iPhone SE ကို ၂၄၉ ေဒၚလာနဲ႔ ျပန္ေရာင္းေနတဲ့ Apple

iPhone SE ကို ၂၄၉ ေဒၚလာနဲ႔ ျပန္ေရာင္းေနတဲ့ Apple

Apple ရဲ႕ iPhone SE ဟာ iPhone ခ်စ္သူေတြအတြက္ေတာ့ တကယ္ကို အမွတ္ရဖြယ္စမတ္ဖုန္းတစ္ခုျဖစ္ခဲ့တယ္ဆုိရင္လည္း မမွားပါဘူး။ iPhone ေတြကို လံုးဝေနရာတစ္ခုေရာက္ရွိခဲ့တဲ့ iPhone 5S ဒီဇိုင္းနဲ႔ iPhone 6S အတိုင္း စြမ္းေဆာင္ရည္ရွိတဲ့ ဒီ iPhone SE ဟာ အရင္တုန္းက iPhone ပံုစံကို ၾကိဳက္ႏွစ္သက္တဲ့သူေတြအတြက္ အဓိကေရြးခ်ယ္စရာဖုန္းတစ္ခုျဖစ္ခဲ့ပါတယ္။

အခုလုိမ်ိဳး iPhone SE ဟာ ထြက္ရွိတဲ့အခ်ိန္တုန္းက ေအာင္ျမင္တဲ့ စမတ္ဖုန္းတစ္ခုျဖစ္လာရတာကလည္း ေစ်းႏႈန္းေၾကာင့္ျဖစ္ျပီးေတာ့ ထြက္ရွိတဲ့အခ်ိန္ထဲက ေဒၚလာ ၄၀၀ ဝန္းက်င္နဲ႔ပဲ ထြက္ရွိလာတာျဖစ္တဲ့အတြက္ iPhone Latest Model ကို ေစ်းၾကီးေပးျပီးလည္း မသံုးခ်င္၊ iPhone အေသးကို ျပန္ကိုင္ခ်င္တဲ့သူေတြ အဆင္ေျပဆံုးျဖစ္ေနခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ iPhone SE ကို သေဘာက်တဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုရွိလာပါျပီ။

ဒါကေတာ့ Apple ကေန iPhone SE ကို Refurbished Version မဟုတ္တဲ့ Brand New ေတြကို ေစ်းေလ်ာ႔ျပီး US Apple Online Store ကေန တရားဝင္ျပန္လည္ေရာင္းခ်ေနတာပါ။ အခု Apple ကေန iPhone SE 64GB Version ကို ၂၄၉ ေဒၚလာ၊ 128GB Version ကို ၂၉၉ ေဒၚလာနဲ႔ ေရာင္းခ်ေနတာျဖစ္ပါတယ္။ ဒါက ယခင္တုန္းက iPhone SE ထြက္ရွိတုန္းကထက္ ေဒၚလာ ၁၀၀ နဲ႔ ေဒၚလာ ၁၅၀ ေလ်ာ႔ျပီးေရာင္းေပးေနတာလည္းျဖစ္ပါတယ္။

iPhone SE ဟာ ၂၀၁၆ ခုႏွစ္တုန္းက မိတ္ဆက္ခဲ့တာျဖစ္ျပီးေတာ့ A9 Processor ၊ Touch ID ၊ 4″ Display နဲ႔ 12MP Camera ေတြပါဝင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ iPhone SE ဟာ လက္ရွိ iOS 12 ကို Update ျပဳလုပ္ႏုိင္တဲ့ iPhone လည္းျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလုိမ်ိဳး iPhone SE ကို ျပန္လည္ေရာင္းခ်ေနတာက Apple ရဲ႕ လက္ရွိ iPhone အသစ္ေတြ ေရာင္းအားက်ဆင္းေနတာေၾကာင့္ရယ္၊ Clearance Sale ျဖစ္ႏုိင္တဲ့အတြက္ေၾကာင့္ တကယ္လုိ႔ ဝယ္ယူဖို႔အဆင္ေျပတယ္ဆုိရင္ေတာ့ လက္ရွိမွာေစ်းအတန္ဆံုး iPhone လုိ႔ေတာင္ ေျပာလုိ႔ရေနပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Ref : Apple Insider

Apple ရဲ့ iPhone SE ဟာ iPhone ချစ်သူတွေအတွက်တော့ တကယ်ကို အမှတ်ရဖွယ်စမတ်ဖုန်းတစ်ခုဖြစ်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ iPhone တွေကို လုံးဝနေရာတစ်ခုရောက်ရှိခဲ့တဲ့ iPhone 5S ဒီဇိုင်းနဲ့ iPhone 6S အတိုင်း စွမ်းဆောင်ရည်ရှိတဲ့ ဒီ iPhone SE ဟာ အရင်တုန်းက iPhone ပုံစံကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အဓိကရွေးချယ်စရာဖုန်းတစ်ခုဖြစ်ခဲ့ပါတယ်။

အခုလိုမျိုး iPhone SE ဟာ ထွက်ရှိတဲ့အချိန်တုန်းက အောင်မြင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာရတာကလည်း ဈေးနှုန်းကြောင့်ဖြစ်ပြီးတော့ ထွက်ရှိတဲ့အချိန်ထဲက ဒေါ်လာ ၄၀၀ ဝန်းကျင်နဲ့ပဲ ထွက်ရှိလာတာဖြစ်တဲ့အတွက် iPhone Latest Model ကို ဈေးကြီးပေးပြီးလည်း မသုံးချင်၊ iPhone အသေးကို ပြန်ကိုင်ချင်တဲ့သူတွေ အဆင်ပြေဆုံးဖြစ်နေခဲ့တာပါ။ အခုအချိန်မှာတော့ iPhone SE ကို သဘောကျတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုရှိလာပါပြီ။

ဒါကတော့ Apple ကနေ iPhone SE ကို Refurbished Version မဟုတ်တဲ့ Brand New တွေကို ဈေးလျော့ပြီး US Apple Online Store ကနေ တရားဝင်ပြန်လည်ရောင်းချနေတာပါ။ အခု Apple ကနေ iPhone SE 64GB Version ကို ၂၄၉ ဒေါ်လာ၊ 128GB Version ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ ဒါက ယခင်တုန်းက iPhone SE ထွက်ရှိတုန်းကထက် ဒေါ်လာ ၁၀၀ နဲ့ ဒေါ်လာ ၁၅၀ လျော့ပြီးရောင်းပေးနေတာလည်းဖြစ်ပါတယ်။

iPhone SE ဟာ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ A9 Processor ၊ Touch ID ၊ 4″ Display နဲ့ 12MP Camera တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် iPhone SE ဟာ လက်ရှိ iOS 12 ကို Update ပြုလုပ်နိုင်တဲ့ iPhone လည်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး iPhone SE ကို ပြန်လည်ရောင်းချနေတာက Apple ရဲ့ လက်ရှိ iPhone အသစ်တွေ ရောင်းအားကျဆင်းနေတာကြောင့်ရယ်၊ Clearance Sale ဖြစ်နိုင်တဲ့အတွက်ကြောင့် တကယ်လို့ ဝယ်ယူဖို့အဆင်ပြေတယ်ဆိုရင်တော့ လက်ရှိမှာဈေးအတန်ဆုံး iPhone လို့တောင် ပြောလို့ရနေပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Ref : Apple Insider

Comments are closed.