ကမ္ဘာပေါ်မှာ ရန်အလိုဆုံး တိရစ္ဆာန် ၅ မျိုး

ကမ္ဘာပေါ်မှာ ရန်အလိုဆုံး တိရစ္ဆာန် ၅ မျိုး

တိရစ္ဆာန်တစ်ကောင်က အန္တရာယ်ပြုနိုင်ချေ ဘယ်လောက်ရှိတယ် ဆိုတာကို ခွန်အား ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ တိရစ္ဆာန်တွေရဲ့ အရိုင်းစိတ်က ကြောက်ဖို့ အရမ်းကောင်းပါတယ်။ တိရစ္ဆာန်တိုင်းက ချက်ချင်ကြီး ရန်လိုတာ မဟုတ်ပေမဲ့လို့ အလစ်အငိုက်မှာ တစ်ဟုန်ထိုး အရိုင်းစိတ်ဝင်တဲ့ တိရစ္ဆာန်တွေကိုတော့ ဝေးဝေးကရှောင်သင့်ပါတယ်။ ဒါကြောင့်ကမ္ဘာပေါ်ကရန်အလိုဆုံးတိရစ္ဆာန် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

တောဝက်သိုး

ဝက်သိုးတွေရဲ့ သဘာဝကိုက ကြမ်းတမ်းရိုင်းစိုင်းတာဖြစ်တဲ့အတွက် ကြိုတင်မှန်းဆလို့မရနိုင်တဲ့ တိရစ္ဆာန်တွေဖြစ်ပါတယ်။ အရွယ်ရောက်ကြီးပြင်းလာတဲ့ ဝက်သိုးတစ်ကောင်ရဲ့အလေးချိန်က ၅၀ ကီလိုနဲ့ ၉၀ ကီလိုကြားရှိပါတယ်။ သူတို့ကို သတိထားမိနိုင်တဲ့ အစိတ်အပိုင်းကတော့ ကွေးနေတဲ့ အစွယ်ရှည်ကြောင့်ဖြစ်ပါတယ်။ ချွန်မြနေတဲ့အစွယ်က တောဝက်သိုးတွေရဲ့ အဓိကလက်နက် ဖြစ်ပါတယ်။ ခြောက်လှန့်ခံရတဲ့အခါ သူတို့ရဲ့ အစွယ်တွေကို ထုတ်သုံးကြပါတယ်။ တောဝက်တွေရဲ့ ကိုယ်အလေးချိန်နဲ့ အစွယ်ရဲ့ချွန်မြမှုက ဒဏ်ရာပြင်းပြင်းထန်ထန် သေချာပေါက် ပေးနိုင်တာ ဖြစ်ပါတယ်။

အမည်းရောင်မမ်ဗာမြွေ

အမည်းရောင် ဒါမှမဟုတ် အစိမ်းရောင်ရှိပြီး အဆိပ်ပြင်းတဲ့ အာဖရိကမြွေမျိုးဖြစ်တဲ့ မမ်ဗာမြွေက အကြောင်း အမျိုးမျိုးကြောင့် ကျော်ကြားပါတယ်။ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးမြွေတွေထဲမှာ ဒုတိယနာမည်ကြီးဖြစ်ပါတယ်။ တစ်နာရီကို ၁၂ မိုင်နှုန်း ရောက်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံး ကုန်းနေမြွေ ဖြစ်ပါတယ်။ သူ့ရဲ့မြွေဆိပ်က အချိန်ခဏလေးအတွင်းမှာ လူတစ်ယောက်ကို သေစေနိုင်ပါတယ်။ ခြောက်လှန့်ခံရတဲ့အခါ မမ်ဗာမြွေတွေက ရန်လိုဒေါသကြီးတတ်ပါတယ်။သူတို့ကို သွားမစပဲနဲ့တော့ ရန်မပြုပါဘူး။ ဒါပေမဲ့ လူကပဲဖြစ်ဖြစ် အခြားတိရစ္ဆာန်တစ်ကောင်က ပဲဖြစ်ဖြစ် သူတို့ကိုရန်ပြုလာတဲ့အခါ ဒေါသထွက်ပြီး ကိုက်တတ်ပါတယ်။ တစ်ကြိမ်တည်းကိုက်ပြီး ပြီးသွားတာမဟုတ်ဘဲ ထပ်ကာထပ်ကာကိုက်ပါတယ်။ မမ်ဗာမြွေက တစ်ခါကိုက်တိုင်း အဆိပ်ရည်တွေ အများကြီးကို ထိုးသွင်းပါတယ်။ ဒါကြောင့်ဖြေဆေးတောင်မမီဘဲသေသွားရတဲ့ ကိန်း ဆိုက်အောင်လုပ်ပေးမယ့် တိရစ္ဆာန်ပဲဖြစ်ပါတယ်။

ရေငံမိချောင်း

ပေ ၂၀ အရှည်ရှိပြီး တစ်တန်လောက်လေးတဲ့ ရေငံမိချောင်းက ကမ္ဘာပေါ်မှာ အကြီးဆုံး တွားသွားသတ္တဝါ ဖြစ်ပါတယ်။ ဒီလိုမိချောင်းမျိုးက တစ်ခါကိုက်ရင်လည်း စံချိန်တင်နိုင်လောက်တဲ့အထိ ကိုက်ပါတယ်။ ရေငံမိချောင်းက ကမ္ဘာပေါ်မှာ ရန်အလိုဆုံး မိချောင်းမျိုးစိပ်ဖြစ်ပါတယ်။မိတ်လိုက်တဲ့ အချိန်အတောအတွင်းမှာ ပိုပြီး ရန်လိုမှုများကြသလို ဒီလိုအချိန်မှာ ခြင်္သေ့ကိုတောင် ပြန်တိုက်ခိုက်ဖို့ ဝန်မလေးကြပါဘူး။ အင်မတန်ကြီးမားသော ကိုယ်ထည်နဲ့ ရန်လိုတဲ့ မိချောင်းတွဖြစ်လို့ ကမ္ဘာပေါ်မှာ အန္တရာယ် အများဆုံး တိရစ္ဆာန်ဖြစ်ပါတယ်။

ဝံပုလွေဝက်ဝံ

၁၀ကီလိုနဲ့၂၅ ကီလိုကြား အလေးချိန်ရှိတဲ့ ဝံပုလွေဝက်ဝံတွေက အရွယ်အလယ်အလတ်ရှိတဲ့ ခွေးတစ်ကောင်လောက်ရှိပါတယ်။ ဒါပေမဲ့ သူတို့က အကြောက်အလန့်ကင်းသလို ရန်လိုတတ်တဲ့ တရိစ္ဆာန်တွေဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတဲ့အချက်က သူတို့ထက် အကောင်ကြီးတဲ့ ဝက်ဝံ နဲ့ ဝံပုလွေတွေ ရန်ကနေ ကာကွယ်နိုင်တာဖြစ်ပါတယ်။ အရွယ်အစားသေးပေမဲ့ ဝံပုလွေဝက်ဝံလေးတွေက ခန္ဓာကိုယ်တောင့်ပါတယ်။ သူတို့ရဲ့ မေးရိုးတွေက သန်မာပြီး သွားတွေကကြီးမားပါတယ်။ ဝံပုလွေနဲ့ဝက်ဝံမျိုးစပ်ထားတာဖြစ်တဲ့အတွက် သမင်လိုမျိုး သားကောင်အကြီးကိုတောင် အမဲလိုက်နိုင်တဲ့တိရစ္ဆာန်တွေဖြစ်ပါတယ်။

ရေမြင်း

ရေမြင်းတွေက အာဖရိကမှာ အန္တရာယ်အများဆုံး တိရစ္ဆာန်တွေ ဖြစ်ပါတယ်။ သူတို့က ရေပြင်မှာ မင်းမူနေတဲ့အကောင်တွေဖြစ်ပြီး အလွန်အမင်း ရန်လိုတတ်ပါတယ်။ မြစ်ထဲက လှေတွေကိုတောင် တိုက်ခိုက်ပြီး သူတို့ကို နှောင့်ယှက်လာရင် ခြင်္သေ့နဲ့ မိချောင်းကိုတောင်မှ အရှင်မထားပါဘူး။ သူတို့က အရွယ်အစားကြီးမားပြီး သွားတွေကြီးတာကြောင့် ရန်လိုတဲ့အခါ လူကိုတောာင်မှ ဖမ်းစားတတ်ပါတယ်။ ခန္ဓာကိုယ် အရွယ်အစားကြီးမားပေမဲ့ ရေမြင်းတွေက တစ်နာရီမိုင် ၂၀ အထိပြေးနိုင်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.