါတယ္။စုိးျပည့္သဇင္နဲ႔ခ်စ္သူေတြလားလို႔ အထင္ခံရတဲ့ခံစားခ်က္ကုိေတာ့ ဟိန္းေဝယံက “ဒါကေတာ့ ကြ်န္ေတာ္တို႔မွမဟုတ္ပါဘူး။

အေရွ႕ေတြမွာလည္း တြဲရိုက္တာမ်ားလို႔ရိွရင္ထင္ၾကတာမ်ိဳးေတြရွိပါတယ္။ ဒီအေပၚမွာေတာ့ ဘာမွေထြေထြထူးထူးခံစားရတာေတာ့မရွိပါဘူး အေရွ႕ေတြမွာလည္းသတင္းေတြထြက္လာတဲ့အခါ ဘာမွေထြေထြထူးထူးေျပာခ်င္တာမ်ိဳးေတာ့မရွိပါဘူး”လို႔ ေျဖၾကားထားပါတယ္ စိုးျပည့္သဇင္နဲ႔လက္ရွိ ဆက္ဆံေရးအေၾကာင္းကိုေတာ့ ဟိန္းေဝယံက “ကြ်န္ေတာ္တို႔နွစ္ေယာက္ကေတာ့ ရင္းနွီးတာလည္းၾကာပါျပီ။ခင္လာၾကတာလည္းၾကာျပီ။

အေရွ႕ေတြမွာလည္း ကားေတြလည္းအမ်ားၾကီးတြဲရိုက္လာခဲ့တာဆိုေတာ့ခင္ပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းရင္းနွီးနီွီးခင္ခင္မင္မင္ပါပဲ”လို႔ ေျပာျပထားပါတယ္ လက္ရွိအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ ဟိန္းေဝယံက “ေရွ႕ဆက္ျပီးေတာ့ ကြ်န္ေတာ္အနုပညာနဲ႔ပတ္သက္ျပီးေတာ့ ပုိျပီးေတာ့ ဂရုတစုိက္ေလးနဲ႔ဇာတ္လမ္းေလးေတြေရြးခ်ယ္ျဖစ္မယ္။ပိုျပီးေတာ့ ဂရုစိုက္ျပီးေတာ့ ေရြးခ်ယ္ရုိက္ကူးျဖစ္မယ္ေပါ့”လို႔ ေျပာျပသြားပါတယ္ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဟိန္းေဝယံကုိခ်စ္ၾကလား။ ဟိန္းေဝယံရဲ႕သရုပ္ေဆာင္မႈေတြကုိေရာ လြမ္းေနၾကျပီလား ဟိန္းေဝယံရဲ႕အသစ္ထြက္လာတဲ့ဇာတ္ကားေတြကုိေရာ ဆက္လက္အားေပးၾကမွာလား။ ေျပာခဲ့ၾကဦးေနာ္။

Can’t Wait To Say

Unicode ျဖင့္ဖတ္ရန္

တစ်နိုင်ငံလုံးကချစ်တဲ့မင်းသားတစ်ဦးဖြစ်ပြီး တစ်ချိန်က ဆယ်ကျော်သက်တွေရဲ့အသည်းစွဲဖြစ်တဲ့ ဟိန်းဝေယံဟာ အခုလတ်တလောမှာ ပရိသတ်တွေရှေ့ကိုပြန်ပေါ်လာပြီး ရုပ်ရှင်တွေလည်ပြန်ရိုက်နေပြီဖြစ်ပါတယ်။

ဟိန်းဝေယံနဲ့စိုးပြည့်သဇင်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရုပ်ရှင်တွေအတူရိုက်ခဲ့ပြီး ခင်မင်ရင်းနှီးခဲ့သူတွေဖြစ်တဲ့အလျောက် အခုလည်း အတူတွဲတွေ့နေရတော့ ပရိသတ်တွေက သူတို့နှစ်ဦးကို ချစ်သူတွေလားရယ်လို့ သို့လောသို့လောဝေခွဲမရဖြစ်လာကြပါတယ်။အဲဒီကောလဟလတွေနဲ့ပတ်သက်ပြီး ဟိန်းဝေယံက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားပေးသွားခဲ့ပါတယ် ဟိန်းဝေယံက လက်ရှိမှာချစ်သူမရှိသေးတဲ့ single ဖြစ်ကြောင်းကို “လက်ရှိမှာတော့ တစ်ယောက်တည်းပါပဲ။

ဘယ်လိုပြောရမလဲ တစ်ယောက်တည်းနေချင်တဲ့ စိတ်ဆန္ဒပိုများနေတာလည်းပါတာပေါ့နော်။ အဲဒါကြောင့်တော့ဖြစ်မယ်ထင်ပါတယ်”လို့ ဖြေထားပြီး ပရိသတ်တွေက ဟိန်းဝေယံရဲ့အချစ်ရေးကိုစိတ်ဝင်စားနေကြတဲ့အပေါ် အဲဒါကတော့ ပရိသတ်တွေဆိုတာကလည်း သူတို့ချစ်တဲ့အားပေးတဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးကိုစိတ်ဝင်စားကြမှာပဲလေ ကျွန်တော့်အနေနဲ့ထွေထွေထူးထူးတော့ဘာမှမပြောချင်ပါဘူး”လို့ ရင်ဖွင့်ထားပါတယ် စိုးပြည့်သဇင်နဲ့ချစ်သူတွေလားလို့ အထင်ခံရတဲ့ခံစားချက်ကိုတော့ ဟိန်းဝေယံက “ဒါကတော့ ကျွန်တော်တို့မှမဟုတ်ပါဘူး။

အရှေ့တွေမှာလည်း တွဲရိုက်တာများလို့ရှိရင်ထင်ကြတာမျိုးတွေရှိပါတယ်။ ဒီအပေါ်မှာတော့ ဘာမှထွေထွေထူးထူးခံစားရတာတော့မရှိပါဘူး အရှေ့တွေမှာလည်းသတင်းတွေထွက်လာတဲ့အခါ ဘာမှထွေထွေထူးထူးပြောချင်တာမျိုးတော့မရှိပါဘူး”လို့ ဖြေကြားထားပါတယ် စိုးပြည့်သဇင်နဲ့လက်ရှိ ဆက်ဆံရေးအကြောင်းကိုတော့ ဟိန်းဝေယံက “ကျွန်တော်တို့နှစ်ယောက်ကတော့ ရင်းနှီးတာလည်းကြာပါပြီ။ခင်လာကြတာလည်းကြာပြီ။အရှေ့တွေမှာလည်း ကားတွေလည်းအများကြီးတွဲရိုက်လာခဲ့တာဆိုတော့ခင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီီးခင်ခင်မင်မင်ပါပဲ”လို့ ပြောပြထားပါတယ် လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို ဟိန်းဝေယံက “ရှေ့ဆက်ပြီးတော့ ကျွန်တော်အနုပညာနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဂရုတစိုက်လေးနဲ့ဇာတ်လမ်းလေးတွေရွေးချယ်ဖြစ်မယ်။

Can’t Wait To Say

Comments are closed.