နှလုံးသားမရှိတဲ့ ဆရာဝန်နဲ့ ကြုံခဲ့ရတာမို့ ဝေဒနာထက် စိတ်မကောင်းမျက်ရည်ပါကျခဲ့ရတယ်ဆိုတဲ့ ခင်ရူပ
အသံအတွက်ဆေးခန်းပြရာမှ မကြင်နာတဲ့ဆရာဝန်ကြောင့် မျက်ရည်ပါကျခဲ့ရကြောင်းပြောလာတဲ့ ခင်ရူပ
မော်ဒယ် ခင်ရူပကတော့ တစ်ခေတ်တစ်ခါက ပုရိသတို့နှလုံးသားကို အပိုင်စားရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ခင်ရူပက အခုဆိုရင် အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့မယ့် သူမခင်ပွန်းရဲ့စီးပွားရေးအလုပ်၊ သူမရဲ့ကိုယ်ပိုင်စီးပွားရေးအလုပ်တွေအပြင် Online Live Sale ရောင်းချခြင်းတို့ကို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ခင်ရူပက အသံအတွက်ဆေးခန်းပြရာမှ မကြင်နာ တဲ့ဆရာဝန်နဲ့ ဆုံတွေ့ခဲ့ရပုံကို အခုလိုပဲပြောလာပါတယ်။
“စိတ်မကောင်းလွန်းလို့ရေးတာပါ။ ဒီနေ့ အသံအတွက်ဆေးခန်းပြတယ် မှန်ပြောင်းကြည့်ရတယ်။ ဘယ်သူက ဒီ နှာခေါင်းကြီးထဲမှန်ပြောင်း ထည့်ပြီးကြည့်တာကို used to ဖြစ်မှာလည်းဟင်? ထည့်ဘူးပါတယ် လွန်ခဲ့တဲ့ ၂နှစ်လောက်က..အခုထပ်ထည့်ကြည့်တော့ အရမ်းနာတယ် နာတော့ တစ်ဘက်ကို ထုံဆေးပေးတယ်… အဆင်ပြေတယ် အနာသက်သာတယ်။
အာ့နဲ့ နောက်တစ်ဖက် အစိမ်းထည့်ပြန်တယ် တအားနာလို့ မခံံနိုင်တော့ ရုန်းမိတယ်ေ အာ်တယ် ငေါက်တယ်.. လူနာလေ .. အေး ဆေးလေး ဆက်ဆံတော့ဘာဖြစ်မှာမို့လို့လည်းရှင် ?? ခယနေဖို့ကိုပြောတာမဟုတ်ဘူးနော် ငြင်သာစေချင်တာ … နွေးထွေးစေချင်တာ..၂ခါ ထပ်အနာမခံနိုင်လို့ ထုံဆေးလေးပေးပြီး ဒီနေ့ဘဲအပြီးကြည့်ပေးလိုက်ပါတော့လို့ လူပိန်းတစ်ယောက်လို request မိတယ် .. “နင်ဖြစ်ချ င်တာဘဲနင်သိတယ်” ဆိုပြီး ထပ်ငေါက်ပြန်ရော..”
Advertisement
“ဆေးထည့်ပြီး နက်ဖန်ပြန်ကြည့်ရမယ်တဲ့ .. တော်ပါပြီရှင် အသံ အပြီးပြန်မကောင်းရင်နေပါစေတော့။ နွေးထွေးငြင်သာတဲ့ နေရာသာပြေး ပါတော့မယ်ရှင်။ ခုထိ နာနေတုန်း ငိုပါငိုရတယ် ငွေရှင်းစောင့်တဲ့နေရာမှာ မခံစားနိုင်လို့ ဆရာ့ရဲ့ ဝသီ ဘဲ ဖြစ်ပါလိမ့်မယ် ဒါပေမယ့် ဆရာ့ကို အရမ်းကြောက်သွားပါပြီ။ ဒါမယ့် လွန်ခဲ့တဲ့ ၂ နှစ်က ဆရာအခုလိုမဟုတ်ပါဘူး လူကြီးမို့ သည်းခံ ခဲ့ပါတယ်။ နက်ဖန်တော့ ထပ်မလာတော့ပါ ဘယ်တော့မှလည်း မလာတော့ပါဘူးရှင်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။
ခင်ရူပတော့ ကျန်းမာရေးအတွက် ဆေးခန်းပြရာမှ လူနာကိုမကြင်နာပဲ အော်ငေါက်ဆူပူတဲ့ဆရာဝန်နဲ့ ဆုံတွေ့ခဲ့ရပြီး သူမအကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။
Source: Khin Yupa’s
[zawgyi]
Advertisement
အာ့နဲ့ နောက်တစ်ဖက် အစိမ်းထည့်ပြန်တယ် တအားနာလို့ မခံနိုင်တော့ ရုန်းမိတယ်ေ အ်ာတယ် ငေါက်တယ်.. လူ နာလေ .. အေး ဆေးလေး ဆက်ဆံတော့ဘာဖြစ်မှာမို့လို့လည်းရှင် ?? ခယနေဖို့ကိုပြောတာမဟုတ်ဘူးနော် ငြင် သာစေချင်တာ … နွေးထွေးစေချင်တာ..၂ခါ ထပ်အနာမခံနိုင်လို့ ထုံဆေးလေးပေးပြီး ဒီနေ့ဘဲအပြီးကြည့်ပေး လိုက်ပါတော့လို့ လူပိန်းတစ်ယောက်လို request မိတယ် .. “နင်ဖြစ်ချ င်တာဘဲနင်သိတယ်” ဆိုပြီး ထပ်ငေါက်ပြန်ရော..”
Advertisement
Source: Khin Yupa’s
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*