အပျိုကြီးလူပျိုကြီးဖြစ်နိုင်ချေများသောလူတွေဆိုတာ
အပျိုကြီးလူပျိုကြီးဖြစ်နိုင်ချေများသောလူတွေဆိုတာ
(၂) ေဖျာ်ဖြေရေးတွေမှာသာနစ်မျောနေတက်ခြင်း
(၅) အတွေးလွန်ခြင်း
ဒီအချက်တွေနဲ့ကိုက်ညီတိုင်းအပျိုကြီးလူပျိုကြီး ဖြစ်မယ်လို့မဆိုလိုပင်မဲ့ အပျိုကြီးလူပျိုကြီးဖြစ်နေတဲ့သူတော်တော်များများဟာ တော့ အပေါ်ကအချက်တွနဲ့အကုန်မဟုတ်ရင်တောင် အနည်းငယ်တော့ကိုက်ညီမယ်ဆိုတာသေချာသလောက်ပါပဲ…
[UNICODE FONT]
ဘယ်လိုအကျင့်စရိုက်တွေ ရှိတဲ့ကြတဲ့သူတွေ အများစုဟာ နောက်ဆုံးမှာ အပျိုကြီးလူပျိုကြီးတွေဖြစ်သွားတက်ကြသလဲ ဆိုတာ စိတ်ဝင်စားစရာလေးတစ်ခုပါ။ တစ်ချို့ယောကျ်ားလေးမိန်းကလေးတွေဟာ ရုပ်ရည်အရရော တစ်ခြားရှိသင့်ရှိထိုက်တဲ့ အရည်ချင်းတွေရှိနေပါလျက် အချိန်တန်အရွယ်ရောက် ပြီးနောက်ဆုံး အချိန်လွန်သွားတာတောင် မှ လက်တွဲဖော်မရှိပဲတစ်ကိုယ်တည်း အပျိုကြီး လူပျိုကြီး ဘဝနဲ့နိဂုံးချုပ်သွားကြပါတယ်။ ဒါကြောင့်ဘယ်လိုအချက်တွေကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ အပျိုကြီးလူပျိုကြီးဖြစ်နိုင်ချေများလည်းဆိုတာ အနီးစပ်ဆုံး အချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) စိတ်ကူးထဲက လက်တွဲဖော်ကိုသာစောင့်နေတက်သူ
သူတို့စိတ်ကူးထဲမှာတွေးထားတဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ လူတွေကို သာစိတ်ကူးရင်ဆန်ဆန် စောင့်နေတက်ကြပါတယ်။ ကိုယ့်ကိုယ် တစ်ယောက်ယောက်ကသဘောကျလာတဲ့အခါမှာကိုယ်သတ်မှတ်ထားတဲ့ စိတ်ကူးရင်ကမ္ဘာထဲက စံနှုန်းနဲ့မကိုက်ညီဘူးဆိုပြီး အသေးစိတ်ချေးများပြီး ငြင်းတက်ကြပြီး အရာရာ perfect ဖြစ်သူကိုသာစောင့်နေတက်ပါတယ်။
(၂) ဖြောျဖွရေေးတှမှောသာနဈမြောနတေကျခွငျး
တစ်ခြားသမီရည်းစား စိတ်ကစားဖို့ရယ် ၊ ရည်းစားထားဖို့ရယ် အတွေးရယ်ပင် နေရာမပေးနိုင်ပဲ မိန်းကလေးအများစုဆိုလျှင် ကိုရီးယားကားတွေကြည့်၊ အချစ်ကားတွေကြည့်ပြီး ကားထဲကကောင်လေးချောချောလေးတွေနဲ့Romatic ဆန်ဆန် အချစ်တွေကို ထိုင်အားကျနေတက်ကြပါတယ်။ ယောကျ်ားလေးတွေဆိုလည်း လူပျို အရွယ်မှာသူ့အရွယ်နဲ့သူမိန်းကလေးတွေကို ကြိုက်ရမဲ့စိတ် ဘာညာ မရှိပဲ ကာတွန်းကားတွေ အက်ရှင်ကားတွေ ဂိမ်းတွေနဲ့သာ အားလပ်ချိန်တော်တော်များများကို ခုံမင်နေတက်ကြပါတယ်။
(၃) မိဘကို အမြဲတွယ်ကပ်နေတက်ခြင်း
အရွယ်ရောက်နေတာတောင်မှ ဘယ်အရာမဆိုမိဘပါမှလုပ်တက်တာမျိုး၊ သူငယ်ချင်းတွေအုပ်စုလိုက်သွားကြမယ်လာကြမယ်ဆို မိဘ မပါရင်မသွားတက်ဘူးတို့၊ အိမ်ကအမေနဲ့တစ်ညလောက်ဖက် မအိပ်ရရင် မအိပ်တက်ဘူးတို့၊ မိဘကခွင့်ပြုတာတောင် ကိုယ်တိုင်မိသားစု ကလွဲရင် ဘယ်သူကိုမှ မယုံတက်တာမျိုးတို့ လုပ်တက်ကြပါတယ်။
(၄) စကားကို ဘုကလန့်ပြောခြင်း
ကိုယ့်ကိုယ်ကြိုက်တဲ့သူတစ်ယောက်ရှိလာပြီဆို သိပ်ပြီးကြိတ်သဘောကျတက်ပင်မဲ့ ရင်ထဲကစကားတွေအတိုင်းထွက်မလာပဲ ဘုကလန့်ဆန်ဆန် အချေတွေသာထိုင်ပြောတက်ပါတယ်။ ကိုယ့်ကိုယ်ကြိုက်မှန်းသိလေ ပိုချေ လေ လုပ်ရင်းတဖြည်းဖြည်း အပျိုကြီး လူပျိုကြီးဖြစ်သွားပါတော့တယ်။
(၅) အတွေးလွန်ခြင်း
ကိုယ့်ကိုယ်စိတ်ဝင်စားတဲ့သူရှိလာတဲ့ အခါပဲဖြစ်ဖြစ် ကိုယ်တိုင်စိတ်ဝင်စားတဲ့သူရှိတဲ့အခါပဲဖြစ်ဖြစ် ချစ်တက်စိတ် စိတ်ဝင်စားတဲ့စိတ်ကို ရှေ့တန်းမတင်ပဲ ငါသူ့ကို ပြန်ကြိုက်ရင် သူအထင်သေး
သွားမှာလားတို့၊ သူငါ့များငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲတို့၊ မာနတော့အထိခိုက်မခံနိုင်ဘူးဟေ့တို့ကြွေးကြော်ရင်း အတွေးလွန်တက်ကြသူတွေပါ။
ဒီအချက်တွေနဲ့ကိုက်ညီတိုင်းအပျိုကြီးလူပျိုကြီး ဖြစ်မယ်လို့မဆိုလိုပင်မဲ့ အပျိုကြီးလူပျိုကြီးဖြစ်နေတဲ့သူတော်တေ်ာများများဟာ တော့ အပေါ်ကအချက်တွနဲ့အကုန်မဟုတ်ရင်တောင် အနည်းငယ်တော့ကိုက်ညီမယ်ဆိုတာသေချာသလောက်ပါပဲ…
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.